What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 June 2020 16:45

အသည်းကြီးလျှင် ဖရဲသီး စားပါ

အသည်း ရောဂါ နှစ်မျိုး ရှိပါ သည်။ ရုတ်တရကဖြစ်သော အသည်း ရောဂါနှင့် နာတာရှည် အ သည်းရောဂါတို့ ဖြစ်သည်။

 

ရုတ် တရက် ဖြစ်သော အသည်း ရောင် အသားဝါ ရောဂါ မှာ ပိုးဝင်၍သော် လည်းကောင်း၊ အပူ အစပ်အရက်သေစာ အသောက်အစားများ၍သော် လည်းကောင်း၊ ဆေးထိုး ဆေးစားမှား၍သော် လည်းကောင်း၊ ရုတ်တရက်ဖြစ်သောဝေဒနာ ဖြစ် သည်။ ဆေးကုရလွယ်ပြီး အပျောက်မြန် သည်။ ဆင်ခြင်ပြီးနေထိုင်လျှင် ဓာတ်စာဖြင့်ပင် ပျောက်ကင်းသက်သာ နိုင်သည်။

 

နာတာရှည် အသည်း ရောဂါ များ မှာ အသည်း ကြီးခြင်း၊ အသည်း အဆီဖုံး ရောဂါ၊ အသည်း ခြောက် ရောဂါ၊ အသည်း တွင် ပိုးတွယ် ကပ် နေသော ရောဂါ၊ မှိုတက် သော ရောဂါ များ ဖြစ်သည်။ အနောက် တိုင်း ဆေးပညာ အရ ဝမ်းကိုက် ပိုး၊ ဘီပိုး၊ စီပိုး များ သည် ယခုခေတ် တွင် အလွယ် တကူ ကူးစက် နေ သည်။ မသန့် ရှင်း သော အစား အသောက် များ၊ အသုံး အဆောင် များ၊ ပစ္စည်း ကိရိယာ များ၊ ဈေး၊ ဆေးရုံ၊ ဘက်စ် ကားများ၊ ဆံပင်ညှပ် ဆိုင် များစ သည် တို့တွင် ကူးစက်မှု အများ ဆုံး ဖြစ်သည် ဟု ဆိုသည်။ မြို့ကြီး ပြ ကြီးများ၊ လူနေ ထူထပ် သော နေ ရာတွင် နေထိုင် သူများ အဖို့ နေ့စဉ် အသည်း ရောဂါ ရဖို့ ရှောင်လွှဲ မရ နိုင်အောင် ကြုံတွေ့ ရလေ့ ရှိသည်။

 

နှစ်ပြန် ကြော် နှင့် အကြော် ဆီ များ မှာ လည်း အသည်း အဆီဖုံး ရောဂါ ကို ဖြစ်စေသော အဓိက အချက် များ ဖြစ်နေ သည်။ မန္တလေး ကဲ့သို့ ပူပြင်း သော အရပ် ဒေသများ တွင် အရက် သေစာ သောက်သုံး သူများ တွင်လည်း အသည်း ကြီး ရောဂါ အဖြစ်များ သည်။ အရက် ဘီယာ ဆိုင်များ၊ အ ရက်ချက် စက်ရုံ များ၊ ထုတ်လုပ် ရောင်းချ သူများ ကို ကန့်သတ်မှု မရှိ လျှင် ပို၍ ပင်ဆိုး လာ နိုင်သည်။ အရက် ကြောင့် ဖြစ်သော အသည်း ရောဂါ မှာ နောက်ဆက် တွဲဖော ရောင် သော ရေဖျဉ်း စွဲ ရောဂါ နှင့် နိဂုံး ချုပ် အသက်ဆုံး ရလေ့ ရှိသည်။ ကြော်ငြာ ရောင်းချ သော အသည်း အားဆေး များ သည် အရက် သမား များ ၏ အသက် ကို မကယ် နိုင်ပေ။

 

အသည်း ကင်ဆာ နှင့် သေဆုံး ရ သူများ မှာ ဆေး အားကိုး သူများ ဖြစ်ကြောင်း တွေ့ရှိ ရသည်။ ရာသီ စာ အမျိုးမျိုး တွင် ပူသော ရာသီဥတု နှင့် လည်း အဆင် ပြေ အသည်း ရောဂါ သမား များ အတွက် လည်း အကျိုး ပြု စေနိုင် သော ဓာတ် စာ တစ်မျိုး ကို တင်ပြရ လျှင် ဖရဲ သီး ကိုပင် တင်ပြ ရ မည် ဖြစ်သည်။ ဖရဲသီး သည် အအေးစာ ဖြစ်သည်။ နုံးတင်မြေ နှင့် ကိုင်းမြေ များ ၊ မြစ် ကမ်း၊ ချောင်း ကမ်းစပ် သဲသောင်ခုံ များ တွင် စိုက်ပျိုး လျှင် ဖြစ်ထွန်း အောင်မြင် သော အသီးမျိုး ဖြစ် သည်။

 

ဖရဲစိုက် သူများ သည် ပြည် တွင်း သာမက နယ်စပ် မှ ပြည်ပ သို့ တင်ပို့ ရောင်းချ နိုင် ကြသည် ဖရဲသီး သည် အာပေါ ဓာတ်စာ ဖြစ်သ ဖြင့် အစာအိမ် ကို အေးမြစေ ပြီး အစာ အိမ်ပူ လောင်ခြင်း ကို သက် သာစေ နိုင်သည်။ ဝမ်းမီး ကို ငြိမ်းစေ နိုင် သဖြင့် သတိပြု ရန်မှာ ထမင်း မစားမီ ကြိုတင် ၍ ဖရဲသီး ကို မစား သင့်ပေ။ ဝမ်းမီး ငြိမ်း သွား သဖြင့် ထမင်း စား သော အခါ အစာ မကြေ ဖြစ်တတ် သည်။ ဖရဲသီး၊ သခွား သီး၊ သင်္ဘော သီး မှည့်များ ကိုစား သုံး လျှင် ထမင်းစား ပြီးမှ သာစား သုံးသင့် သည်။

 

ဖရဲသီး သည် ဓာတ်စာ အဖြစ် စားလျှင် နေ့လည် မွန်းတည့် ချိန် စက် နာရီ ၁၂ နာရီ မှ ၁ နာရီ အချိန် အတွင်းစားရမည်ဟု ရှေးဓာတ်စာဆရာကြီးများက ဆိုသည်။ ထိုအချိန်တွင် အစာမစားဘဲ ဖရဲသီးချည်း သီးသန့် တဝ စားပေးခြင်းဖြင့် ဝမ်းတွင်း အပူ အောင်း သော ရောဂါ မှန် သမျှ ကိုပျောက်ကင်း စေနိုင် သည့် အပြင် ကျောက်တည် သော ရော ဂါကို လည်း သက်သာ စေ နိုင် သည်။

 

အထူး သဖြင့် ကွမ်းစား သူ များ၊ သည်း ခြေအိတ် ကျောက်တည် သူ များ၊ ကျောက်ကပ် ကျောက် ရှိသူများ၊ အသည်း ကြီး ရောဂါရှိ သူများ၊ နေ ပူမီးပူ နှင့် အလုပ် လုပ် ရသူများ ဤ ဓာတ်စာ ကို တစ်ပတ် လျှင် ၃ ကြိမ် ခန့် စားသုံး ပေး လျှင် သက်သာ စေနိုင်သည်။ နေမွန်းတည့်ချိန် ဖရဲသီးစားခြင် ကို မှန်မှန်ရက် သတ္တပတ်ခန့် ပြုလုပ် သဖြင့် ကျောက်ကပ်မှ ကျောက်တည်ရောဂါရှိသူ တစ်ဦးကျောက်များ ပြုတ်ကျပြီး ဆီးသွားရာတွင် ပါလာသည်ကို လွန်ခဲ့သော ဆယ်စုနှစ်ခန့်က တွေ့ဖူးပါသည်။

အသည်း ကြီးသော ရောဂါ မှာ တိုင်းရင်း မြန်မာ ဆေး ပညာ အယူ အဆ အရ အသည်း တွင် အပူငုပ် သော ရောဂါ ဖြစ်သဖြင့် ဖရဲသီး ကို မှန်မှန် စားသုံး ပေးခြင်း ဖြင့် သက်သာ နိုင်ကြောင်း တင်ပြ လိုက်ရ ပေသည်။

 

Opposite Eye

Read times
Rate this item
(1 Vote)