ညဘက်အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာ တွေကြောင့် နောက်တစ်နေ့မှာ အောက်ပါဝေဒနာ ( ၄) ချက် ကျိန်းသေ ခံစားရနိုင်ပါတယ်။
တစ်နေ့ကိုအိပ်ချိန် ၈ နာရီလုံလုံလောက်လောက်ရှိသင့်တယ်လို့ ဆရာဝန်များကလည်းလမ်းညွှန်ထားပါတယ်။ အိပ်ချိန် လုံလောက်စွာမရတဲ့ သူတွေမှာဆိုရင်-
(၁) မှတ်သားနိုင်စွမ်းတွေ လျော့ကျလာမယ်၊
အိပ်ရေးမဝတဲ့အခါ ဦးနှောက် ရဲ့စွမ်းဆောင်ရည် ကျဆင်းပြီး မေ့လျော့လွယ်လာပါတယ်။ မနက်ကလုပ်ခဲ့တဲ့ အလုပ်ကိုတောင် ညနေမှာ စမ်းတဝါးဝါး ပြန်စဉ်းစာနေရပြီဆိုရင် မှတ်ဥာဏ်တွေ လျော့လာတယ်ဆိုတာ သေချာနေပါပြီ။
(၂) အားမရှိသလိုခံစားရမယ်။
အိပ်ချိန်သိပ်မရှိပဲ မနက်နိုးလာတဲ့အခါ စိတ်ထဲမှာ လုပ်ချင်၊ကိုင်ချင်စိတ်တွေ ပျောက်ဆုံးနေမယ်။ စိတ်တွေ နွမ်းနယ်နေပြီး လန်းဆန်းမှုမရှိတော့မှာ အသေအချာပါပဲ။ ကိုယ်ခံအားလည်းကျဆင်း နေတဲ့အတွက် ရောဂါပိုးဝင်နိုင်တဲ့ အကောင်းဆုံးအချိန်မို့ ချောင်းဆိုး၊ နှာစေး စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
(၃) တီထွင်နိုင်စွမ်းတွေ လျော့နည်းလာမယ်။
ဘာကိစ္စမဆိုက ဦးနှောက်က အရင်စဉ်းစားပြီးမှ အခြားအင်္ဂါအစိတ်အပိုင်းတွေလှုပ်ရှားတာဆိုတော့၊ ဦးနှောက်မကြည်တဲ့အခါ ဘာလုပ်လုပ် အလုပ်ဖြစ်မှာမဟုပါဘူး။
(၄) စိတ်ဆတ်နေမယ်။
အိပ်ရေးမဝပဲ နိုးလာတဲ့သူတော်တော်များများဟာ တစ်ခုခုကို အလိုမကျ( ဘာကိုအလိုမကျလို့ မကျမှန်းလည်း မသိ) ဖြစ်နေတော့ ကိုယ့်မျက်စိရှေ့မှာ မြင်သမျှဟာ စိတ်ညစ်စရာကြီးပဲပေါ့။
Read: နှစ်စဉ်သေဆုံးမှု အများဆုံးရောဂါ (၁၀) မျိုး