What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 June 2018 14:25

Biogurt (ခေါ်) ဒိန်ချဉ်ဆေး

Biogurt (ခေါ်) ဒိန်ချဉ်ဆေး Google.com

လူအများရဲ့စိတ်ဝင်စားမှုကို ရရှိလာတဲ့Biogurt (ခေါ်) ဒိန်ချဉ်ဆေးဟာ ဈေးကွက်ထဲ တဖြည်းဖြည်းနဲ့ လူကြိုက်များလာတဲ့ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

မိုးရာသီဟာ လူတိုင်းလူတိုင်း ကျန်းမာရေးကို အထူးဂရုပြုသင့်တဲ့ ရာသီလည်းဖြစ်ပါတယ်။ မိုးရာသီမှာ လူတစ်ယောက်လိုအပ်တဲ့ အပူဓာတ် ၊ အအေးဓာတ် တွေထက်များသွားရင် နေမကောင်းခြင်း က အစပြုတော့ဘဲ။ ဒါကြောင့် အခုလို မိုးရာသီမှာ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် ၊ ကိုယ်ခံအားနည်းလို့ပဲဖြစ်ဖြစ်ဖျားနာတာတွေ ၊ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်ပါလိမ့်မယ်။ မိုးရာသီမှာ လူတိုင်းလူတိုင်း ကျန်းမာရွှင်လန်းချမ်းမြေ့နိုင်ဖို့အတွက် ကောင်းမွန်သောနည်းပညာများဖြင့် ပြုလုပ်ထားတဲ့ ဒိန်ချဉ်ဆေးအကြောင်းလေကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ ဒိန်ချဉ်ဆေးလိုပြောလိုက်လို့ တစ်ခွက် ၅၀၀ ဒိန်ချဉ်တော့ မထင်လိုက်ပါနဲ့။

ဒိန်ချဉ်ဆေးသည် သဘာဝအော်ဂဲနစ် ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ဒိန်ချဉ်ဆေးမှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသော အဏုဇီဝပိုးကလေးများတွင် အကောင်းဆုံး Strain ဖြစ်သည့် လက်တိုဘေ့စ်စီးလပ် နှင့် ဘီဖီဒို ဘက်တီးရီးယမ် ၈၇၅ သန်းစီပါဝင်သည်။ ဒိန်ချဉ်ဆေးကို လူ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ Probiotic ဖြင့်ပြုလုပ်ထားတာကြောင့် ကလေး၊ လူကြီး မရွေး ကြိုတင်သောက်သုံးထားနိုင်ပါတယ်။ ဒိန်ချဉ်ဆေးကို အစာအိမ်နှင့် အူလမ်းကြောင်း မကောင်းတဲ့သူများ ၊ သွေးလေးဖက်နာ ၊ အရေပြားလေးဖက်နာ (SLE) ၊ ဆိုရီရေးစစ် စတဲ့ Auto-immune ရောဂါခံစားနေရသူများ ၊ ပန်းနာရင်ကြပ်ရှိသူများ ၊ အမြဲလိုလို အဖြူဆင်းလေ့ရှိသော အမျိုးသမီးများ စသဖြင့် ရောဂါတွေအားလုံးမှာ အသုံးပြုလို့ရမှာလည်း ဖြစ်ပါတယ်။

အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် ထောင်အကူပြုပြီး ဝမ်းပျက် ဝမ်းလျှောရောဂါကို ကာကွယ် ကုသရန်နှင့် IBS ခေါ် အစာအိမ်လမ်းကြောင်းရောဂါ ကုသရန်အတွက် အသုံးပြုနိုင်သည့်အပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောာင်းမွန်းစေပါတယ်။ အရင်ကဆေးအရောင်တစ်မျိုးရှိခဲ့ပြီး နောက်ပိုင်းတွင် ဆေးအရောင်းပြောင်းထုတ်လုပ်ထားပါတယ်။လူကြီးဆိုရင် မနက်တစ်ထောင့် ညတစ်တောင့် တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ကလေးငယ်များ ဝမ်းပျက် ဝမ်းလျောရောဂါများကို ကာကွယ်ရန်အတွက် တစ်နေ့ တစ်တောင့်နှုန်းဖြင့် ကလေးတွေကို တိုက်ပေးနိုင်ပါတယ်။ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုမှ ကုသရန်အတွက် ဆေးပမာဏကို တိုးပြီး သောက်သုံးပေးနိုင်ပါတယ်။
အခုဆိုရင် Biogurt (ခေါ်) ဒိန်ချဉ်ဆေးကို မြို့နယ်အသီးသီးမှာရှိတဲ့ ဆေးဆိုင်တွေမှာဝယ်ယူလိုရနေပါပြီး။

REF:FAME Pharmaceuticals

MyanmarMMRD မှ ရန်ကုန် ၊ မန္တလေး Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:အာရုံကြောအားကောင်းစေတဲ့ ဂေါ်ရခါးသီး

အာရုံကြောအားကောင်းစေတဲ့ ဂေါ်ရခါးသီး

Read times Last modified on Thursday, 05 July 2018 09:00
Rate this item
(1 Vote)