What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 July 2018 11:05

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၄)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၄) Google.com

အုံးလွဲတာ သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ

Image result for အုံးလွဲခြင်း

ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေသောက်ပါ။ အုံးလွဲနေစဉ်မှာ မလှုပ်ရှားဘဲ မနေပါနဲ့။ ဒါပေမဲ့ အရမ်းနာကျင်စေတဲ့ လုပ်ဆောင်မှုမျိုးတော့ မပြုလုပ်ပါနဲ့ ။ လှုပ်လှုပ်ရှားရှားနေမှသာ ရောင်ရမ်းမှုဖြစ်စဉ်တွေ လျော့ကျသွားမှာပါ။ ခေါင်းကို အပေါ်အောက်ချတာ ၊ ဘေးတစ်ဖက် တစ်ချက်လှည့်တာ ၊ နားရွက်ကို ပခုံးဘက်သို့ တစ်လှည့်စီစောင်းတာမျိုး ခေါင်းလှည့်လေ့ကျင့်ခန်းတွေပြုလုပ်ပါ။ ဒီလိုလုပ်တာကလည်း ကုပ်ကြွက်သားတွေကို ဆွဲဆန့်သလိုမျိုးပါ။ နာကျင်တဲ့နေရာကို အသာအယာနှိပ်ခိုင်းပါ. မပျော့လွန်းတဲ့ အိပ်ရာနဲ့ အိပ်ပါ။ ခေါင်းအုံးနဲ့ မအိပ်ပါနဲ့။ လိုအပ်ရင် Neck Collar အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာအသုံးမပြုသင့်ပါ။ လည်ကုပ်ကြွက်သားတွေအားပျော့သွားနိုင်တာကြောင့်ပါ။ သက်သာမှုမရှိရင်တော့ ဆရာဝန်နဲ့ ပြသပါ။


အအေးမိတုပ်ကွေးရောဂါအကြောင်း အတိုချုပ်ရှင်းပြပါ

Image result for အအေးမိတုပ်ကွေး

အအေးမိတုပ်ကွေးရောဂါက အသက်ရှူလမ်ကြောင်းကတစ်ဆင့် တုပ်ကွေးဗိုင်းရပ်စ်ပိုးဝင်ရောက်တာကြောင့် ဖြစ်ရတာပါ။ တစ်ဦးနဲ့ တစ်ဦး ချောင်းဆိုးတာ ၊ နှာချေတာ ၊ စကားပြောနေတာက တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ပစ္စည်းကိုင်တွယ်ရာကနေ နှာခေါင်း ၊ ပါးစပ် ထဲဝင်ရောက်ပြီးလည်း ကူးစက်နိုင်ပါတယ်။ ရေ^ာဂါဖြစ်တဲ့အခါ ကိုယ်ပူတာ ခေါင်းကိုက်တာ ၊ ကိုယ်လက်ကိုက်ခဲတာ ၊ လည်ချောင်းနာ ၊ ချောင်းဆိုတာ ၊ နှာရည်ယိုတာ ၊ နှာမွှန်တာ ၊ နှာစေးတာ ၊ ချမ်းတုံတာ ၊ ချွေးထွက်တာ ၊ နုံးခွေးတာ ၊ အားနည်းတာ ၊ အစားမစားတာ စတဲ့ ဝေဒနာတွေ ခံစားရရှိနိုင်ပါတယ်။ ရောဂါသက်သာစေဖို့ ကောင်းစွာအနားယူအိပ်စက်ပါ။ ရေများများသောက်ပါ။အသီးအနှံမျာျးများစားပါ။ အဖျားကျဆေးသောက်တာ ၊ ရေပတ်တိုက်တာတွေ ပြုလုပ်ပေးပါ။

ဦးရေပြားယားယံနေရင် သက်သာအောင်လုပ်တဲ့နည်းတစ်ခု သိပါရစေ

Related image

သံပြားသီးကို နှစ်ခြမ်းခြမ်းပြီင်္း အရည်ညှစ်ကာ ဦးရေပြားအနှံ့လိမ်းပါ။ နာရီဝက်လောက် ညင်သာစွာနှိပ်နယ်ပေးပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပါ။ ဦးရေပြားယားယံမှုကို ပျောက်ကင်းစေတဲ့ အပြင် ဆံသားတောက်ပြောင်လှပစေပါတယ်။ နောက်တစ်ခါလက်ဖက်ဆီမှာလည်း မှိုပိုးသက်အာနိသင်ရှိပါတယ်။ လက်ဖက်ဆီအနည်းငယ်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်လိမ်းပေးပါက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးပြီး ပိုးမွှားတွေပေါက်ပွားမှုမရှိအောင် ကာကွယ်ပေးပါတယ်။ တစ်ပတ်နှစ်ကြိမ်ခေါင်းမလျှော်ခင် ဦးရေပြားမနှံ့လိမ်းပေးပါ။

ရောင်ရမ်းမှုတွေလျော့ကျစေတဲ့ အစားအစာတချို့သိချင်ပါတယ်

Image result for pain

နေ့စဉ်စားသုံးသင့်တဲ့ အစားအစာတွေထဲက ရောင်ရမ်းမှုလျော့ကျစေတဲ့အစားအစာ တွေကတော့ ဗာဒံစေ့ ၊ ထောပတ်သီး ၊ ဘလူးဘယ်ရီး ၊ ဘရိုကိုလီ ၊ မုန်လာဥနီ စသည်တို့ ဖြစ်ပါတယ်။

source:ပြည်မြန်မာ

Read: ကလေးတွေကို ပေးစားမိတဲ့ အန္တရာယ်ရှိသော အစားအစာများ

ကလေးတွေကို ပေးစားမိတဲ့ အန္တရာယ်ရှိသော အစားအစာများ

Read times
Rate this item
(1 Vote)