What's New



×

Warning

JUser: :_load: Unable to load user with ID: 62

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ တောင်ကြီးနှင့်  မကွေးမြို့များတွင် ရှိသော အစိုးရပိုင် ဗဟိုအဆင့် ပြည်သူ့ဆေးရုံများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။

 

ဆေးရုံအလိုက် ပြင်ပလူနာအချိန်ဇယား ကြည့်ရန်

 

ရန်ကုန်ရှိ ဆေးရုံများ

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ဗိုလ်ချုပ်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

01256123

 

ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး

မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

012301618, 012301624, 012301625

 

အင်းစိန်ပြည်သူ့ဆေးရုံကြီး

အောက်မင်္ဂလာဒုံလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

01640523

 

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး

မေဓါဝီလမ်း၊ (ဆ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

019690417, 019699422, 019699423, 019699424, 019699410, 019690295 

 

ကလေးရောဂါ အထူးကုဆေးရုံကြီး

အမှတ် (၂) ပြည်ထောင်စုရိပ်သာလမ်း၊ ပြည်နောက်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

01222807, 01222808, 01222809

 

ရန်ကင်းကလေးရောဂါ အထူးကုဆေးရုံကြီး

အမှတ် (၈၅) သစ္စာလမ်း၊ ကန်ဘဲ့ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

01550684

 

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကုဆေးရုံ

ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့

01544000

 

မျက်စိရောဂါ အထူးကုဆေးရုံ

အမှတ် (၃၀)၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

01549171

 

စိတ်ကျန်းမာရေးဆေးရုံကြီး

အမှတ် ၁၆၄၊ အမှတ် (၇) လမ်းမကြီး၊ ရွာသာကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။

09789504420

 

အရိုးရောဂါ အထူးကုဆေးရုံကြီး

အမှတ် (၁၃၂)၊ ဟံသာဝတီလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

09454806984, 01527087

 

သာကေတအထူးကုဆေးရုံ

ဧရာဝဏ်လမ်းမကြီးနှင့် ရှုခင်းသာလမ်းမကြီးထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

01450792

 

သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး

ကျိုက်က္ကစံလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

01579890

 

မင်္ဂလာဒုံအထူးကုဆေးရုံ

ပြည်လမ်း၊ ကျိုက္ကလို့ဘုရားအနီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

01256112

 

ဗဟိုအမျိုးသမီးဆေးရုံကြီး

မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်, ရန်ကုန်မြို့။

01221413

 

ဝေဘာဂီကူးစက်ရောဂါ အထူးဆေးရုံကြီး

ဝေဘာဂီရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ 

09451626466

 

အောင်ဆန်းတီဘီရောဂါ အထူးကုဆေးရုံကြီး

အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ 

013645748

 

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး

မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

01384493

 

အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ

ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

09457758577

 

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံအားလုံး ကြည့်ရန်

 

Advertisement

Click Here > Great Star Enterprise

မန္တလေးရှိ ဆေးရုံများ

 

မန္တလေးပြည်သူ့ဆေးရုံကြီး

လမ်း ၃၀၊ ၇၄ လမ်းနှင့် ၇၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

0221041

 

ကလေးရောဂါ အထူးဆေးရုံကြီး

၆၆ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

024024915, 024024916, 024024917

 

ခုတင် (၃၀၀) ဆံ့ ကလေးရောဂါ အထူးကုဆေးရုံကြီး

၂၉ လမ်းနှင့် လမ်း ၃၀ ထောင့်၊ ၇၄ လမ်းနှင့် ၇၅ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ 

024033965, 024032225 

 

ဗဟိုအမျိုးသမီးဆေးရုံကြီး

လမ်း ၃၀၊ ၆၈ လမ်းနှင့် ၇၀ လမ်းကြား၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

024066691

 

စိတ်ကျန်းမာရေးဆေးရုံကြီး

မြစ်ငယ်၊ ထုံးဘိုလမ်းခွဲ၊ တောတွင်ကျေးရွာအနီး ၊အမရပူရမြို့နယ်၊ မန္တလေးမြို့။

09402594751

စိတ်ကျန်းမာရေး ကုသဌာန - 09266863258 

မူးယစ်ဆေးစွဲရောဂါ ကုသဌာ - 09780793831 

 

ခုတင် (၃၀၀) ဆံ့ သင်ကြားရေး ပြည်သူ့ဆေးရုံကြီး

၆၂ လမ်းပေါ်၊ သိပ္ပံလမ်းတောင်ပိုင်း၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

0280340

 

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်း ခွဲစိတ်အထူးကုဆေးရုံ

၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်း ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

09965399550

 

ခုတင် (၅၀၀) ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး

မြို့သစ် (၁) ရပ်ကွက်၊ (၆၂) လမ်း၊ သိပ္ပံလမ်းနှင့် အောင်ဆန်းလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

09796493469, 022847613, 022847615

 

ပြန်လည်သန်စွမ်းရေးဆေးရုံကြီး (အထက်မြန်မာပြည်)

မတ္တရာမြို့နယ်၊ မန္တလေးမြို့။ 

09896502583

 

ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး

09771851582

 

မန္တလေးတိုင်းဒေသကြီးရှိ ဆေးရုံအားလုံး ကြည့်ရန်

 

Advertisement

Click Here >King Metal

နေပြည်တော်ရှိ ဆေးရုံများ

 

ခုတင် (၁၀၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး

ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

0673420683, 067421455

 

ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး

ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ နေပြည်တော်။

09404244075

 

သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး

ဥတ္တရ သီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ နေပြည်တော်။

067417246

 

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်း ခွဲစိတ်အထူးကုဆေးရုံ

ဥတ္တရသီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ သီရိရတနာလမ်းနှင့် သီရိမဏ္ဍိုင်လမ်းထောင့်၊ နေပြည်တော်။

067417160

 

ကလေးရောဂါ အထူးကုဆေးရုံကြီး

ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရက်ကွက်၊ သီရိရတနာလမ်း၊ နေပြည်တော်။

067417059

 

အရိုးရောဂါ အထူးကုဆေးရုံကြီး

သီရိမဏ္ဍိုင်လမ်း၊ နေပြည်တော်။

067417180

 

တောင်ကြီးနှင့် မကွေးရှိ ဆေးရုံများ

 

စပ်စံထွန်းပြည်သူ့ဆေးရုံကြီး

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စဝ်စံထွန်းရပ်ကွက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှေ့၊ တောင်ကြီးမြို့။ 

0812121511

 

အမျိုးသမီးနှင့် ကလေးဆေးရုံကြီး

က​လေး​ဆေးရုံလမ်း၊ တောင်ကြီးမြို့။

0812121219

 

မကွေးမြို့ သင်ကြားရေးဆေးရုံကြီး

0632025154

 

တိုင်းနှင့် ပြည်နယ် (၁၅) ခုရှိ ဆေးရုံများ ကြည့်ရန်

 

Published in Hospital Guide
ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ ဆေးခန်းလေးတစ်ခုဆီကို ဆီးချိုရောဂါ ခံစားနေရတဲ့ လူတစ်ယောက် ပုံမှန်ရက်ချိန်းပြဖို့ ရောက်ရှိလာပါတယ်။ ရောဂါဝေဒနာခံစားရသူတွေအတွက် ဆေးကုသမှုခံယူခြင်း ဆိုတာ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်တာတင်မကဘဲ ရောဂါနဲ့ပတ်သက်တဲ့ ကုသရေးဆေးဝါးတွေကို ပုံမှန်ရရှိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ရက်အနည်းငယ်လောက်ပဲ ဆေးဝါးပြတ်လပ်သွားခဲ့မယ်ဆိုရင်တောင် ကုသမှုကို ထိခိုက်စေနိုင်သလို ဝေဒနာရှင်နဲ့ မိသားစုတွေအတွက်လည်း မရေမရာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ခံစားလာရနိုင်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံ ကျန်းမာရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့်ကြုံတွေ့နေရတဲ့ လက်တွေ့အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ မြို့ပြဒေသတွေမှာ ကျန်းမာရေး အခြေခံစနစ်တွေ ပိုကောင်းတာမှန်ပေမဲ့ အချို့နေရာတွေမှာတော့ ဆေးဝါးအလွယ်တကူ ရရှိနိုင်ဖို့၊ ဈေးနှုန်းသက်သာဖို့နဲ့ ဆေးဝါး ပြတ်လပ်မသွားဖို့ဆိုတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါ ခံစားနေရသူတွေအတွက်တော့ လိုအပ်တဲ့ ဆေးဝါးကို စိတ်ချလက်ချ အမြဲရရှိနေဖို့ဆိုတာ သာမန်အဆင်ပြေမှုတစ်ခုလောက် မဟုတ်ဘဲ ရောဂါကုသရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။
ကျန်းမာရေးစနစ် အားကောင်းလာဖို့ဆိုတာ ဆေးဘက်ဆိုင်ရာတင်မဟုတ်ဘဲ လုပ်ငန်းလည်ပတ်မှုဆိုင်ရာမှာလည်း ကောင်းမွန်ဖို့လိုကြောင်း ဒီအခြေအနေကနေ ပြသနေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှစွာ ရရှိနိုင်ရေးအကြောင်း ပြောတဲ့အခါ ဝန်ဆောင်မှုတွေကို လက်လှမ်းမီအောင် တိုးချဲ့ဖို့ကိုပဲ အဓိကထား ပြောလေ့ရှိပေမဲ့ လက်တွေ့မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ဆေးဝါးတွေကို စဉ်ဆက်မပြတ် ရရှိနိုင်စေရေးဟာလည်း အရေးကြီးပါတယ်။ ဥပမာပြောရရင် ဆီးချိုရောဂါလို နာတာရှည်ရောဂါဝေဒနာရှင်တွေအတွက် ဆေးဝါးပုံမှန် ရရှိနေဖို့ဆိုတာ မဖြစ်မနေပါပဲ။ ဒီအခြေအနေမှာ အနာနဲ့ဆေးတွေ့ဆိုသလို မှန်ကန်တဲ့ဆေးဝါးက လိုအပ်နေတဲ့လူနာဆီကို အချိန်မီ နှောင့်နှေးမှုမရှိစေဘဲ ရောက်ရှိဖို့ လိုအပ်ပါတယ်။
အဲ့ဒီအတွက် ခိုင်မာတဲ့ ကုန်စည်စီးဆင်းမှု (Supply chain)၊ စိတ်ချရတဲ့ ဖြန့်ချီရေး ကွန်ရက်နဲ့ ကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်မှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တစ်ခုရဲ့ နောက်ကွယ်မှာတော့ ဆေးထုတ်လုပ်ရာကနေ လူနာလက်ထဲအထိ ဘေးကင်းစိတ်ချစွာ ရောက်ရှိစေတဲ့ အခြေခံစနစ်တွေ ရှိနေဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ ကျန်းမာရေးနယ်ပယ်မှာ ရှိနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးပါလာပါတယ်။ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zuellig Pharma အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း ဆေးဝါးတွေ ပုံမှန်စီးဆင်းနေအောင် ဖြန့်ချီရေးကွန်ရက်တွေကနေတစ်ဆင့် ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေဆီကို ရောက်ရှိစေဖို့ အထူးကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ပုံမှန်အတိုင်း အဟန့်အတားမရှိ ကုသပေးနေနိုင်တာ ဖြစ်ပါတယ်။
နာတာရှည်ရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တွေအနေနဲ့ ဆေးဝါးပုံမှန်ရရှိရေးက တကယ့်ကိုအရေးကြီးပြီး ကုသမှု အောင်မြင်ရေးကလည်း ဆေးဝါးတွေကို လက်လှမ်းမီနိုင်မှုအပေါ် မူတည်နေပါတယ်။ ဒီအခြေအနေကို သိရှိနားလည်ပြီး Zuellig Pharma အနေနဲ့ နိုင်ငံအနှံ့မှာ ဆေးဝါးတွေ ပိုမိုယုံကြည်စိတ်ချရစွာ ဖြန်ဖြူးနိုင်စေဖို့ ရည်ရွယ်ပြီး ပိုမိုကောင်းမွန်တဲ့ ကုန်စည်စီးဆင်းမှုဆိုင်ရာ (supply chain) အစီအစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုးစားလုပ်ဆောင်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါဆိုင်ရာ စောင့်ရှောက်မှုနဲ့ အသိပညာပေးအစီအစဉ်တွေကို Novo Nordisk နဲ့ Action for Diabetes (A4D) တို့လို မိတ်ဖက်ကုမ္ပဏီတွေနဲ့ လက်တွဲပြီး ဝေဒနာရှင်တွေအတွက် ရေရှည်ကျန်းမာရေးရလဒ်တွေ ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးလျက်ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲနေတဲ့ ကျန်းမာရေးနယ်ပယ်မှာ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းခြင်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ ရေရှည် တောင့်တင်းခိုင်မာမှုအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာလည်း Zuellig Pharma အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို တတ်နိုင်သမျှ လျှော့ချရင်း လုပ်ငန်းလည်ပတ်မှုတွေကို တည်ငြိမ်စွာ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
တန်းတူညီမျှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အချိန်တိုအတွင်း ရရှိလာနိုင်တဲ့အရာတစ်ခုမဟုတ်ဘဲ ခိုင်မာတဲ့ အားထုတ်ကြိုးပမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေရှည်အာမခံချက်တွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအတွက်တော့ စိတ်ချ ယုံကြည်ရတဲ့ ဆေးဝါးတွေ လက်လှမ်းမီနိုင်ဖို့၊ အရည်အသွေးမြင့်ဖို့နဲ့ စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့က အရေးကြီးတဲ့ ဦးစားပေးဖြစ်နေဆဲပါ။ ဒီစနစ်တွေကို ခိုင်မာစေခြင်းဟာ မြန်မာနိုင်ငံတစ်ဝန်း လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်တဲ့ အရေးအပါဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဆေးဝါးတစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ ကုသမှုကို စောင့်မျှော်နေတဲ့ လူနာတစ်ဦးရှိနေပြီး၊ ပိုမိုခိုင်မာတဲ့ စနစ်တွေကနေတစ်ဆင့် လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမီနိုင်အောင် ကူညီပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
Published in Medicine Guide

 

သုံးစွဲရန် မသင့်သော ဆေးပစ္စည်းများကို အများပြည်သူများ သိရှိစေရန် အသိပေးကြေငြာချက်

Published in Medicine Guide

မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများ ရေရှည်ရပ်တည်နိုင်ရေးအတွက် သနပ်ခါးအမည်ခံဖော်ပြပြီး သနပ်ခါး ပါဝင်မှုမဖေါ်ပြနိုင်သည့် ထုတ်ကုန်အလှကုန်များကို အရေးယူနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

Published in Beauty Tips

The healthcare system in Myanmar has gradually developed along with the changes of political and administrative system. The Ministry of Health (MOH) is the main provider for healthcare in Myanmar although the healthcare system is mixed with the public and private sectors.

Published in Health Benefits

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည် မြင့်တက်လာပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တစ်လအတွင်း ကူးစက်ခံရသူ (၃,၈၃၉) ဦးထိ ရှိလာကြောင်း သိရသည်။

 

ရောဂါကူးစက်ခံရသူဦးရေ မြင့်တက်လာသကဲ့သို့ ကိုဗစ်ကြောင့် သေဆုံးသူသည်လည်း မေလ (၁၀) ရက်နေ့တွင် (၁) ဦးနှင့် မေလ (၁၃) ရက်နေ့တွင် (၁) ဦး စုစုပေါင်း (၂) ဦး ရှိလာပြီ ဖြစ်သည်။

 

ကိုဗစ်ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၉၉၈) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေချိန်တွင် ကိုဗစ်ရောဂါဖြင့် (၂) ဦး ထပ်မံ သေဆုံးသွားသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း (၁၉,၄၉၂) ဦး ရှိပြီ ဖြစ်သည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  •  ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
  • ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
  • ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
  • ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
  • ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
  • ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
  • ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး

 

  • မေလ ၁ - ၂ ရက်အထိ (၁၁၉) ဦး
  • မေလ ၂ - ၃ ရက်အထိ (၁၅၅) ဦး
  • မေလ ၃ - ၄ ရက်အထိ (၁၉၅) ဦး
  • မေလ ၄ - ၅ ရက်အထိ (၂၀၈) ဦး
  • မေလ ၅ - ၆ ရက်အထိ (၂၂၂) ဦး
  • မေလ ၆ - ၇ ရက်အထိ (၁၄၉) ဦး
  • မေလ ၇ - ၈ ရက်အထိ (၁၄၆) ဦး
  • မေလ ၈ - ၉ ရက်အထိ (၂၁၁) ဦး
  • မေလ ၉ - ၁၀ ရက်အထိ (၂၅၄) ဦး
  • မေလ ၁၀ - ၁၁ ရက်အထိ (၁၆၈) ဦး

 

  • မေလ ၁၁ - ၁၂ ရက်အထိ (၁၅၇) ဦး
  • မေလ ၁၂ - ၁၃ ရက်အထိ (၁၃၆) ဦး
  • မေလ ၁၃ - ၁၄ ရက်အထိ (၁၄၆) ဦး
  • မေလ ၁၄ - ၁၅ ရက်အထိ (၇၂) ဦး
  • မေလ ၁၅ - ၁၆ ရက်အထိ (၁၆၂) ဦး
  • မေလ ၁၆ - ၁၇ ရက်အထိ (၁၃၉) ဦး
  • မေလ ၁၇ - ၁၈ ရက်အထိ (၁၁၃) ဦး
  • မေလ ၁၈ - ၁၉ ရက်အထိ (၁၂၀) ဦး
  • မေလ ၁၉ - ၂၀ ရက်အထိ (၉၉) ဦး
  • မေလ ၂၀ - ၂၁ ရက်အထိ (၈၀) ဦး
  •  မေလ ၂၁ - ၂၂ ရက်အထိ (၈၂) ဦး
  • မေလ ၂၂ - ၂၃ ရက်အထိ (၁၀၄) ဦး

 

Ye Optical 1

Advertisement

Click Here > Ye' Optical

 

ယခုအချိန်အထိ လေ့လာ ဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ရောဂါကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

 

ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေး ထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ

  • အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
  • အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
  • အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
  • လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  • လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
  • တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  • ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်
Published in Wuhan Virus

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း ဧပြီလ (၂၀) ရက်နေ့က ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာပြီး ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ ကူးစက်ခံရသူ (၂၉၅) ဦးထိ ရှိလာကြောင်း သိရသည်။

 

ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အများဆုံးနှင့် သေဆုံးသူ အများဆုံးသော တိုင်းဒေသကြီး ဖြစ်ခဲ့ပြီး ယခုပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားလာချိန်တွင်လည်း အများဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ည (၈) နာရီအတွင်း - ၄၅ ဦး
  • ဧပြီလ ၂၃ - ၂၄ ည (၈) နာရီအတွင်း - ၅၁ ဦး
  • ဧပြီလ ၂၄ - ၂၅ ည (၈) နာရီအတွင်း - ၇၁ ဦး
  • ဧပြီလ ၂၅ - ၂၆ ည (၈) နာရီအတွင်း - ၆၈ ဦး
  • ဧပြီလ ၂၆ - ၂၇ ည (၈) နာရီအတွင်း - ၆၀ ဦး

 

Advertisement

Click Here > Biz Partner

 

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၂၄,၈၄၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၃၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၂၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

 

တိုင်းနှင့် ပြည်နယ်တစ်ခုချင်းစီရှိ မြို့နယ်အလိုက် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစာရင်းကို အောက်တွင် အသေးစိတ် သိရှိ လေ့လာနိုင်သည်။ အဆိုပါစာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချိန်တွင် ထပ်မံ ဖြည့်စွက် ဖော်ပြပေးသွားပါမည်။

 

ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး

ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး

ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး

ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး

ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဧပြီလ (၂၅) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၉၉,၄၀၀) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၈၄၉,၀၅၅) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Ye Optical

Advertisement

Click Here > Ye' Optical

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ

  1. အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ် ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
  2. အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
  3. အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
  4. လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  5. လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
  6. တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  7. ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်
Published in Wuhan Virus

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လိုသည့် ခရီးသည်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ လေယာဉ်ပေါ်မတက်မီ သုံးရက်အတွင်း စစ်ဆေးထားသည့် COVID-19 ရောဂါ နျူကလိစ်အက်စစ် စစ်ဆေးမှု ကင်းရှင်းကြောင်းလက်မှတ် (COVID-19 Negative Certificates) ကို မဖြစ်မနေ ပြသရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းပျံသန်းရေးစီမံခန့်ခွဲမှုဌာန ၊ အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေးဌာန နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

Published in Wuhan Virus
Page 1 of 2