What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 August 2021 18:40

ဒေါနယ်ထရန့် သုံးခဲ့တဲ့ Regen-Cov ကို ကိုဗစ်ကုသရန် ယူကေ အတည်ပြုခွင့်ပြု

ဒေါနယ်ထရန့် အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်စဉ်က သူ့ကို ကိုဗစ်ကုသတဲ့အခါ သုံးစွဲခဲ့တဲ့ ပဋိပစ္စည်း စပ်ဆေး antibody cocktail ကို ယူကေမှ

ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံက ဗိုင်းရပ်စ်ကို တိုက်ပွဲဝင်ဖို့ လူဖန်တီးတဲ့ ပဋိပစ္စည်းတုဖြင့် ကုသတာ ပထမဆုံးနိုင်ငံ ဖြစ်လာပါတော့မယ်။
ဗြိတိန်မှာ Ronapreve လို့ သိထားကြပြီး အမေရိကန်မှာတော့ Regen-Cov လို့ သိထားကြတဲ့ထိုးဆေး ဖြစ်ပါတယ်။

အဲဒီဆေးကို အမေရိကန်မှ ဇီဝနည်းပညာ ကုမ္ပဏီ Regeneron က Medicines and Healthcare products Regulatory Agency (MHRA) ကျောထောက်နောက်ခံဖြင့် ထုတ်လုပ်ပါတယ်။ Regeneron နဲ့ ဆွစ် ဆေးဝါးလုပ်ငန်း Roche တို့ လက်တွဲလုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

သဘာဝ ပဋိပစ္စည်းကို တူပထားတဲ့ ပဋိပစ္စည်းတုကို ကိုယ်တွင်းမှာ ထုတ်လုပ်ပေးပြီး ပိုးဝင်တာကို တွန်းလှန်ဖယ်ရှားပစ်ပါတယ်။

လက်တွေ့စမ်းသပ်မှုတွေအရ ကိုဗစ်ပိုး ကူးစက်ခြင်းကို တာဆီးဖို့ အထောက်အကူဖြစ်ကြောင်း တွေ့ရတယ်။
ရောဂါပြင်းထန်တဲ့ လူနာတွေမှာ ဆေးရုံတက်ရစေတဲ့ ရောဂါလက္ခဏာတွေလည်း လျှော့ချပေးတယ်။ ဒါပေမဲ့ ကူးစက်မှု ဖြစ်ပွားပြီး ဆောလျင်စွာ ဆေးကို သုံးစွဲဖို့တော့လိုပါတယ်။

Ronapreve လို သိကြတဲ့ ဆေးဟာ ပဋိပစ္စည်းတု ထုတ်ပေးတဲ့ဆေးတွေထဲမှာ ယူကေမှာ ပထမဆုံး အတည်ပြုချက် ရရှိခဲ့တဲ့ဆေး ဖြစ်ပါတယ်။


လက်ရှိ ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ရေး ထိုးဆေးက ထိထိရောက်ရောက် ကာကွယ်မှု မရတဲ့သူတွေ၊ ဆေးရုံတက်ရမယ့် အခြေအနေ ရောက်ရှိနိုင်သူတွေကို ထောက်ကူပေးမယ့်ဆေး ဖြစ်ပါတယ်။

ကာကွယ်ဆေး အစားထိုးအဖြစ် သုံးစွဲဖို့ ရည်ရွယ်ချက်မရှိပါဘူး။

Read times
Rate this item
(0 votes)