What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 June 2018 14:25

မသုံးတတ်ရင်ကြောက်ဖို့ကောင်းတဲ့ ဆေးလိပ်ဖြတ်ဆေး

ဆေးလိပ်ဖျက်တာက ကောင်းတဲ့ အမှုအကျင့်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ့် ဆေးလိပ်ဖြတ်ဆေးသောက်သုံးတဲ့အချိန်တွေမှာ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် ဆောင်ရန် ရှောင်ရန်လေးများကို သိရှိစေရန်အတွက် တင်ပြပေးအပ်ပါတယ်။


ဆေးလိပ်သောက်တက်တဲ့သူတွေ ဆေးလိပ်ဖြတ်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒီဆေးလိပ်ဖြတ်ဆေးကိုတော့လူတော်တော်များ မသိကြသေးပါဘူး။ ကမ္ဘာ့တစ်ဝှမ်းမှာရှိကြတဲ့ ဆေးလိပ်သောက်တဲ့သူတွေ ဆေးလိပ်ဖြတ်ဖို့အတွက် Daman နိုင်ငံက ထုတ်လုပ်ထားတဲ့ ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ဆေးလိပ်ဖြတ်ဆေးဟာဆိုလို့ရှိရင် စတပ်ဆဲလ် ငုံဆေးပုံသဏ္ဍန်ပုံစံအတိုင်း ထုတ်လုပ်ထားတဲ့ ပူရှိန်ငုံဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ဆေးအရောင်က အစိမ်းနုရောင် ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဆေးကို သာမန်ဆေးလိပ်သောက်တဲ့သူတွေ ၊ ဆေးလိပ် အလွန်းအကျွံသောက်တဲ့သူတွေ ၊ မနက်စောစော ဆေးလိပ်သောက်လေ့ရှိတွေ ဆေးလိပ်ဖြတ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ၎င်းဆေးလိပ်ဖြတ်ဆေးမှာ နီကိုဒင်ဓာတ် ပါဝင်တာကြောင့် အသက် ၁၈ နှစ်မပြည့်သေးသူတွေ မသောက်ဖို့ ဆေးဘူးမှာ အတိအလင်း ဖော်ပြထားလေ့ရှိပါတယ်။

အဲဒါကတော့ အထူးသတိပြုရမဲ့ အချက်လည်းဖြစ်ပါတယ်။ နောက်ကြောက်စရာကောင်းတာတစ်ခုကတော့ နီကိုတင်းဓာတ် ပါနေတာမို့ ဆေးလိပ်မသောက်တဲ့သူတွေ လုံးဝသုံးစွဲလို့မရပါဘူး။ သုံးစွဲရင် နီကိုတင်းဓာတ် ယင်းထတဲ့ဒုက္ခကို ကြုံရလိမ့်မယ်။
သာမန်ငုံဆေးပြား ဖြစ်ပေမဲ့ ဒီဆေးကို သောက်သုံးမယ်ဆိုရင်တောင် ဆရာဝန်များရဲ့ ညွှန့်ကြားချက်ကို ရယူပြီးမှ သောက်သုံးရမှာလည်းဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဆေးကို သောက်သုံးတဲ့အချိန်မှာ (လက်ဖက်ရည် ၊ ကော်ဖီ ၊ အအေး ၊ အရက် ၊ လိမ္မော်သီးနှင့် အခြားသော အချိုရည်) တွေကို သောက်သုံးလို့မရပါဘူး။ ဆေးလိပ်ဖြတ်ဆေးဟာဆိုရင် လူတစ်ယောက်မှာရှိတဲ့ နှလုံးရောဂါ ၊ သိုင်းရွုက်အကျိတ် ၊ ခန္ဓာကိုယ်သွေးလည်ပတ်ခြင်း ၊ အစာအိမ်ရောဂါ ၊ လည်ချောင်းနှင့်ပါးစပ်တွင် ပြဿနာရှိတဲ့သူတွေ ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ၊ တခြားသော သောက်ဆေးတွေကို သောက်သုံးနဲ့ သူတွေကတော့ ဆေးလိပ်ဖြတ်ဆေးကို ဆရာဝန် နဲ့ တိုင်ပင်ပြီး အသုံးပြုရမှာလည်းဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဆေးကို ဆရာဝန်နှင့်တိုင်ပင်ခြင်းမရှိဘဲ သုံးလဆက်တိုက် သုံးစွဲတာကို ရှောင်ကြဉ်ပါ။ပြီးတော့ ဆေးလိပ်ဖြတ်ဆေးကို အလွန်အကျွံ သောက်သုံးလို့မရပါဘူး။ ဆေးလိပ်ဖြတ်ဆေးကို လိုအပ်သည်ထက်ပိုသုံးစွဲမယ်ဆိုရင် ပျို့အန်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ချွေးတအားထွက်ခြင်း ၊ မူးနောက်မူးနောက်ဖြစ်ခြင်း ၊ စိတ်ကရောင်ကယမ်းဖြစ်ခြင်း ၊ နားအူးခြင်း ၊ စိတ်ရှုပ်ထွေးနေခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကိုယ်ခံအားကျဆင်းလာခြင်း စသည့် လက္ခဏာတွေဖြစ်တတ်ပါတယ်။

၎င်းဆေးလိပ်ဖျက်ဆေးနဲ့ မတည့်တဲ့ အရာတွေကတော့ Citriic acid(သံပုရာသီးမှာ ရှိတဲ့ အက်စစ်မျိုး) ၊ ဂလူးကို့စ် ၊ သကြား (ကြံသကြား) ၊ အနံအရသာ စူးရှသောဆီ ၊ ဆိုးဆေးပါသော အရာများ စတာတွေဘဲ ဖြစ်ပါတယ်။

Writting by: A.win

MyanmarMMRD မှ ရန်ကုန် ၊ မန္တလေး Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၂)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၂)

Read times Last modified on Thursday, 05 July 2018 09:05
Rate this item
(1 Vote)