What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 August 2017 10:38

ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်တဲ့ အစားအစာများ

ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်တဲ့ အစားအစာများ google.com

ဝက်ခြံပေါက်ချိန်တိုင်းမှာ မျက်နှာအလှပျက်ရုံသာမက နေထိုင်ရလည်း ခက်လှပါတယ်။ မြန်မြန်ပျောက်ချင်ရင်တော့ အစားအသောက် အနေအထိုင် ဆင်ခြင်ရပါတယ်။

ဝက်ခြံထွက်နေချိန်မှာ မစားသင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

၁. သစ်သီးဖျော်ရည်

သစ်သီးတွေ စားတာက အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ ဖျော်သောက်တဲ့အခါမှာတော့ သကြားတွေ ကဲထားလို့ သွေးတွင်းအချိုဓာတ်ကို မြင့်တက်သွားစေတာကြောင့် ဝက်ခြံက ပိုမိုရောင်ရမ်းလာရပါတယ်။

၂. နို့ထွက်ပစ္စည်း

နို့ကနေထုတ်လုပ်ထားတဲ့ စားစရာ သောက်စရာတွေက ဝက်ခြံတွေကို ပိုဆိုးလာစေပါတယ်။ နို့ထွက်ပစ္စည်းမှာပါဝင်တဲ့ ဘယ်အရာကြောင့်များ ပိုဆိုးလာရသလဲဆိုတာတော့ တိတိကျကျ မရှာနိုင်သေးပါဘူး။

ဒါပေမဲ့ ပရိုတိန်းဓာတ်ဖြည့်ထားတဲ့ အဆီမပါနွားနို့တွေဆိုရင် ဝက်ခြံကို သိသိသာသာ ဆိုးလာတာ ဖြစ်ပါတယ်။

၃. နို့ချောကလက်

ချောကလက်ကိုမှ နို့အရသာ ကဲထားတာတွေကို ဝက်ခြံပေါက်နေချိန်မှာ မစားသင့်ပါဘူး။ များသောအားဖြင့်တော့ နို့ချောကလက်တွေဟာ ပုံစံပြောင်းထားတဲ့ အဆီတွေနဲ့ ပြုလုပ်ထားတာမို့လို့ပါ။ ချောကလက်စားချင်ရင် ချောကလက်နက်ကို စားလို့ရပါတယ်။

READ - ၀က်ခြံတွေကို ပိုဆိုးသွားစေနိုင်တဲ့ အပြုအမှုနဲ့နေထိုင်မှုပုံစံ (၆) မျိုး

Source: She Finds

Read times
Rate this item
(1 Vote)