What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 May 2018 14:37

ပဲစောင်းလျားသီး၏ ကောင်းကျိုး (၁၁) ချက်

ပဲစောင်းလျားသီး၏ ကောင်းကျိုး (၁၁) ချက် google.com

မြန်မာလူမျိုးအမျာစုကတော့ ပဲစောင်းလျားသီးကို သိကြမှာပါ။ ဒါပေမဲ့ ပဲစောင်းလျားသီးရဲ့ ကျန်းမာရေး ဂုဏ်သတ္တိတွေကို သိရှိသူအလွန်နည်းပါးလှပါတယ်။

မြန်မာလူမျိုးတွေကို ထမင်းမိန်စေတဲ့ ငပိရည်နဲ့ အတူစားသုံးနိုင်သည့် တို့စရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ပဲစောင်းလျားသီးကို ပူပြီး စွတ်စိုသည့် နိုင်ငံများတွင်သာ အဓိက တွေ့ရပြီး နွယ်ပင်တစ်ပင်လိုမျိုးပေါက်ရောက်ပါတယ်။ အပင်အရွယ်အစားက ပျမ်းမျှအားဖြင့် ၃-၄ မီတာခန့် အမြင့်ရှိပြီး၊ သူရဲ့အမြစ်က အာလူးနဲ့အလားသဏ္ဍာန်တူပါတယ်။ ဒါပေမဲ့ အာလူးထက် ပရိုတင်းဓာတ်ပါဝင်မှုပိုများပါတယ်။ အရသာရှိပြီး အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အသီး၊အရွက်၊ အပွင့်အားလုံးကို စားသုံးနိုင်ပါတယ်။

Image result for ပဲစောင်းလျားသီး

ပဲစောင်းလျားသီးမှာပါတဲ့ အာဟာရတွေကတော့-

(၁) ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်ခြင်း

ပဲစောင်းလျားသီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လစီယမ်၊ သံဓာတ်နှင့် အခြားဗီတာမင်ဓာတ်များစွာပါ ဝင်ပါတယ်။ ဒါအပြင် အင်ဇိုင်းများလည်းပါဝင်ပါတယ်။

(၂) အရိုးစနစ်ကို ကျန်းမာစေခြင်း

ပဲစောင်းလျားသီးတွင် ကယ်လစီယမ်ဓာတ်ပါဝင်မှုများခြင်းကြောင့် လူတို့၏ အရိုးကျန်းမာရေးအတွက် အထူးကောင်းပါတယ်။ ပဲစောင်းလျားသီးတွင်ပါဝင်သည့်ကယ်လစီယမ်ဓာတ်သည် အရိုးစနစ်တည်ဆောက်ပေးပြီး ရောဂါဝေဒနာများ မရှိစေရန် သန်စွမ်းမှုတွေပေးပါတယ်။

(၃) ပရိုတင်းပါဝင်မှု မြင့်မားခြင်း

ပဲစောင်းလျားသီးတွင် ပရိုတင်းဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် သက်သက်လွတ်စားသူများ အထူးသင့်လျော်ပါတယ်။

(၄) အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း

Antioxidant ပါဝင်မှု ကြွယ်ဝခြင်းကြောင့် အိုမင်းရင့်ရော်ခြင်းကို သက်သာစေပါတယ်။

(၅) ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

ခေါင်းနှစ်ဖက်ကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ များက လူတိုင်းနီးပါးခံစားရသည့် ရောဂါတစ်မျိုးဖြစ်ပြီး ပဲစောင်းလျားသီးစားပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။

(၆) ကိုယ်ဝန်ဆောင်မိခင်များအတွက် သင့်တော်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များအတွက် သံဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့် မွေးလာသည့်ကလေးပေါင်မပြည့်ခြင်း ကို ကာကွယ်ပေးပြီး မိခင်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

(၇) အမြင်အာရုံကို ကောင်းမွန်စေခြင်း

အမြင်အာရုံကို ကောင်းမွန်စေပြီး မျက်လုံးနှင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၈) ကိုယ်အလေးချိန်လျော့ကျစေခြင်း

အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေခြင်းကြောင့် အဆီပိုများအား ဖယ်ရှားပေးနိုင်ပါတယ်။

(၉) ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ဗီတာမင်ဒီနှင့် ကယ်ဆီယမ်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ပန်းနာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

မဂ္ဂနီဆီယမ်ဓာတ်များစွာပါဝင်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့် ပန်းနာရောဂါကို ကာကွယ်ပေးပါတယ်။

(၁၁)ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အခြားရောဂါပိုးများ၊ အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

Source:YCDC

Read: ဖောလစ်အက်စစ် နှင့် ကင်ဆာရောဂါဆက်စပ်ပုံ

ဖောလစ်အက်စစ် နှင့် ကင်ဆာရောဂါဆက်စပ်ပုံ

Read times Last modified on Friday, 04 May 2018 14:47
Rate this item
(0 votes)