What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 July 2018 15:09

Alaxan ဆေးအကြောင်းသိကောင်းစရာ

Alaxan ဆေးအကြောင်းသိကောင်းစရာ Google.com

Alaxan ဆေးဆိုရင် မြန်မာနိုင်ငံများ လူအများစုသောက်သုံးလေ့ရှိကြကျတဲ့ အကိုက်ခဲပျောက်ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။

၎င်းဆေးဟာဆိုရင် ပါရာစတီမောနှင့် ဆေးအာနိသင်နှစ်မျိုးဖြင့် ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ဆေးတမျိုးလဲ ဖြစ်ပါတယ်။ Alaxan ဆေးဟာဆိုရင်အကိုက်ခဲပျောက်ဆေးဆိုပေမဲ့လည်း အမျိုးသား ၊ အမျိုးသမီးတွေအတွက်ပါ အသုံးဝင်တဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ အခုလို မိုးရာသီတွေမှာ တစ်နေ့တာ အလုပ်ဒဏ်တွေ ကြောင့် ကိုယ်လက်တွေ ကိုက်ခဲခြင်း ၊ ဖျားချင်သလို ဖြစ်ခြင်းတွေအတွက် အလွယ်တကူ သောက်သုံးလိုရတဲ့ ဆေးတစ်မျိုးလဲ ဖြစ်ပါတယ်။

Alaxan ဆေးဟာဆိုရင် ကြွက်သားများ နာကျင်ကိုက်ခဲတာတွေ ၊ သွားနာ ၊ သွားကိုက်တာ ၊ ခေါင်းကိုက်တာ ၊ အမျိုးသမီးတွေ ဓမ္မတာချိန်နာကျင်ကိုက်ခဲတာ ၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာနဲ့ ကိုယ်ပူဖျားနာတာတွေမှာ အသုံးပြုလို့ရတဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာနဲ့ ပြင်းထန်းတဲ့ ကာယလှုပ်ရှားမှုတွေကြောင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတဲ့ အချိန်တွေမှာလည်း Alaxanကို သောက်သုံးပေးလို့ရပါတယ်။

Alaxan ဆေးကို ပါရာစတီမောနဲ့ အိုက်ဗျူးဗရိုးပင် စတဲ့ အကိုက်အခဲပျောက်ဆေးနှစ်မျိုးဖြစ်ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပါရာစတီမောကို ဖျားနာခြင်းအတွက် အသုံးပြုပြီး အိုက်ဗျူးပရိုပင်ကို ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတဲ့ နေရာတွေအတွက် အသုံးပြုပါတယ်။ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ အဖျားကြီးတာတွေကို သက်သာစေတဲ့ အပြင် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

s669071679269131133_p800_i3_w720.jpeg

Alaxanဆေးဟာ ကိုက်ခဲတဲ့ ဝေဒနာတွေ(အကိုက်ခဲပျောက်ဆေး)အဖြစ် ထုတ်လုပ်ထားတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ၎င်းဆေးကို ပျားတုပ်ခံရခြင်း ၊ စိတ်ချောက်ချားမှုဖြစ်ခြင်း ၊ မျက်နှာများဖောရောင်ခြင်း ၊ အသားများ နီမြန်းနေခြင်း ၊ ပန်းနာ ရှိသူများ ၊ အင်ပျဉ်ထွက်ရှိနေချိန် ၊ မီးလောင်ဒဏ်ရာ ရထားတဲ့သူ စတဲ့ ရောဂါလက္ခဏာတွေရှိနေချိန်မှာတော့ Alaxan ဆေး သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။

ဒါပြင် ကျောက်ကပ်ရောဂါရှိနေတဲ့ သူတွေ ၊ အရွယ်ရောက်ချိန် ခန္ဓာကိုယ်ပြောင်းလဲနေတဲ့ အချိန်တွေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုပြုလုပ်ခြင်း ၊ ရိုက်နှက်ဒဏ်ရာရှိသူတွ ၊ နှလုံးရောဂါသမားတွေ ၊ သွေးတိုးရောဂါရှိတဲ့သူတွေ ၊ ရင်ကြပ်အခံရှိတဲ့သူတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ စတဲ့သူတွေကတော့ Alaxan ဆေးကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ Alaxanဆေးဟာ အစာအိမ်ကို ထိခိုက်စေတတ်တာကြောင့် အစာစားပြီးမှ သောက်သုံးဖို့လည်း လိုအပ်ပါတယ်။

Alaxan ဆေးကို လိုတာထက် ပိုသောက်မိရင် မအီမသာဖြစ်ခြင်း ၊ ပျို့အန်းခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဝမ်းပျက်ခြင်း ၊ လေထခြင်း ၊ အစာမကျေခြင်း ၊ စိတ်လှုပ်ရှားခြင်း ၊ အနီပြင်ထွက်ခြင်း ၊ ယားယံခြင်း စတာတွေဖြစ်တက်ပါတယ်။ သိပ်ဆိုးရင် (ရှော့ခ်) လိုဖြစ်မယ်။ အသည်းကို ထိခိုက်ရင် အသားဝါတာတွေ ဖြစ်စေနိုင်ပါတယ်။
Alaxan ဆေးကို သောက်သုံးတဲ့အချိန်တွေမှာ Mefenamic Acid , Naproxen , Diclofenac , Indomethacin , Ketoprofen စတဲ့ဆေးကို သောက်မိရင် အစာအိမ် နှင့် အူလမ်းကြောင်းကို အန္တာရယ် ဖြစ်နိုင်စေတာကြောင့် အဲဒီဆေးတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

Alaxan ဆေးကို တနေ့ ၂ကြိမ်အထိသောက်သုံးနိုင်ပြီး ၆ နာရီခြားတစ်ကြိမ်သောက်သုံးရမှာ ဖြစ်ပါတယ်။ အထူးသတိထားရှောင်ကြဉ်ရမှာကတော့ Alaxan ဆေးကို တစ်ကြိမ်ထဲမှာ ဆေးနှစ်လုံးသောက်ခြင်း ဖြစ်ပါတယ်။ လုံးဝ မသောက်ရပါဘူး။ Alaxan ဆေးဟာ အကိုက်ခဲပျောက်ဆေးဖြစ်တာကြောင့် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

written by:A.win (healthproductsdirectory)

Read:အသက်ငယ်ငယ်သွေးပေါင်တက်ခြင်း

အသက်ငယ်ငယ်သွေးပေါင်တက်ခြင်း

Read times Last modified on Monday, 23 July 2018 15:27
Rate this item
(4 votes)