What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 May 2018 13:34

နှစ်စဉ်သေဆုံးမှု အများဆုံးရောဂါ (၁၀) မျိုး

နှစ်စဉ်သေဆုံးမှု အများဆုံးရောဂါ (၁၀) မျိုး google.com

နှစ်စဉ်ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံး ရောဂါ (၁၀)မျိုးကို ကိုဖော်ပြထားပါတယ်။

(၁) နှလုံးသွေးကြောကျဉ်းရောဂါ

Related image

နှလုံးသွေးကြောကျဉ်းရောဂါကြောင့် နှစ်စဉ် နှလုံးရောဂါသည်ပေါင်းများစွာ သေဆုံးနေကြောင်း သိရှိရပါတယ်။ တစ်နှစ်ကို နှလုံးဝေဒနာသည် 8.76 မီလျံသေဆုံးနေတာဖြစ်ပြီး အဖြစ်အများဆုံး ရောဂါနံပါတ် (၁) အဖြစ် သတ်မှတ်ထားပါတယ်။ နှလုံးက သွေးကြောနံရံတွေကျဉ်းမြောင်းလာပြီး ရုတ်တရက် နှလုံးရပ်တာဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် အများဆုံးဖြစ်ရတာပါ။

(၂) ဦးနှောက်သွေးကြော ပြတ်တောက်ခြင်း

Related image

ဦးနှောက်သွေးကြော ပြတ်တောက်ခြင်းရောဂါက ရုတ်တရက်လေးဆိုပေမဲ့ လူသားမျိုးနွယ်ကြီး ကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးတစ်ခုပါ။ အပူအအေးမမျှတခြင်းကြောင့် သွေးရုတ်တရက်စောင့်တိုး တတ်ခြင်းကြောင့် ဦးနှောက်က သွေးကြောပြတ်ကာ သေဆုံးရတာပါ။ ဒါက မိနစ်ပိုင်းအတွင်းကုသနိုင်မှ ရတဲ့ ရောဂါဖြစ်ပြီး နှစ်စဉ် လူပေါင်း 6.24 သန်းသေဆုံးနေတဲ့ နံပါတ်(၂) ကြောက်စရာအကောင်းဆုံး ရောဂါဆိုးကြီးပါ။

(၃) အသက်ရူလမ်းကြောင်းမှ ကူးစက်ပိုးဝင်ခြင်း

Image result for Infect the respiratory tract infection

နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ လူတိုင်းဒီရောဂါ ဖြစ်နိုင်ပါတယ်။ အသက်ရူလိုက်တဲ့ လေကနေတဆင့်ကူးစက်တတ်တဲ့ရောဂါတစ်မျိုး ဆိုတော့ ဖြစ်နိုင်ခြေအရမ်းမြင့်ပါတယ်။ Pneumonia, Bronchitis, edema ဆိုတဲ့ရောဂါတွေ ဝင်ရောက်ပြီး ဖျားမယ်၊ နောက်ဆုံးအသက်သေဆုံးနိုင်တဲ့အထိ ဆိုးပါတယ်။ မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ဖြစ်ပွားနှုန်းများပြီး ကလေးတွေမှာ အများဆုံးဖြစ်ပါတယ်။ တစ်နှစ်ကို လူပေါင်း 3.19 သန်းလောက်သေဆုံးနေပြီး တတိယသေဆုံးမှုအများဆုံးလို့ ဆိုရမှာပါ။

(၄) နာတာရှည် အဆုတ်ရောင်ရောဂါ

Related image

 

ဒီရောဂါဟာ အဓိကဆေးလိပ်သောက်သုံးမှုကြောင့် အများဆုံးဖြစ်တာပါ။ နောက်ပိုင်းမှာ သွေးအန်မယ်၊ အသက်ရှုကြပ်မယ်၊ သေဆုံးတဲ့အထိပေါ့။ တစ်နှစ်ကို လူပေါင်း 3.17 သန်းသေဆုံးနေတဲ့ နံပါတ်(၄) စာရင်းဝင်ရောဂါတစ်မျိုးပါ။

(၅) အဆုတ်ကင်ဆာ

Related image

နံပါတ်(၅) အဖြစ်အများဆုံး ရောဂါအနေနဲ့ အဆုတ်ကင်ဆာက လူပေါင်း 1.69 သန်းလောက်ကို သေဆုံးစေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အများဆုံးဖြစ်ပြီး ဆေးလိပ်မသောက်သူတွေမှာလည်း အကြောင်းကြောင်းကြောင့်အ ဖြစ်များပါတယ်။

(၆) ဆီးချိုရောဂါ

Image result for diabetes

ဆီးချိုရောဂါ သည်တွေက အစားအသောက်ကို အထူးဂရုစိုက်ရပါတယ်။ ဆီးချိုဆောင့်တတ် ခြင်း မဖြစ်အောင် အစားအသောက်(အချို) တွေလျော့ချရပါမယ်။ သွေးတွင်းသကြားဓာတ်အလွန်များ ပြီးသေဆုံးသူဦးရေဟာ လူပေါင်း 1.59 သန်းလောက် နှစ်စဉ်သေဆုံးနေပါတယ်။

(၇) အယ်လ်ဇိုင်းမားရောဂါ

Image result for Alzheimer's diseases

အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဥာဏ်ချို့ယွင်းမှုကြောင့် ဖြစ်သော ဇရာအရဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။ ဖျားနာခြင်း အရင်ဝင်ရောက်လာပြီး ဦးနှောက်ကို ကောင်းကောင်းဒုက္ခပေးတော့ တာပါပဲ။ ဒီရောဂါကြောင့် လူပေါင်း 1.54 သန်းလောက်နှစ်စဉ်သေဆုံးနေလို့ နံပါတ် (၇) နေရာချိတ်နေတာပါ။

(၈) ဝမ်းလျောရောဂါ

Related image

ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ စကားလိုပဲ ဝမ်းလျောရောဂါကြောင့် လူတွေ အစုလိုက်အပြုံလိုက် ငတ်သေစေနိုင်ပါတယ်။ ကာလဝမ်းလျောရောဂါဟာ ရောဂါပိုးကြောင့် ဖြစ်တာဖြစ်ပြီး နွေမှာ ပိုအဖြစ်များတယ်။ ကလေးတွေ သေဆုံးမှုပိုများပြီး လူပေါင်း 1.39 သန်းလောက် နှစ်စဉ် သေဆုံးနေကြပါတယ်။

(၉) တီဘီရောဂါ

Image result for TB diseases

တီဘီရောဂါ ကို ယနေ့ခေတ်ကြီးထဲမှာ ကုသလို့ရတဲ့ဆေးလို ပေါ်နေပေမဲ့လည်း ကြောက်မတ်ဖွယ် ဒုက္ခပေးနေတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါကြောင့် သေဆုံးမှုနှုန်းဟာ အခမဲ့ဆေးဝါးတွေ ပေးနေရင်းနဲ့တောင် တစ်နှစ်ကို 1.37 သန်းလောက် သေဆုံးနေကြပါတယ်။

(၁၀) အက်ဆီးဒင့်

Image result for strongly car accidence

ရောဂါမရှိရင်တောင်မှ သေဆုံးမှု မြင့်နေတဲ့ အကြောင်းရင်းတစ်ခုကရှိနေပါသေးတယ်။ ဖွံ့ဖြိုးတိုးတတ်နေတဲ့ ခေတ်ကြီးမှာ စက်ပစ္စည်းတွေပေါ်များလာသလို ဒီပစ္စည်းတွေကြောင့် ပဲလူတွေသေနေရပါတယ်။ ကားတွေပေါ်များလာတယ် ကားတိုက်မှု အက်ဆီးဒင့်တွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ ယာဉ်စည်းကမ်းမလိုက်နာလို့ နှစ်စဉ်လူပေါင်း 1.34 သန်း လောက်သေဆုံးနေတာတွေ့ရပါတယ်။

Source: Nanmalgyi

Read:  သွေးပေါင် အတတ်အကျများသူများ နှလုံးရောဂါပိုဖြစ်ပွားနိုင်

သွေးပေါင် အတတ်အကျများသူများ နှလုံးရောဂါပိုဖြစ်ပွားနိုင်

Read times Last modified on Wednesday, 16 May 2018 14:12
Rate this item
(1 Vote)