What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 September 2021 11:55

COVID-19 ဆေးနှင့်ဆေးပစ္စည်းများ ၃၀ စက်တင်ဘာ နောက်ဆုံးထား အပြီးသတ်ရှင်းလင်းပေးရန် အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာ

COVID-19 ဆေးနှင့်ဆေးပစ္စည်းများ အပြီးသတ်ရှင်းလင်းရန်ကျန်ရှိနေသော ကုမ္ပဏီများသည် (၃၀.၉.၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်ရှင်းလင်းပေးရန် အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။ 


၁။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် လေဆိပ်(ကုန်လှောင်ရုံ)/ ဆိပ်ကမ်းမှတစ်ဆင့် ရေကြောင်း/လေကြောင်း တို့မှ တင်သွင်းလာသော COVID-19 ကာကွယ်/ ထိန်းချုပ်/ ကုသရေးပစ္စည်းများနှင့်ဆေးဝါးများအား တင်သွင်းသူများထံ ထုတ်ပေးနိုင်ရေးအတွက် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ထုတ်ယူနိုင်ရေးအတွက် (၁၇-၇-၂၀၂၁) ရက်နေ့မှစ၍ ကိုယ်တိုင်တာဝန်ခံမှုဖြင့် ဆောင်ရွက် ခွင့်ပြုခဲ့ပါသည်။


၂။ ထိုသို့ခွင့်ပြုခဲ့သည့်  COVID-19 ဆေးနှင့်ဆေးပစ္စည်းများအား (၁၇-၇-၂၀၂၁) ရက်နေ့မှ (၁၂-၉-၂၀၂၁) ရက်နေ့အထိ ဖိုင်အရေအတွက် (၁၆၃၅) စောင်အား နှစ်ပတ် အတွင်း အပြီးသတ်ရှင်းလင်းပေးရန်ကတိခံဝန်ချက်ဖြင့် … ကြိုတင်ထုတ်ပေးခဲ့ပါသည်။ ယင်းဖိုင်များအနက် (၁၂-၉-၂၀၂၁) ရက်နေ့အထိ(၁၀၆၁)ဖိုင် အပြီးသတ်ရှင်းလင်းခဲ့ပြီး (၅၇၄) ဖိုင်စာရင်းရှင်းလင်းရန် ကျန်ရှိနေပါသည်။


၃။ ထုတ်ယူပြီး အပြီးသတ်ရှင်းလင်းရန်ကျန်ရှိနေသာ သက်ဆိုင်ရာ ကုမ္ပဏီများသည် (၃၀.၉.၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်ရှင်းလင်းပေး ရမည်ဖြစ်ပါသည်။
၄။ ထို့အပြင်လေဆိပ်(ကုန်လှောင်ရုံ) တွင် လေကြောင်းလိုင်းအသီးသီးမှ ရောက်ရှိ နေသော ဆေးနှင့်ဆေးပစ္စည်းများအား အမြန်ဆုံးလာရောက်ရှင်းလင်းထုတ်ယူကြရ မည်ဖြစ်ပါသည်။ လေဆိပ် (ကုန်လှောင်ရုံ) တွင်ရောက်ရှိနေသော ဆေးနှင့်ဆေးပစ္စည်းများ၊ အမြန်လာရောက်ထုတ်ယူကြရန် ကိုယ်တိုင်တာဝန်ခံမှုဖြင့်ထုတ်ယူပြီး အပြီးသတ်ရှင်းလင်း ရန်ကျန်သော ဖိုင်များအား လာရောက်ရှင်းလင်းကြရန်နှင့် လာရောက်ထုတ်ယူခြင်း၊ စာရင်း ရှင်းလင်းခြင်းမပြုသော သက်ဆိုင်ရာကုမ္ပဏီများအား အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

အကောက်ခွန်ဦးစီးဌာန

 

241431033_1218705921961647_9198872650807741619_n.jpg

 

 
Read times
Rate this item
(0 votes)