What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 August 2018 13:35

အသည်း အဆီဖုံးခြင်းရောဂါကို ဘယ်လို ကာကွယ်မလဲ

အသည်း အဆီဖုံးခြင်းရောဂါကို ဘယ်လို ကာကွယ်မလဲ Google.com

လူသုံးယောက်မှာ တယောက် တွေ့ရတဲ့ သဘောမျိုး ဖြစ်ပြီး ပုံမှန်အားဖြင့် အဝလွန်သူရဲ့ ၆၀ ရာခိုင်နှုန်း၊ အလွန်အမင်းအဝလွန်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးလေ့ရှိတယ်။

တကယ်တော့ အသည်းအဆီဖုံးခြင်းမှ အသည်းရောင်လာသောအခါမှ အန္တရာယ်ရှိလာခြင်းဖြစ်ပြီး ဆေးပညာအရ steatohepatitis လို့ ခေါ်ပါတယ်။ အသည်းရောင်ရမ်းမှုက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာထိ ဆက်ဖြစ်လာနိုင်တယ်။

အသည်းရဲ့ လုပ်ဆောင်ချက်များထဲမှ တစ်ခုအပါအဝင် ဖြစ်တဲ့ အဆီတွေကို ချေဖျက်ခြင်မှ နေ့စဉ်စားသုံးသည့် အစားအစာတွေထဲတွင် အဆီ ကစီဓာတ်ပါဝင်မှု ပိုလျှံ များပြားနေခဲ့ပါက ထရိုင်ဂလစ်စရွိုက် အဖြစ်ပြောင်းလဲပီး အလွန်သေးငယ်တဲ့ အဆီပစ္စည်းအဖြစ် ချေဖျက်ပေးရပါတယ်။ အသည်းဟာ သူရဲ့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန် ပြီးပါက အဆီတွေဟာ အသည်းဆဲလ်ထဲမှာ စုပုံ ကျန်ရစ်နေပါတယ်။ ဒါကြောင့် စားတဲ့အစာတွင် အဆီတွေများပြားလာပါက အသည်းဆဲလ်များတွင် အဆီများ ရောက်ရှိပြီး အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေပါတယ်။

(၁)အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းအဆီဖုံးခြင်းကို alcoholic fatty liver disease လို့ခေါ်ပြီး အရက်သောက်သူရဲ့ ၅၀-၉၀ %နီးပါးမှာ တွေ့ရပါတယ်။

(၂) အရက်ကြောင့်မဟုတ်ဘဲ သာမန်လူများတွင်ဖြစ်သော အဆီဖုံးရောဂါ အထူးသဖြင့် အဝလွန်သူ၊ လမ်း လျှောက်နည်းသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ အအိပ် အနေလွန်ကဲသူ၊ အဆီအအိမ့်အစားများသူ၊ ဇိမ်ခံလွန်းသူ၊ ဆီးချို၊ သွေးတိုး၊ သွေးအတွင်းအဆီများသူနှင့် အသက် ၅ဝကျော် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များကြပါတယ်။
(၃) ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပွားသော အသည်းအဆီဖုံးရောဂါ

ရောဂါလက္ခဏာများ

အများအားဖြင့် ရောဂါလက္ခဏာမပြတတ်ပါ ။ ရင်ခေါင်း၏ လက်ယာဘက်အပေါ်ပိုင်းမှ တင်းကျပ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အတန်ငယ် နာကျင်ခြင်း၊ အားနည်းခြင်း၊ အစားအသောက်ပျက် နုံးချိလာခြင်း စသဖြင့် ခံစားရပါတယ်။

ထိုအချိန်တွင် အသည်းကြီးသည်မှ လွဲပြီး တခြားဘာမှ မဖြစ်သေးသော်လည်း အချိန်ကြာလာသောအခါ အသည်းခြောက်လာနိုင်ပါတယ်။ အသည်းခြောက်လာလျှင် အထက်ပါ ရောဂါလက္ခဏာများအပြင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် အရေပြားပေါ်တွင် အနီစက်၊ အညိုကွက်များပေါ်လာခြင်း၊ သွေး ယိုလွယ်ခြင်း၊ ရေဖျဉ်းစွဲ၊ ဝမ်းအမည်းသွား၊ သွေးအန်၊ မျက် လုံးဝါ၊ အသား အစားများသောအခါ ဝမ်းချုပ်လာပြီး သတိလစ်ချင်သလိုဖြစ်ခြင်း စသည်တို့ကို ခံစားရပါတယ်။

အသည်းခြောက်ရာက နေ အသည်းကင်ဆာကူးသွားနိုင်သလို အသည်းအဆီဖုံး ရောဂါမှ အသည်းကင်ဆာအဖြစ်သို့ ကူးပြောင်းသွား နိုင်ပါတယ်။

အသည်းပျက်ဆီးမှုကို liver function test ခေါ်တဲ့ သွေးအဖြေကြည့်ပြီး သိရှိနိုင်ပါတယ်။ အသည်းရောင်သူကို စမ်းကြည့်သော အခါ ဝမ်းဗိုက်ညာဖက် နံရိုးအောက်တွင် အသည်းကြီးနေသည်ကို စမ်းမိတတ်ပါတယ်။ ရေဖျင်းစွဲခြင်း ၊ ခြေလက် ဖောရောင်ခြင်းတို့ ရှိလာလျှင် အသည်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျကုသရပါမယ် ။ ရောဂါသေချာစေရန် အတွက် တီဗွီဓာတ်မှန်၊ ကွန်ပြူ တာဓာတ်မှန် တို့နှင့် စစ်ဆေးနိုင်ပါတယ်။

ကာကွယ်နည်း

အသည်းအဆီဖုံးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်မှု ပြု လုပ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ် ။ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းကိုကာ ကွယ်ရန်အတွက် အရက်ဖြတ်ရပါမယ်။ အဝလွန်ခြင်း မဖြစ်စေရန် အဆီဓာတ်၊ ကစီဓာတ်များ လျှော့စားသင့်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများလည်း မှန်မှန်ပြု လုပ်သင့်ပါတယ်။ ဝနေသူများ ပုံမှန်ဖြစ်လာအောင် ကိုယ်အလေးချိန် လျှော့ချသင့်ပါတယ်။တရက်ကို အနည်းဆုံး နာရီဝက်ကနေ တနာရီထိ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ခါးတာတွေ တည့်ပြီး အသီးအရွက်ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အမျှင်များတဲ့ဟင်းနုနယ်ရွက်လိုအစိမ်း ရောင်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနှင့် အစေ့အ ဆန်များကို များများစားပါ။ အနီရောင်ရှိသောအသားများ၊

ငါးနှင့် အခွံမာပင်လယ်စာများကို သေချာကျက်အောင် ချက်ပြုတ်စားပါ။ ရေများများသောက်ပါ။ ငါး၊ ကြက်ဥအကာနှင့် ပဲအမျိုး မျိုးတို့ကိုစားပါ။ အဆီ ထုတ်ထားသောနို့နှင့် နို့ထွက်ပစ္စည်း များကိုသာစားပါ။ ကျန်းမာရေးနှင့်ညီညွတ်သောအသီး အနှံများဖြစ်သော အခွံမာသီး၊ ထောပတ်သီးတို့ကိုစားပါ။ ပဲပိ စပ်၊ ပြောင်းဖူးစားပါ။ ။ အမဲဆီ၊ ဝက် ဆီတို့ကိုရှောင်ပါ။ အစားအသောက်ထဲတွင် အဆီအဆိမ့်၊ အအီ၊ အရက်၊ အချိုရည် စတာတွေ ရှောင်ပါ ။ ပဲဆီ၊ နှမ်းဆီများထက် နေကြာဆီနှင့် သံလွင်ဆီတို့ကိုသာစားပါ။ ဥအနှစ်နှင့်မလိုင်တို့ကို ရှောင် ပါ။

ရောဂါဖြစ်လာပါက သက်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်ကြီးများနှင့် ပြသသင့်ပါတယ်။ အဆီလျှော့ချဆေးများ၊ အသည်းရောင်ခြင်းကို ကာကွယ်တဲ့ဆေးများ၊ အသည်းမခြောက်အောင်ကာကွယ်ဆေးများ သောက်နိုင်ပါတယ်။

source:Dr. Shein Thu Han(mydoctor.com)

Read:လက်ဖဝါး ဘာလို့ယားတာလဲ

လက်ဖဝါး ဘာလို့ယားတာလဲ

Read times Last modified on Thursday, 16 August 2018 14:04
Rate this item
(0 votes)