အောက်ပါလက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်သင့်ပါတယ်။
- နေ့စဉ် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အသက်ရှူမဝခြင်း
- လေ့ကျင့်ခန်းပြုလုပ်ရာတွင် အသက်ရှူသံ တရွီးရွီးမြည်ခြင်း
- အသက်ရှူရာတွင် ရင်ဘတ်အောင့်ခြင်း
- လှုပ်ရှားမှု တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် မူးဝေခြင်း
- လေ့ကျင့်ခန်း ပြုလုပ်ချိန်တွင် ချောင်းဆိုးခြင်း
- အသက်ရှူလမ်းကြောင်း နာကျင်မှု ခံစားရခြင်း
- နာတာရှည် ချောင်းဆိုးခြင်း
ဆေးလိပ်သောက်သော သူဖြစ်ပါက အဆုတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး တစ်နှစ်မှာ ဘယ်နှကြိမ် စစ်ဆေးသင့်တယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဆေးလိပ်ဖြတ်လိုက်တာနဲ့အမျှ အဆုတ်ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ တာကို ကျန်းမာရေးစစ်ဆေးမှုတွေမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။