What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 December 2019 14:31

သွေးလည်ပတ်မှု ကောင်းစေတဲ့ Cupping ကုထုံး



 


 


Related image



Image may contain: food

AIR CUPPING


 

WET CUPPING THERAPY


 

Cupping ကုထုံးနဲ့ ပတ်သက်ပြီး ကြွက်သားတင်းမာမှု နှင့် သွေးလည်မှုကို အားကောင်းစေရုံသာမက  အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိတ်ဆို့မှု အခြေအနေများ ၊ အဆစ် ၊ အစာခြေစနစ် ၊ ဝက်ခြံ ၊ ထိခိုက်မှုကြောင့် ရောင်ရမ်းခြင်း ၊ ရေယုန်ကြီး (ရေကျောက်ရောဂါ) ၊ မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း ၊ ခါး နှင့် လည်ပင်းရိုးဆက်ချပ်ပြားဝိုင်ကျွံခြင်း ၊ လည်ပင်းကနေ ခါးအောက်မြီးညှောင့်ရိုးနားအထိ နာကျင်ခြင်း စတဲ့ ဝေဒနာများကို သက်သာစေမှာ ဖြစ်ပါတယ်။

 



Related image


 

Written By Aung Win (Health Products Directory)

 

 

{Unicode}

======

ယခုခေတ်မှာ ခေတ်စားလာတဲ့ Cupping ကုထုံးဟာဆိုရင် သင့်ကို သွေးလည်ပတ်မှု အားကောင်းစေတယ်လို့ ပြောရင် သင်အနေနဲ့ ပထမဦးဆုံးကြားလိုက်ရတဲ့ စကားလည်း ဖြစ်ခြင်း ဖြစ်နေပါလိမ့်မည်။ USA Today မှ ထိုကုထုံး နှင့် ပတ်သက်ပြီး ကြွက်သားတင်းမာမှုကို ကုသရန် နှင့် သွေးစီးဆင်မှုကို တိုးတက်စေရန်အတွက် Cupping ကုထုံးကို အားကစားသမားများမှ ပိုပြီး အသုံးပြုလာတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

Subhuti Dharmananda, Ph.D., က ထို Cupping ကုထုံးနည်း ပညာ၏ သမိုင်းကြောင်းကို ရေးသားဖော်ပြထားသော် ဆောင်းပါးတွင် Cupping ကုထုံးနည်းကို တရုတ်ဟောင်ကောင်၏ သမိုင်းတွင် တစ်သက်တာ မှတ်တမ်းတင်ထားခြင်းခံရတဲ့ တရုတ်ကုသမှုလို့ သူ၏ အရေးပေါ်လက်စွဲစာအုပ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။ Cupping ကုထုံးတွင် ခန္ဓာကိုယ်ကို အပ်ဖြင့် အရာများပေး၍ Silicone ခွက်များဖြင့် သွေးများ စုပ်ထုတ်တဲ့ ကုထုံးလည်း ဖြစ်ပါတယ်။

 

ဒီလို သွေးများထွက်ရှိလာခြင်းက ခန္ဓာကိုယ်မှ သွေးများ အလျင်အမြန် စီးဆင်းသွားမှာ ဖြစ်ပြီး ၊ သွေးလည်ပတ်မှုကို တိုးလာစေမှာ ဖြစ်ပါတယ်။ များသောအားဖြင် ထိုကုထုံးကို နောက်ကျော ၊ ခြေထောက် ၊ လည်ပင်း နှင့် ပခုံး စတဲ့ ကြွက်သားများပေါ်တွင်သာ ပြုလုပ်လေ့ရှိပါတယ်။ တစ်ချိန်ထဲတွင် ခွက်တစ်ခွက်ပဲ အသုံးပြု၍ဖြစ်စေ ဒါမှမဟုတ် တစ်ခွက်အများဖြင့် ကုသနိုင်ပါတယ်။ ထို တစ်ခွက်တစ်ခွက် အနည်းဆုံး မိနစ် ၂၀ ခန့်ကြာလေ့ရှိပြီး သင့်ရဲ့ ခံနိုင်ရည်ရှိမှုအပေါ် မူတည်ပြီး ခွက်များကို ဖယ်ထုတ်လိုက်ရပါတယ်။

 

သွေးစုပ်ခွက်များကို ဖယ်ထုတ်တဲ့ အချိန်တွေမှာ ခန္ဓာကိုယ်တွင် ထင်ထင်ရှာရှာ အမှတ်မသားများ အနည်းငယ် ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းကတော့ Dry Cupping method နည်းလမ်းဖြစ်ပါတယ်။ နောက်ထက်နည်းလမ်းများက SLIDING CUPPING METHOD ၊ AIR CUPPING THERAPY နဲ့ WET CUPPING THERAPY ဆိုပြီး ထက်ရှိပါသေးတယ်။

Related image

SLIDING CUPPING METHOD

ဒီနည်းလမ်းကိုတော့ ကြွက်တတ်ခြင်း ဒါမှမဟုတ် ကြွက်သားများ မခံရက်နိုင်အောင် နာကျင်ခြင်း ၊ ချောင်းဆိုးခြင်းနဲ့ ပတ်သက်ပြီး အစရှိတဲ့ ဝေဒနာများအတွက် အသုံးပြုနဲ့ ကုထုံးနည်းလမ်း ဖြစ်ပါတယ်။ ထိုကုထုံးနည်းလမ်းတွင် ခန္ဓာကိုယ်တွင် ဆီများသုံးလိမ်းပြီး အနှိပ်ခံပြီး ကုသရပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်း ကြွက်သားများ အကြား သွေးလည်ပတ်မှုကို အားပေးရောက်ပြီး သင့်ရဲ့ နာကျင်မှုတွေကို လျော့ချပေးမှာ ဖြစ်ပါတယ်။

 

AIR CUPPING

AIR CUPPING ကုထုံးကတော့ ခန္ဓာကိုယ်ပေါ်တွင် စုပ်ခွက်ကို အပူပေးပြီး ကပ်၍ လေကို ခွက်၏ ပြင်ပသို့ စုပ်ထုတ်ပြီး ကုသတဲ့ ကုထုံးနည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

Image may contain: food

WET CUPPING THERAPY

WET CUPPING THERAPY နည်းလမ်းကတော့ တရုပ်တို့၏ အပ်စိုက်ကုထုံးနည်းလမ်း တစ်မျိုးဖြစ်ပြီး အခုအခါမှာတော့ စုပ်ခွက်ကို အသုံးပြုလာတာလည်း ဖြစ်ပါတယ်။ အပ်စိုက်ကုထုံးကတော့ ခန္ဓာကိုယ်မှ သွေးများ ထွက်ရှိဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ဒီကုထုံး နည်းလမ်းကတော့ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ပိုထွက်စေပြီး ရောင်ရမ်းမှုများ သက်သာစေပါတယ်။

 

Cupping ကုထုံးနဲ့ ပတ်သက်ပြီး ကြွက်သားတင်းမာမှု နှင့် သွေးလည်မှုကို အားကောင်းစေရုံသာမက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိတ်ဆို့မှု အခြေအနေများ ၊ အဆစ် ၊ အစာခြေစနစ် ၊ ဝက်ခြံ ၊ ထိခိုက်မှုကြောင့် ရောင်ရမ်းခြင်း ၊ ရေယုန်ကြီး (ရေကျောက်ရောဂါ) ၊ မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း ၊ ခါး နှင့် လည်ပင်းရိုးဆက်ချပ်ပြားဝိုင်ကျွံခြင်း ၊ လည်ပင်းကနေ ခါးအောက်မြီးညှောင့်ရိုးနားအထိ နာကျင်ခြင်း စတဲ့ ဝေဒနာများကို သက်သေစေမှာ ဖြစ်ပါတယ်။

 

Cupping ကုထုံးကို မပြုလုပ်သင့်သူများ 

အသက် ၄ နှစ်အောက်ကလေးများ ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ၊ ဆေးကုသမှု ခံယူနေသူများ ၊ သက်ကြီးရွယ်အိုများ ၊ သွေးပေါင်မတိုင်းတာပဲ Cupping ကုထုံး မပြုလုပ်ရ ၊ အမျိုးသမီးများ ရာသီစက်ဝန်းချိန်တွင် မပြုလုပ်ရ ၊ အစာအိမ်အနာ နှင့် အရေပြားယားယံသူများ ၊  ကိုယ်တွင်း အင်္ဂါရောဂါ နှင့် ရောဂါ တစ်ခုခု ခံစားနေရသူများ ၊ စိတ်ထိခိုက် လွယ်သူများ အစရှိတဲ့ သူများကတော့ Cupping ကုထုံး နည်းလမ်းကို မပြုလုပ်သင့်ပါဘူး။ Cupping ကုထုံးကလည်း ဆရာဝန်များနှင့် တိုင်ပင်ပြီး ပြုလုပ်သင့်ပါတယ်။

Related image

Cupping ကုထုံးနည်းလမ်း အိုလံပစ် အားကစားသမား အတော်များများက ကြွက်သားတင်းမာမှု သို့မဟုတ် နာကျင်မှု နှင့် သွေးပတ်လည်မှု အားကောင်းစေဖို့ အတွက် Cupping ကုထုံးနည်းလမ်း အားပေးထောက်ခံကြပါတယ်။ Cupping ကုထုံးပြုလုပ်တဲ့ အခါတွင် အနှိပ်ခံပြီး ပြုလုပ်ခြင်းက သိသိသာသာ အကျိုးရှိမှာကို သင်ကိုယ်တိုင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Read times Last modified on Wednesday, 18 December 2019 14:58
Rate this item
(1 Vote)