What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 July 2018 13:13

အမျိုးသမီးတို့ တကိုယ်ရေသန့်ရှင်းရေးအတွက် Lactacyd (လက်တက်စစ်)

အမျိုးသမီးတို့ တကိုယ်ရေသန့်ရှင်းရေးအတွက် Lactacyd (လက်တက်စစ်) Google.com

အမျိုးသမီးတိုင်းအတွက် တကိုယ်ရေသန့်ရှင်းရေးဆိုတာ အမြဲလိုအပ်ပါတယ်။ အမျိုးသမီးတွေဟာ တကိုယ်ရေသန့်ရှင်းရေး မလုပ်တော့ဘူးဆိုရင် ကိုယ်အင်္ဂါအတွင်းမှာ မျိုးစုံသော ရောဂါလက္ခဏာတွေ ဖြစ်တက်ပါတယ်။

တကိုယ်ရေသန့်ရှင်းရေးမပြုလုပ်ရင် ကိုယ်အတွင်းမှာ ရှိတဲ့ ရောဂါပိုးမွှားတွေကို ရောဂါဖြစ်ဖို့ရာအတွက် အားပေးရာ ရောက်ပါတယ်။ ဒါပြင် အမျိုးသမီးကိုယ်အင်္ဂါ မွှေးလမ်းကြောင်းကိုပါ ထိခိုက်စေနိုင်တဲ့ အထိ ဖြစ်စေတတ်ပါတယ်။တကိုယ်ရေသန့်ရှင်းမပြုလုပ်တဲ့အခါတွေမှာ အမျိုးသမီးတွေ ရာသီလာနေချိန်ဆိုတာ ရောဂါပိုးဝင်ဖို့ရာအတွက် အခြေအနေကောင်းတခုဖြစ်ပါတယ်။မွေးလမ်းကြောင်းရောင်ခြင်း ၊ မွေးလမ်းကြောင်း ရောဂါပိုးဝင်းခြင်း ၊ အမျိုးကိုယ် ယားယံခြင်း ၊ အနံဆိုးတွေထွက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

တချို့သောအမျိုးသမီးတွေက ကိုယ်အင်္ဂါတွေကို ဆပ်ပြာနဲ့ဆေးကြောလေ့ ရှိပါတယ်။ဒါကတော့ လုံလောက်တဲ့ သန့်စင်းမှုတစ်ခုကိုရနိုင်မယ်လို့ ထင်ရပေမယ့် တကယ်တန်းကျတော့ မကောင်းတဲ့ လက္ခဏာ တစ်ခုဆိုတာကို မသိကြပါဘူး။ ရိုးရိုး ဆပ်ပြာတွေမှာ မွှေးရနံ့တွေပါတာကြောင့် မသုံးတာက အကောင်းဆုံးပါဘဲ။ မွှေးတိုင်း မကောင်းသည့်အပြင် လိုတာထက်မပို မသုံးသင့်ပါဘူး။ တချို့ဆပ်ပြာတွေကျတော့ အမျိုးသမီး ကိုယ်တွင်းအင်္ဂါမှာ ရှိတဲ့ ရောဂါပိုးမွှားတွေကို ပိုးပြီးအားကောင်းစေနိုင်ပါတယ်။

သုတေသန ပညာရှင်များ၏ ပြောဆိုချက်အရ အမျိုးသမီးကိုယ်တွင်း အင်္ဂါဟာ ဂွမ်းအမွှာလေးတွေကဲ့သို့ပင် နူးညံ့ပါတယ်လို့ ပြောဆိုထားတာတွေကိုလည်း တွေ့ရပါတယ်။ ဒီလို့ နူးညံ့တဲ့ အရာတွေကို အမျိုးသမီးတွေ အရေးကြီး ဂရုစိုက်ဖို့ လိုအပ်တဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ အဲဒီအတွက် အမျိုးသမီးတကိုယ်ရေသန့်ရှင်းရေးအတွက် Lactacyd (လက်တက်စစ်) အကြောင်းကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။

Lactacyd (လက်တက်စစ်) ဆေးဆပ်ပြာရည်ကို နွားနို့မှ တစ်ဆင့်ထုတ်လုပ်ထားတာပါတယ်။ Lactacyd (လက်တက်စစ်) ဆပ်ပြာရည်ဟာဆိုရင် ဘက်တီးရီးယား နဲ့ များစွာသော ပိုးမွှားများကြောင့်ဖြစ်သော အရေပြားရောဂါ ကုသမှု အထောက်အကူ အနေဖြင့် အသုံးပြုသည်။အမျိုးသမီး ကိုယ်တွင်းရှိကောင်းသော ပိုးမွှားတွေကို အားကောင်းစေပါတယ်။ အရေပြားယားယံခြင်း ၊ အရေပြား ကင်ဆာ ၊ အနံ့ဆိုးများထွက်ခြင်း ၊ ကူးစက်ရောဂါများ ၊ ချွေးထွက်များခြင်း ၊ မွှေးလမ်းကြောင်း အတွင်းဝင်ရောက်နိုင်သော ရောဂါ ပိုးမွှားတွေကို Lactacyd (လက်တက်စစ်) ကာကွယ်ပေးပါနိုင်တယ်။

Lactacyd (လက်တက်စစ်)ကို ရေမြှုပ် ဆပ်ပြာအရည်၊ နို့ ရည်ပုံစံမျိုးဖြစ်တဲ့ အတွက် စိတ်သက်သောင့်သက်သာဖြင့် အသုံးပြုရတာ လွယ်ကူပါတယ်။ Lactacyd (လက်တက်စစ်) ဆပ်ပြာအရည်ကို – 60 ml ပါသောဘူး နဲ့ 250 ml ပါသောဘူး၊ 10 ml ပါသော အထုပ်ငယ် တို့ဖြင့် ဖြန့်ဖြူးတာကို အင်တာနက်မှာ လေ့လာ သိရှိရပါတယ်။ဆပ်ပြာရည် ဆိုပေမဲ့ ဆေးဆပ်ပြာရည် ဖြစ်နေတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးစွဲသင့်ကြောင်း အကြံပေးပါရစေ။ ဆိုလိုတာက Lactacyd အသုံးပြုတဲ့အခါ ပြဿနာတစ်ခုခုပေါ်ပေါက်လာပါက ဆရာဝန်နှင့်တိုင်ပင်ရမှာ ဖြစ်ပါတယ်။

Witting by:A.win

Read:တကယ်အရေးပေါ်မှ သောက်သင့်တဲ့ Ecee 2 (အီးဇီးတူး)

တကယ်အရေးပေါ်မှ သောက်သင့်တဲ့ Ecee 2 (အီးဇီးတူး)

Read times Last modified on Tuesday, 10 July 2018 13:37
Rate this item
(1 Vote)