What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 July 2018 15:22

သတိပြုမိရန် ခက်ခဲသည့် နှလုံးရောဂါလက္ခဏာများ

သတိပြုမိရန် ခက်ခဲသည့် နှလုံးရောဂါလက္ခဏာများ Google.com

တကယ်လို့သာ သင့်မှာ နှလုံးရောဂါရှိတာကို ကြိုသိနိုင်ခဲ့ရင် အချိန်မှီ ဆေးကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။ အခု ဆက်ဖော်ပြမှာကတော့ သင့်နှလုံးရောဂါ ဖောက်နေသလား ဒါမှမဟုတ် ဖြစ်လာနိုင်ခြေရှိသလားဆိုတာကို ညွန်ပြနိုင်မယ့် အချက်တွေပါပဲ။

ရုပ်ရှင်တွေထဲမှာ ပြလေ့ရှိတဲ့ နှလုံးရောဂါဖောက်ပုံဟာ အရမ်းပြင်းထန်တဲ့ပုံပြီး လူနာဟာ သူ့ရင်ဘတ်ကိုဖိပြီး နာနာကျင်ကျင် ခံစားနေရပုံပေါ်ပါတယ်။ ဒါပေမယ့် တကယ့် နှလုံးရောဂါ ဖောက်ပုံကတော့ ဆန်းကြယ်ပါတယ်။
တကယ်လို့သာ သင့်အနေနဲ့ နှလုံးရောဂါရှိတာကို ကြိုသိနိုင်ခဲ့ရင် အချိန်မှီ ဆေးကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။

နောက်ကျောကနေ စခြင်း

Image result for back pain

ပထမဆုံး နှလုံးရောဂါလက္ခဏာဟာ ရင်ဘတ်ကနေစချင်မှ စမှာပါ။ နောက်ကျောကနေလည်း စလာနိုင်ပါတယ်။ အမျိုးသမီးတချို့ဟာ ဒီလက္ခဏာကို ကြုံတွေ့ရတတ်ပါတယ်။ တချို့ အမျိုးသမီးတွေမှာဆို နှလုံးရောဂါ ဖောက်ချိန်မှာ နောက်ကျောဖက်ကနေ ဆွဲညစ်ထားသလို ပတ်ပတ်လည်ကနေ ကြိုးနဲ့ဆွဲစည်းထားသလို ခံစားရတတ်ပါတယ်။

မေးရိုးနာခြင်း

Image result for jaw pain

မေးရိုးနာခြင်းဟာ နှလုံးရောဂါလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မေးရိုးနာတာတစ်ခုထဲကတော့ မေးရိုးဆစ်နေရာက ပုံမှန်မဟုတ်လို့ ဖြစ်တာများပါတယ်။ ဒီလို ပုံမှန်မဖြစ်ရတာဟာ သွားတွေမညီလို့ ဒါမှမဟုတ် တခြားပြဿနာကြောင့် ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် မေးရိုးကို လှုပ်ရှားမှုလုပ်ရင် ပိုနာပါတယ်။ နှလုံးရောဂါဟာ မေးရိုးနာတဲ့လက္ခဏာနဲ့ လာတတ်ပြီး ဒါဟာ သင်မေးရိုးကို ငြိမ်ငြိမ်ထားရင်တောင် နာနေမှာပါ။ သတိထားရမှာက မေးရိုးနာတာက ဦးခေါင်းခွံ အခေါင်းပေါက်လေးတွေထဲ ရောဂါပိုးဝင်လို့ ဖြစ်နိုင်သလို့ အာရုံကြော နာကျင်မှုလဲ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်။

မောပန်းလွယ်ခြင်း

Related image

တကယ့်တကယ် သင်လှေကားပေါ်က ပြေးဆင်းလာရင်တောင် အမောဖြေဖို့က အချိန်ခဏပဲ လိုတာပါ။ တကယ်လို့ သင်ကပုံမှန်လမ်းလျှောက်လာပေမယ့် အသက်ရှူရခက်နေပြီဆိုရင် ဒါဟာ အရေးကြီးကိစ္စပါပဲ။ အသက်ရှူခြင်းနဲ့ နှလုံးအလုပ်လုပ်ခြင်းဟာ ဆက်နွယ်နေပါတယ်။ ဒါကြောင့် သင့်နှလုံးဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်ရင် သင်ဟာ အလွယ်တကူ မောပန်းလာပါလိမ့်မယ်။ အမျိုးသမီးတွေမှာ နှလုံးရောဂါဖောက်လာရင် အသက်ရှူရခက်တာနဲ့ အလွယ်ပင်ပန်းနွမ်းနယ်တာကို တွဲတွေ့ရတတ်ပါတယ်။

အစာမကြေခြင်း

Image result for stomach

တချို့ နှလုံးရောဂါသမားတွေမှာ ပျို့တာနဲ့ အစာမကြေတာကို ခံစားရတတ်ပါတယ်။ နှလုံးရောဂါ ဖောက်ချိန်မှာ ပျို့တာအပြင် အန်တောင် အန်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ ဒါပေမယ့် အစာမကြေတာဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလက္ခဏာတွေ ကြုံရတိုင်း အရမ်းမလန့်သွားပါနဲ့။ တကယ်လို့ သင်ဟာ နှလုံးရောဂါဖြစ်နိုင်ချေများတဲ့သူတစ်ယောက်ဖြစ်ပြီး တခြား ရောဂါလက္ခဏာတွေလည်း ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ မမေ့ပါနဲ့။

ကံဆိုးတော့မယ်လို့ ခံစားရခြင်း

Image result for fatigue

နှလုံးရောဂါဟာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာအပေါ်ပါ အကျိုးသက်ရောက်မှုရှိပါတယ်။ ကံဆိုးတော့မယ်လို့ ခံစားရခြင်းဟာ အရေးကြီးတဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ် က သင့်ကို တစ်ခုခု ပြောဖို့ ကြိုးစားနေတာပါ။ စိုးရိမ်လွန်တတ်တဲ့ရောဂါနဲ့ တခြားစိတ်ရောဂါတွေမှာ ဒီလက္ခဏာမျိုး မကြာခဏ ပြတတ်ပေမယ့် ဒါဟာ အမြဲတမ်းစိတ်နဲ့ပဲဆက်နွယ်နေတာ မဟုတ်ပါဘူး။ ကံဆိုးတော့မယ်လို့ ခံစားရတာဟာ နှလုံးရပ်နိုင်ခြေကနေ ရေခူကိုက်ခံရနိုင်ချေအထိမှာ တွေ့ရနိုင်ပါတယ်။

ရင်ပူခြင်း

Image result for man breast

ရင်ပူတာဟာ တကယ်တော့ နှလုံးနဲ့ သိပ်မဆိုင်လှပါဘူး။ အဓိကတော့ အစာအိမ်ထဲက အက်စစ်တွေ အစာရေမြိုထဲ ဆန်တက်လာတဲ့အတွက် ခံစားရတာပါ။ ဒါပေမယ့် တစ်ခါတလေ နှလုံးရောဂါနဲ့ ဆက်နွယ်နေပါတယ်။ အနည်းဆုံးတော့ တူညီတဲ့လက္ခဏာတွေ ရှိတတ်ပါတယ်။ ရင်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ နှလုံးဖောက်ခြင်း လက္ခဏာတွေဟာ တော်တော်ဆင်ပါတယ်။ တကယ်လို့ ရင်ဘတ်အောင့်လို့ အရေးပေါ် အသက်ကယ်မှု လုပ်ရမယ်ဆိုရင်တောင် ဆရာဝန်တွေအနေနဲ့ နှလုံးရောဂါဖောက်ခြင်း ရှိမရှိကိုပါ ရှာဖွေရမှာပါ။

source:ဒေါက်တော ကောင်းစံလင်း

Read:တကယ်အရေးပေါ်မှ သောက်သင့်တဲ့ Ecee 2 (အီးဇီးတူး)

တကယ်အရေးပေါ်မှ သောက်သင့်တဲ့ Ecee 2 (အီးဇီးတူး)

Read times Last modified on Tuesday, 10 July 2018 15:48
Rate this item
(1 Vote)