What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 July 2019 11:34

သွေးချိုဆီးချို မဖြစ်ချင်ရင် ဒီစက်လေးအကြောင်း လေ့လာထားဖို့မယ်နော် (A1C Now+ or HbA1C)

ဒီပစ္စည်းလေကတော့ သွေးအတွင်းမှာရှိတဲ့ သွေးနီတွေမှာ အချိုဓာတ် ပါဝင်မှုနှုန်းတွေကို တိုင်းတာတဲ့ စက်တစ်မျိုးဖြစ်ပါတယ်။

သွေးချိုဆီးချိုရောဂါ ရှိ မရှိ တိုင်းတာနိုင်ခြင်း ၊ သွေးချိုဆီးချိုရောဂါ ရှိသူများ မိမိ ဆီးချိုရောဂါ အခြေအနေ ကောင်းမကောင်း ဆိုတာကို တိကျတဲ့ အဖြေထုတ်ပေးခြင်း နဲ့ သွေးချိုဆီးချို ရောဂါ ရှာဖွေရန် လိုအပ်သူများ အတွက် အသင့်တော်ဆုံးလို့ ပြောလို့ရတဲ့ စက်တစ်မျိုး ဖြစ်ပါတယ်။

 

သွေးချိုဆီးချိုသံသယဖြစ်ဖွယ် လက္ခဏာများက မကြာ ခဏ ရေဆာ ၊ ရေငတ်ခြင်း ၊ မကြာခဏ ဆာလောင်ခြင်း (အထူး သဖြင့် အစာ စားပြီးနောက်ပိုင်း) ခံတွင်းခြောက်ခြင်း ၊ ဆီးခဏ ခဏသွားခြင်း (သို့မဟုတ်) ဆီးပိုးဝင်ခြင်း ၊ မောပန်း နွမ်းနယ်ခြင်း (အားနည်း ပင်ပန်းသလို ခံစားရခြင်း) ၊ အမြင်အာရုံဝေဝါးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကတုန်ကယင်ဖြစ်၍ ဆာလောင်ခြင်း ၊ ခြေထောက်ထုံကျဉ်ခြင်းနှင့် ထိခိုက်ပွန်းပဲ့ရာတွင် အနာကျက် နှေးခြင်းတို့သည် ဆီးချိုသွေး ချိုရောဂါ၏ လက္ခဏာများ ဖြစ်ပါတယ်။

 

အရပ်သား အခေါ်ဖြင့် ပြောရမယ်ဆိုရင် သွေးချိုဆီးချို ရောဂါဟာ အသံတိတ် လူသတ်သမားလို့ ခေါ်ကြပါတယ်။ အမှန်တကယ်လည်း သွေးချိုဆီးချို ရောဂါဟာ ဝဋ်ကျွေးရှိလို့ ခံရတဲ့ သဘောသဘာဝကျလွန်းပါတယ်။ ယခုအချိန်အခါမှာဆိုရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ သွေးချိုဆီးချို ဆိုတာက ပြောရလွယ်တဲ့ ရောဂါနာမည်တစ်ခု ဖြစ်လာပါတယ်။ လူ ၁၀၀ မှာ ၉၀ လောက် သွေးချိုဆီးချို ဖြစ်နေတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆိုတာ လွယ်ကူသလိုလို နဲ့ အရမ်းကိုခက်ပါတယ်။

 

သင်က အစားအသောက်တွေကို ကြိုက်နှစ်သက်တယ် ၊ စားရတာ ဝါသနာပါတယ်ဆိုရင်တော့ သင့်အတွက် လက်ဆွဲအိတ်အနေနဲ့ ဆောင်ထားဖို့ ဒါလေးတော့ လိုနေပြီးနော်။ ဒါကြောင့် သွေးချိုဆီးချို ရောဂါမဖြစ်ရလေအောင် ၅ မိနစ်လောက် အချိန်ပေးပြီး ကျန်းမာအောင်နေချင်တယ်ဆိုရင်တော့ A1C Now+ (သွေးနီဥအတွင်း အချိုဓာတ် တိုင်းတာစက်) အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Read More : အရေပြား ပြဿနာများစွာကို ကာကွယ်ပေးနိုင်တဲ့ တမာရွက်

အရေပြား ပြဿနာများစွာကို ကာကွယ်ပေးနိုင်တဲ့ တမာရွက်

 

A1C အချိုဓာတ် တိုင်းတာစက်ဆိုရင် ၅ မိနစ်လောက်အချိန်ပေးပြီး သွေးအဖြေရလဒ်ကို ၉၉ ရာခိုင်နှုန်း တိကျမှန်ကန်စွာ ဖော်ပြပေးပါတယ်။ ဒီစက်ကို အသုံးပြုပုံကတော့ ပထမဦးစွာ လက်ထိပ်မှာ သွေးကို ဖောက်ယူပြီး သွေးစုပ်ပြွန်ငယ်ဖြင့် စုပ်ယူပါ။ စုပ်ယူထားတဲ့ သွေးနမူနာကို သွေးနမူနာထည့်ဘူးထဲကို သေချာစွာထည့်ပါ။ သွေးစုပြွန်ငယ်ကို သေချာစွာ ပိတ်ပြီး ပြန်ဆွဲထုတ်ခြင်းမျိုး မပြုလုပ်ရ။ ထုတ်ယူထားတဲ့ သွေးနမှုနာကို ၆ ကြိမ် မှ ၈ ကြိမ် ထိ လှုပ်ခါပေးပါ။

Related image

 

သွေးပြွန်ဘူးကို လှုပ်ခါပြီးနောက် စားပွဲပေါ်တွင် ခေတ္တထောင်းထားပေးပါ။ ဘူးပါကင်အတွင်းပါဝင်တဲ့ သွေးစစ်ကတ်ပြားကို ထုတ်ယူပြီး သွေးစစ်တဲ့ စက်ပေါ်ရှိ နံပါတ် နှင့် ကိုက်ညီအောင် စက်အတွင်းသို့ တက်ဆင်ပါ။ ပြီးနောက် စက်ကို ဖွင့်ပြီးလျှင် SMPL (စက်မှာပေါ်လာတဲ့ နံပါတ်) ပေါ်သည်အတိ ခဏ စောင့်ပါ။ SMPL ပေါ်ပြီးနောက် သွေးနမူနာဘူးငယ်ရှိရာ ဘားဖုံးကို ဖယ်ကာ သွေးစစ်ကတ်ရှိ နမှုနာ လက်ခံနေရာတွင်ထားပြီး နမှုနာငယ်ထိပ် လက်ညှိုးဖြင့် ဖိချပါ။

Related image

 

ပြည့်ဝစွာ ဖိချပြီးလျှင် ချက်ချင်းလျင်မြန်စွာ ဖယ်ရှားပါ။ သွေးစုပြွန်ငယ် နှင့် သွေးစုရာတွင် ပြွန်အပြည့် သွေးယူရမည်။ ပြွန်ငယ်ထိပ်တွင် ဖိတ်ကျခြင်း မဖြစ်ဖို့ လိုပါတယ်။ ထိုအခါ နံပါတ်များ ရေတွက်ခြင်းကို ခဏ စောင့်ပါ။ ပြီးနောက် QCOK ဟုပေါ်လာပြီးနောက် တိုင်းတာထားသော ရလဒ် ပေါ်လာမှာ ဖြစ်ပါတယ်။

 

A1C Now+ စက်ကို အသုံးပြုချိန်အတွင် သတိထားရမည့် အချက်များကတော့ ရောဂါရှာဖွေ၍ လိုအပ်သော စစ်ဆေးမှုပြုရန်အတွက်သာ ၊ စစ်ဆေးမှုမပြုမီ သွေးနမှုနာယူ ၊ ပစ္စည်းထုပ်ပိုးအိတ်ကို ရေခဲသေတ္တာအတွင်း သိမ်းဆည်းထားပါက သွေးစစ်ဖို့ မတိုင်မှီ အခန်းအပူချိန်တွင် တစ်နာရီခန့်ထားဖို့ လိုပါတယ်။ နေရောင်ခြည်ထိတွေ့ခြင်း ၊ အပူလွန်းကဲသောနေရာတွင် ထားခြင်း ၊ အပူအအေးမမျှတသော နေရာတွင်ထားခြင်း မျိုး မပြုလုပ်ရ။

 

A1C Now+ စက်ကို အသုံးပြုခြင်း၏ အားသာချက်များကတော့ တိကျမှန်ကန်တဲ့ အဖြေကို ရရှိခြင်း ၊ သွေးချိုဆီးချိုရောဂါ ရှိ မရှိ တိုင်းတာနိုင်ခြင်းအတွက် လွယ်ကူခြင်း ၊ သွေးနီဥအတွင်း အချိုဓာတ်ပါဝင်မှုကို တိုင်းတာနိုင်ခြင်း နဲ့ အားလုံးသိရှိတဲ့အတိုင်း မနက်စောစောထပြီးဆေးခန်းမှာ သွေးစစ်ရတဲ့ဒုက္ခထက်စာရင် အများကြီး သက်တောင့်သက်သာ ရှိမည်လို့ ထင်ပါတယ်။

 

Written by A.Win (Health Products Directory)

Read times Last modified on Wednesday, 03 July 2019 09:19
Rate this item
(2 votes)