What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 November 2022 15:46

ဆီးချိုရောဂါရှင်များအတွက် အကောင်းဆုံးအသီးအနှံများ

သစ်သီးများတွင် ပါဝင်သော သကြားဓာတ်မှာ ဆီးချိုရောဂါရှင်များနှင့် ကိုယ်အလေးချိန် ပိုများနေသူများအတွက် မကောင်းသော ထိခိုက်မှုရှိသော်လည်းဆီးချိုရောဂါရှင်များအတွက် ခန္ဓာကိုယ်ကို အကျိုးရှိစေရုံသာမက အင်ဆူလင်ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မည့် အချို့သောသစ်သီးများကိုမူ စားသုံးရန် ဆရာဝန်များက လမ်းညွှန်ထားသည်။

 

အနီရောင် ဂရိတ်ဖရုသီးများမှာ ဆီးချိုရောဂါသည်များအတွက် ကျန်းမာရေးနှင့်အညီဆုံး သစ်သီးဖြစ်ပြီး တစ်နေ့လျှင် ဂရိတ်ဖရုသီး တစ်ခြမ်းစားပေးရန် ဆရာဝန်များက အကြံပြုထားသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် အမျှင်ဓာတ်နှင့် ဗီတာမင် ဓာတ်များစွာပါဝင်သော ဘယ်ရီသီးများကိုလည်း ဆီးချိုရောဂါသည် များစားပေးသင့်သည်ဟု ဆရာဝန်များက လမ်းညွှန်ထားသည်။

 

ဖရဲသီး၊ သခွားမွှေးသီး(သို့မဟုတ်)သခွားမသီးတို့တွင် ဗီတာမင် ဘီနှင့် စီတို့ ကြွယ်ဝစွာ ပါဝင်သည့်အပြင် ပိုတက်ဆီယမ်နှင့် အခြား ကျန်းမာရေးနှင့်ညီသော ဓာတ်များပါဝင်သောကြောင့် ခန္ဓာကိုယ် အတွက် အကျိုးရှိစေမည်ဖြစ်သည်။ ဆီးချိုရောဂါရှင်များ တစ်နေ့လျှင် ချယ်ရီသီး ၁၂ လုံးခန့် စားပေးသင့်ကြောင်း ဆရာဝန်များက အကြံပေးထားသည်။

 

မက်မွန်သီးများတွင် ဗီတာမင်အေနှင့် စီအပြင် ပိုတက်ဆီယမ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချိုရောဂါရှင် များအတွက် သင့်လျော်သည်။ တရုတ်ဆီးသီးများတွင်လည်း အမျှင်ဓာတ်နှင့် ဗီတာမင်အေ ကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချိုရောဂါရှင်များ အတွက် အထူးကောင်းမွန်သောသစ်သီးဖြစ်သည်။

 

ပန်းသီးများတွင် အမျှင်ဓာတ်နှင့် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး အခွံတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်သဖြင့် ပန်းသီး ကို အခွံမနွှာဘဲ စားသင့်သည်။ ကီဝီ(kiwi)သီးများတွင် ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်သဖြင့် ကျန်းမာရေး အခြေအနေကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။

 

ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် နည်းပါးသော သစ်တော်သီးများကိုလည်း ဆီးချိုရောဂါရှင်များ စားပေးသင့်သည်။ လိမ္မော်သီးများတွင် ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး ပိုတက်ဆီယမ်နှင့် ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချိုရောဂါ ရှင်များ ဘေးကင်းစွာ စားသုံးနိုင်သောအသီးဖြစ်သည်။

Read times
Rate this item
(1 Vote)