What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 March 2020 00:24

လူနာတွေ့ရှိမှုနောက်ကျတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှ COVID-19 စမ်းသပ်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထောက်ပံ

90251442_832926683874316_4730726126572273664_n.png

 

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံ လူနာကို တွေ့ရှိတာ အတော်လေး နောက်ကျပါတယ်။ တစ်ချိန်မဟုတ် တစ်ချိန် အနှေးနဲ့အမြန် ပိုးတွေ ရောက်လာဖို့သာ ရှိတာမို့ နိုင်ငံတကာမှ အကူအညီများ ပေးခဲ့ကြတာ တွေ့ရပါတယ်။

 

ဘဏ္ဍာရေး အကူအညီ အဓိကအားဖြင့် ပေးအပ်ခဲ့တာ The World Bank နဲ့၊ International Finance Corporation (IFC) ၊ Asian Development Bank (ADB) ၊ အမေရိကန် ပြည်ထောင်စု အစိုးရတို့ ဖြစ်ပါတယ်။ World Bank က သူ့ရဲ့ International Development Association credit Fast Track Facility. အစီအစဉ်ရဲ့ အပိုင်းကဏ္ဍတစ်ခုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၀ ကမ်းလှမ်းခဲ့ပါတယ်။

 

Asian Development Bank (ADB) က မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေအတွက် Initial Response to the COVID-19 Pandemic package အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ လျာထားသတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံအတွက် တည်ရှိပြီးသားဖြစ်တဲ့ GMS Health Security Project Fund ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်း သတ်မှတ်ပေးထားပါတယ်။

 

အမေရိကန်အစိုးရက မြန်မာနိုင်ငံရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းအတွက် COVID-19 test kit တွေ လှူဒါန်းတဲ့အပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ကူညီဖို့ ကတိကဝတ်ပြုထားပါတယ်။

 

ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ လှူဒါန်းမှုတွေ ပြုခဲ့ကြတာမှာ ထိုင်းနိုင်ငံက အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းအတွက် COVID-19 test kit တွေ လှူဒါန်းခဲ့တယ်။ အလားတူပင် ထိုင်းနိုင်ငံကလည်း COVID-19 test kit တွေ လှူဒါန်းခဲ့ပါတယ်။

 

စင်ကာပူနိုင်ငံကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လိုအပ်ချက်အရ diagnostics tests ၃၀၀၀ နဲ့ polymerase chain reaction (PCR) machines ၂ လုံး အပါအဝင် အကူအညီများ ပေးအပ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ Temasek Foundation ကလည်း COVID-19 test kits ၁၀၀၀၀ လှူဒါန်းမှာ ဖြစ်ပြီး ပထမအသုတ် ခုရေ ၃၀၀၀ ကို ပေးပို့ခဲ့ပြီးပြီ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကလည်း ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာတွေကို အစိုးရမှ ပေးပို့တဲ့အပြင် အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အလီဘာဘာပိုင်ရှင် ဂျက်မာကလည်း အကူအညီတွေ ပေးအပ်ပါတယ်။

 

အစိုးရအချင်းချင်း ကူညီမှုအနေဖြင့် coronavirus test kits ၂၀၀ နဲ့အတူ lab agents, electric thermometers နဲ့ antimicrobial wet tissues တို့ကို ပေးပို့ခဲ့ပါတယ်။ အဲဒါတွေအပြင် အကာအကွယ်ဝတ်စုံ ၅၀၀၀ ၊ N95 respirators ၅၀၀၀ နဲ့ surgical marks နှစ်သိန်းတို့ကို ပေးပို့ခဲ့ပါတယ်။ temperature scanners နဲ့ အခြားကိရိယာတွေ ပေးပို့ဖို့လည်း စီစဉ်နေပါတယ်။

Written By Do Jay Sann

Ref; CNA NEWS

 

(Zawgyi)

======

လူနာေတြ႕ရွိမႈေနာက္က်တဲ့ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာမွ COVID-19 စမ္းသပ္ပစၥည္း၊ ေဆးဝါးႏွင့္ ေဆးပစၥည္းကိရိယာ ေထာက္ပံ

 

ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္ခံ လူနာကို ေတြ႕ရွိတာ အေတာ္ေလး ေနာက္က်ပါတယ္။ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ အေႏွးနဲ႔အျမန္ ပိုးေတြ ေရာက္လာဖို႔သာ ရွိတာမို႔ ႏိုင္ငံတကာမွ အကူအညီမ်ား ေပးခဲ့ၾကတာ ေတြ႕ရပါတယ္။

 

ဘ႑ာေရး အကူအညီ အဓိကအားျဖင့္ ေပးအပ္ခဲ့တာ The World Bank နဲ႔၊ International Finance Corporation (IFC) ၊ Asian Development Bank (ADB) ၊ အေမရိကန္ ျပည္ေထာင္စု အစိုးရတို႔ ျဖစ္ပါတယ္။ World Bank က သူ႔ရဲ႕ International Development Association credit Fast Track Facility. အစီအစဥ္ရဲ႕ အပိုင္းက႑တစ္ခုအျဖစ္ အေမရိကန္ေဒၚလာ သန္း ၅၀ ကမ္းလွမ္းခဲ့ပါတယ္။

 

Asian Development Bank (ADB) က ျမန္မာႏိုင္ငံ အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေတြအတြက္ Initial Response to the COVID-19 Pandemic package အကူအညီအျဖစ္ အေမရိကန္ေဒၚလာ ၆ ဒသမ ၅ ဘီလ်ံ လ်ာထားသတ္မွတ္ထားပါတယ္။ ျမန္မာႏိုင္ငံအတြက္ တည္ရွိၿပီးသားျဖစ္တဲ့ GMS Health Security Project Fund ရဲ႕ အစိတ္အပိုင္း တစ္ခုအျဖစ္ အေမရိကန္ေဒၚလာ တစ္သန္း သတ္မွတ္ေပးထားပါတယ္။

 

အေမရိကန္အစိုးရက ျမန္မာႏိုင္ငံရွိ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲခန္းအတြက္ COVID-19 test kit ေတြ လႉဒါန္းတဲ့အျပင္ အေမရိကန္ေဒၚလာ ၁ ဒသမ ၈ သန္း ကူညီဖို႔ ကတိကဝတ္ျပဳထားပါတယ္။

 

ေဆးဝါးႏွင့္ ေဆးပစၥည္းကိရိယာ လႉဒါန္းမႈေတြ ျပဳခဲ့ၾကတာမွာ ထိုင္းႏိုင္ငံက အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲခန္းအတြက္ COVID-19 test kit ေတြ လႉဒါန္းခဲ့တယ္။ အလားတူပင္ ထိုင္းႏိုင္ငံကလည္း COVID-19 test kit ေတြ လႉဒါန္းခဲ့ပါတယ္။

 

စင္ကာပူႏိုင္ငံကလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ လိုအပ္ခ်က္အရ diagnostics tests ၃၀၀၀ နဲ႔ polymerase chain reaction (PCR) machines ၂ လုံး အပါအဝင္ အကူအညီမ်ား ေပးအပ္ခဲ့ပါတယ္။ စင္ကာပူႏိုင္ငံမွ Temasek Foundation ကလည္း COVID-19 test kits ၁၀၀၀၀ လႉဒါန္းမွာ ျဖစ္ၿပီး ပထမအသုတ္ ခုေရ ၃၀၀၀ ကို ေပးပို႔ခဲ့ၿပီးၿပီ ျဖစ္ပါတယ္။

 

တ႐ုတ္ႏိုင္ငံကလည္း ေဆးဝါးႏွင့္ ေဆးပစၥည္းကိရိယာေတြကို အစိုးရမွ ေပးပို႔တဲ့အျပင္ အာရွတိုက္ရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ၿပီး အလီဘာဘာပိုင္ရွင္ ဂ်က္မာကလည္း အကူအညီေတြ ေပးအပ္ပါတယ္။

 

အစိုးရအခ်င္းခ်င္း ကူညီမႈအေနျဖင့္ coronavirus test kits ၂၀၀ နဲ႔အတူ lab agents, electric thermometers နဲ႔ antimicrobial wet tissues တို႔ကို ေပးပို႔ခဲ့ပါတယ္။ အဲဒါေတြအျပင္ အကာအကြယ္ဝတ္စုံ ၅၀၀၀ ၊ N95 respirators ၅၀၀၀ နဲ႔ surgical marks ႏွစ္သိန္းတို႔ကို ေပးပို႔ခဲ့ပါတယ္။ temperature scanners နဲ႔ အျခားကိရိယာေတြ ေပးပို႔ဖို႔လည္း စီစဥ္ေနပါတယ္။

Written By Do Jay Sann

Ref; CNA NEWS

Read times Last modified on Sunday, 29 March 2020 00:37
Rate this item
(1 Vote)