What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 December 2022 14:53

ဟင်းသီးဟင်းရွက်များများပါသောအစာ စားခြင်းဖြင့် အမျိုးသားများအူမကြီးကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်

ဟင်းသီးဟင်းရွက်ပါဝင်မှုများသည့် အစားအစာများ စားသုံးပါက အမျိုးသားများ၌ အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား The Daily Mail သတင်းစာက ရေးသားတင်ပြထားပါသည်။

 

တောင်ကိုးရီးယားနိုင်ငံ ကျောင်းဟီးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အရွယ်ရောက်အမျိုးသား ၈၀၀၀၀ ခန့်တို့၏ နှစ်၂၀ကာလ ကျန်းမာရေးမှတ်တမ်းများကို လေ့လာစိစစ်ခဲ့ကြသည်။

လေ့လာချက်ရလဒ်များအရ အစားအစာများ၌ ဟင်းသီးဟင်းရွက်အများဆုံးထည့်စားသူ အမျိုးသားများသည် အနည်းဆုံးစားသူ အမျိုးသားများထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၂၂ရာခိုင်နှုန်း ပိုနည်းပါးသည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

သို့ရာတွင် ဟင်းသီးဟင်းရွက်စားသုံးမှုနှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို အမျိုးသမီးများတွင် မတွေ့ရကြောင်း သုတေသန ပညာရှင်များ၏ အဆိုအရသိရသည်။ အူမကြီးကင်ဆာရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ တတိယမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်သည်။

သုတေသန ပညာရှင်များ၏ အဆိုအရ အမျိုးသား၂၃ဦးလျှင်တစ်ဦးနှုန်းနှင့် အမျိုးသမီး ၂၅ဦးလျှင်တစ်ဦးနှုန်း ဖြစ်ပွားနိုင်ကြောင်းသိရပါသည်။

 

 

 

Ref: The Daily Mail

Read times
Rate this item
(0 votes)