အိမ်မှာနေရင်းနဲ့ လွယ်လွယ်ကူကူနဲ့ အသားအရေစိုပြေကြည်လင်တောက်ပစေဖို့နည်းလမ်းကောင်းလေးများ ကို စဉ်ဆက်မပြတ်ရှာဖွေတင်ဆက်ပေးလျက်ရှိရာ
ဒီတခါမှာတော့ အသားအရေကို သဘာဝအတိုင်းရေဓာတ်ဖြည့်ပေးနိုင်စွမ်းရှိတဲ့ သခွားသီးကပ်ခြင်း အကျိုးကျေးဇူးများကို အသေးစိတ်လေ့လာတင်ပြပေးပါ့မယ်။
သခွားသီးကို ဒီတိုင်းစားတာပဲဖြစ်ဖြစ်၊ သုပ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် အမျိုးမျိုးစားကြပေမဲ့ အလှအပအတွက် အသုံးဝင်တယ်ဆိုတာကို သိတာသိပ်တော့မကြာသေးပုထင်ပါတယ်။ Spa သွားတဲ့အခါမှာ မျက်နှာပေါင်းတင်ပေးရင် မျက်လုံးလေးတွေမှာ သခွားသီးကပ်ပေးတာ မြင်ဖူးကြမှာပါ။ အစကတော့ သူတို့နည်းနဲ့သူတို့လုပ်တယ်ပေါ့…။ ဘယ်လိုအကျိုးရတယ်ဆိုတာလည်း မသိသေးဘူးလေ။
မျက်လုံးမှာ သခွားသီးကပ်ပေးတာက မျက်လုံးအောက်မှာအရည်အိတ်ဖြစ်တာ၊ ရောင်ရမ်းတာ၊ မျက်ကွင်းညိုတာ၊ မျက်လုံးတစ်ဝိုက်မှာ အရေပြားဓာတ်မတည့်မှုဖြစ်တာ၊ အရေးအကြောင်းထင်တာတွေကို သက်သာစေနိုင်ပါတယ်။
သခွားသီးမှာ ဗီတာမင်စီနဲ့ caffeic acid တွေပါဝင်နေသောကြောင့် မျက်လုံးတစ်ဝိုက်မှာ အရည်တွေ စုတာနဲ့ ရောင်ရမ်းမှုဖြစ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
သခွားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားသော ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်တဲ့အတွက် မျက်လုံးနားအသားအရေနီမြန်းရောင်ရဲခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အရေပြားမှာ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားနီမြန်းရောင်ရမ်းတာကို သက်သာစေနိင်ပါတယ်။
အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ တွေနဲ့ ကြုံတွေ့နေရရင် မျက်ကွင်းညိုတာတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မျက်ကွင်းညိုတာကို သက်သာစေဖို့အတွက် သခွားသီးကို အသုံးပြုနိုင်ပါတယ်။ မျက်လုံးပေါ်မှာ သခွားသီးလေးတွေကို ကပ်ပေးထားခြင်းဖြင့် မျက်လုံးတစ်ဝိုက်ကသွေးကြောလေးတွေကို သွေးစီးဆင်းမှု ကောင်းမွန်စေပြီး သခွားသီးမှာ ပါတဲ့ဗီတာမင်စီက မျက်လုံးတစ်ဝိုက်က အသားအရေကို ဖြူဝင်းစေနိုင်ပါတယ်။
သခွားသီးရဲ့အကျိုးကျေးဇူးလေးတွေကို သိပြီပြီဆိုတော့ စိုပြည်လှပတဲ့အသားအရည်လေးရအောင် အသုံးပြုပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရင်ဆုံး မျက်နှာကို သန့်စင်အောင် ဆေးကြောသန့်စင်ပေးပါ၊
(၂) ရေခြောက်အောင်သုတ်ပေးပြီး ပါးပါးလှီးထားတဲ့ သခွားသီးကွင်းလေး တွေကို မျက်လုံးပေါ်ကပ်ထားပါ။
(၃) မကပ်ခင်မှာ သခွားသီးကို အေးနေအောင် လုပ်ထားဖို့မမေ့ပါနဲ့။
(၄) မိနစ် ၂၀-၃၀ လောက်ကပ်ထားပေးပါ။
(၅) ပြီးရင်မျက်လုံးတစ်ဝိုက်ကို ရေအေးအေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။
ရေခြောက်အောင်သုတ်ဖို့လည်း မမေ့နဲု့အုန်းနော်။
တစ်ပတ်ကို နှစ်ကြိမ် ၊ သုံးကြိမ် လောက်လုပ်ပေးမယ်ဆိုရင် အသားအရေကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။