What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 July 2018 13:08

သွေးတိုကျဆေး အကြောင်းသိပြီးပြီးလား

သွေးတိုကျဆေး အကြောင်းသိပြီးပြီးလား Google.com

Amlong ဆေးဟာ Amlodipine 5 mg နဲ့ Amlodipine 10 mg ဆိုပြီးလာပါတယ်။

Amlodipine ဆေးကို မြန်မာနိုင်ငံမှာရှိတဲ့ သွေးတိုးရောဂါရှိကျတဲ့ သူတိုင်းနီးပါး သောက်ဖူးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး ၊ ဈေးကွက်ထဲမှာလဲ ရောင်းအားကောင်းတဲ့ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလည်း Amlodidipine ဆေးကို နာမည်အမျိုးမျိုးနဲ့ထုတ်လုပ်ထားတာလည်းတွေ့ရှိရပါတယ်။

Amlodipine ဆေးကို သွေးဖိအားများခြင်း နှင့် နှလုံးရောဂါများ နဲ့ သွေးဖိအားများပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆရာဝန်များအသုံးပြုလေ့ရှိတဲ့ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ Amlodipine ဆေးဟာ Angina ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ ၊ နှလုံးဖောက်ခြင်း နဲ့ လေဖြတ်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

သွေးတိုးရှိတဲ့ လူအများစုဟာ သူတို့ အန္တရာယ်ရှိနေရင်တောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချို့သူတွေမှာသာ ခေါင်းကိုက်ခြင်း၊ မောခြင်းနဲ့ နှာခေါင်းသွေးယိုခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ တိတိကျကျမဟုတ်ပဲ သွေးပေါင်အရမ်းတက်ချိန် (သို့) အသက်အန္တရာယ် မစိုးရိမ်ရမချင်း မပြတတ်ပါဘူး။လူအများစုဟာ ဆရာဝန်နဲ့ သွားပြီး စစ်ဆေးမှုပြုချိန်မှာ ဒီအခြေအနေကို သိရှိကြတာများပါတယ်။

Amlodipine ဆေးအတွင်းမှာပါဝင်တဲ့ Calcium များက ကြွက်သားဆဲလ်များထဲသို့ ဝင်ရောက်သည့်အခါ ယင်းဆဲလ်များသည် ကျုံ့ဝင်သွားစေပါတယ်။ Amlong 5 ကဲ့သို့သော တခြားသော သွေးတိုးကျ ဆေးများသောက်လိုက်သည့်အခါ ကျုံ့ဝင်မှုဖြစ်နေသော ကြွက်သားများအပေါ် အကျိုးသက်ရောက်သဖြင့် သွေးကြောများ ကျယ်ပြန့်လာစေပါတယ်။ ထို့သို့သွေးကြောများ ကျယ်ပြန့်လာခြင်းကြောင့် သွေးစီးကြောင်းသည် အခက်အခဲမရှိ လွယ်ကူစွာ စီးဆင်းလာနိုင်သည့်အတွက် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်လာစေပါတယ်။

Amlodipine ဆေးဟာဆိုရင် နှလုံးကိုပုံမှန် အလုပ်လုပ်နိုင်ဖို့အတွက် ၊ သွေးပေါင်းချိန်ကို လျော့ချပေးဖို့ အတွက် ကူညီပေးမှာဘဲ ဖြစ်ပါတယ်။ Amlodipine ဆေးသည် ဆေးတိုးရှိတဲ့သူတွေအတွက် အကောင်းဆုံးဆေးတစ်မျိုးလည်းဖြစ်သလို ထိုဆေးမှာလဲ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။
Amlodipine ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်ခြင်း ၊ မောပန်းခြင်း ၊ ခေါင်းမူးခြင်း ၊ အားယုတ်ခြင်း ၊ ဆေးသောက်ပြီး နေမကောင်းသလိုဖြစ်နေခြင်း ၊ အစာမကျေခြင်း ၊ ခြေချင်းဝတ်ရောင်ခြင်း ၊ မျက်နှာနီမြန်းခြင်း စတာတွေဖြစ်စေတက်ပါတယ်။ Amlodipine ဆေးဟာ မောပန်းစေတတ်လို့ ကားမောင်းတဲ့သူတွေ ၊ စက်မောင်းတာ သတိထားဖို့ လိုအပ်ပါတယ်။

Amlodipine ဆေးကို Diltiazem သွေးကျဆေး၊ Ketoconazole, itraconazole (ဖန်းဂတ်စ်) မှိုဆေး၊ Ritonavir ခေါ်တဲ့ HIV/AIDS ဆေး၊ Rifampicin တီဘီဆေး၊ Cimetidine, နဲ့ Aluminium/Magnesium လေနာဆေးတွေ၊ Sildenafil (Viagra) ယောက်ျားပန်း အားဆေးတွေနဲ့ တွဲမသောက်သင့်ပါဘူး။

Amlodipine ဆေးကို တခြားသောသောက်ဆေးဆွေသောက်သုံးနေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးသောက်သုံးဖို့ လိုအပ်ပါတယ်။

Ref:Dr.htinswe

Read:သတိပြုမိရန် ခက်ခဲသည့် နှလုံးရောဂါလက္ခဏာများ

သတိပြုမိရန် ခက်ခဲသည့် နှလုံးရောဂါလက္ခဏာများ

 

Read times Last modified on Friday, 13 July 2018 13:58
Rate this item
(2 votes)