What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 February 2022 09:47

IVF နည်းဖြင့် ၃မြွှာပူး မွေးသည့်မိခင်

IVF နည်းဖြင့် ၃မြွှာပူး မွေးသည့်မိခင်

IVF နည်းဖြင့် ၃မြွှာပူး မွေးသည့်မိခင် တရုတ်အမျိုးသမီးကို ကလေးများကို မပြည့်စုံသည့် မိသားစု ပေးအပ်တယ်လို့ ဝေဖန်ခံရပါတယ်။

single တရုတ်အမျိုးသမီးက vitro fertilisation (IVF) treatment ဖြင့် ကိုယ်ဝန်ရယူခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိသူ Li Xueke က တရုတ်ပြည် အရှေ့ပိုင်း ရှန်ဒေါင်မှ လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။
သူမက ချစ်ခြင်းမေတ္တာ အလုံအလောက် ရှိနေသရွေ့ မိသားစုက နွေးထွေးပြည့်စုံပါတယ်လို့ တုံ့ပြန်ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်တုန်းက မိခင်တစ်ဦး ဖြစ်ဖို့ Li Xueke ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ထိုင်းနိုင်ငံသို့ သွားရောက်ပြီး IVF treatment ရယူခဲ့ပါတယ်။ ဗြိတိသျှလူဖြူတစ်ဦးရဲ့ သုတ်ပိုးများကို အသုံးပြုခဲ့ပါတယ်။
ကိုယ်ဝန်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက် ၃ မြွှာပူး မွေးပါတယ်။

 

280122_chinaladyivftriplets_Baidu.jpg

 

၃ မြွှာပူး မွေးဖွားပြီးနောက် Li Xueke က ကလေးတွေကို ဗီဒီယိုရိုက်ပြီး တရုတ်ပြည်မှ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ဖြစ်တဲ့ Douyin နှင့် Xiaohongshu တို့မှာ မကြာမကြာ တင်ပါတယ်။
လင်မရှိဘဲ ကလေးတွေ မွေးထားတာအတွက် ဝေဖန်ခံရပါတယ်။ အထူးသဖြင့် အမျိုးသားများက ဝေဖန်ကြပါတယ်။

ဆေးပညာ အကူအညီဖြင့် ယခုလို ကလေးယူတဲ့အတွက် ဖခင်မဲ့ ကလေးတွေ စိတ်ထဲ ဘယ်လိုခံစားကြရမလဲဆိုတာ ထည့်မစဉ်းစားဘူးလို့ အပြစ်တင်ကြပါတယ်။
"ကျွန်မကို အမေကပဲ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အမေ့လက်ထဲမှာပဲ ကြီးပြင်းခဲ့ပါတယ်
အမေက ကျွန်မကို ချစ်ခြင်းမေတ္တာ လုံလုံလောက်လောက် ပေးအပ်တယ်။ အခုလို အဖေ မရှိလို့ ကျွန်မ စိတ်ဓာတ် ပိုမာခဲ့တယ်။ ဖခင်အပေါ် မှီခိုခြင်း မရှိဘဲ ကိုယ့်‌ေြခထောက်ပေါ် ရပ်တည်ခဲ့တယ်။ ကျွန်မ ခွန်အား ပိုစိုက်ထုတ်ဖြစ်ပါတယ်" လို့ Li Xueke က ကိုယ်ပိုင် အတွေ့အကြုံဖြင့် ပြန်ရှင်းပြပါတယ်။
"ကျွန်မရဲ့ ကလေးတွေကို မေတ္တာအပြည့်ရှိတဲ့ အိမ်မှာ ကြီးပြင်းစေမယ်ဆိုရင် သူတို့မှာ အဖေ ရှိတာ မရှိတာ အကြောင်းမဟုတ်ပါဘူး။ ကျွန်မကလေးတွေကို ချစ်ခြင်းမေတ္တာတွေ အများကြီး ပေးနေတယ်" လို့ Li Xueke က ပြောပြပါတယ်။

အခုလို ဆေးပညာအကူအညီဖြင့် ကလေးယူတာကို ထောက်ခံအားပေးတဲ့ သူတွေလည်း ရှိပါတယ်။

Li Xueke ဇာတိက Shandong မှ Heze ဖြစ်ပါတယ်။
ဆယ်ကျော်သက်မှာ မော်ဒယ်အဖြစ် အလုပ်စလုပ်ခဲ့ပါတယ်။ နောက်တော့ သူက မော်ဒယ်သင်တန်းကျောင်း ဖွင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ e-commerce ကဏ္ဍမှာ ကုမ္ပဏီများ ထူထောင်ပြီး brand စီမံရေး လုပ်ကိုင်ပါတယ်။ သူရတဲ့ ကိုယ်ပိုင်ဝင်ငွေဖြင့် နေထိုင်ပါတယ်။
အသက် ၃၀ နှစ် မပြည့်ခင် ဘယ်နည်းနဲ့ဖြစ်ဖြစ် ကလေးယူမယ်လို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ သင့်တော်တဲ့သူနဲ့ မဆုံဆည်းခဲ့ဘူး။ ချစ်သူအချို့ ရှိခဲ့ဖူးသော်လည်း ကြာကြာမတည်တံ့ခဲ့ပါဘူး။

အမျိုးသမီးတွေ အသက်ကြီးမှ ကလေးယူရင် အခက်အခဲ ရှိတတ်တာကြောင့် သူက ဆေးပညာ အကူအညီဖြင့် ကလေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လက်ထပ်စာချုပ် မပြနိုင်ရင် ဆေူရုံတွေက IVF treatment ပေးခွင့် မရှိဘူး။ ဒီတော့ Li Xueke က ထိုင်းနိုင်ငံသို့ သွားရောက်ပြီး IVF treatment ရယူခဲ့ပါတယ်။

သူက သုတ်ပိုးရွေးချယ်တဲ့အခါ နိုင်ငံခြားသား သုတ်ပိုးကို ရွေးချယ်ခဲ့ပါတယ်။ သွေးနှော ကပြား ကလေးတွေက ပိုချောပိုလှတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ နောက်ထပ်ကိစ္စတစ်ခုက တရုတ်သူဌေးနဲ့ တိတ်တိတ်ပုန်း ညားပြီးမွေးထားတာလို့ Heze မှာ နေကြသူအချို့က အတင်းအဖျင်း ပြောဆိုစွပ်စွဲခံရမှာ စိုးလို့ ဖြစ်ပါတယ်။

ပထမအကြိမ် IVF treatment ယူတာမှာ မမျိုးဥ နှစ်ခု မျိုးမအောင်ခဲ့ပါဘူး။
ဒုတိယအကြိမ် ထပ်မံကြိုးစားတဲ့အခါ ဆရာဝန်တွေက မမျိုးဥ ၃ ခု သုံးစွဲပါတယ်။ တစ်ဥ မမောင်လျှင် ကျန်ဥတွေ မျိုးအောင်မယ်လို့ သေချာစေချင်လို့ ဖြစ်ပါတယ်။
၃ ဥ စလုံး မျိုးအောင်သွားခဲ့ပါတယ်။ ဆရာဝန်တွေက အရေအတွက် လျှော့ချဖို့ အကြံပေး တိုက်တွန်းပေမဲ့ Li Xueke က ငြင်းဆန်ပါတယ်။ သန္ဓေခဲ ၃ ခုစလုံးကို သူ ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ပါတယ်။
"အသက်တစ်ခု အဆုံးခံရမှာကို ကျွန်မ မလိုလားဘူး" လို့ ပြောပါတယ်။

IVF treatment ယူတာကို Li Xueke ရဲ့ မိခင်က အစပိုင်းမှာ မထောက်ခံဘူး။ မိခင်တစ်ဦးတည်းဖြင့် ကလေးတွေကို ပြုစုပျိုးထောင်ရတာ မလွယ်ဘူးလို့ ပြောပါတယ်။ Li Xueke ၃ နှစ်သမီး အရွယ်မှာ လင်မယားကွဲခဲ့ပြီး မိခင်က Li Xueke ကို တာဝန်ယူခဲ့တာကြောင့် ဖခင်မရှိဘဲ ကလေးကို ပြုစုပျိုးထောင်ရတဲ့ ဒုက္ခတွေကို ကောင်းကောင်းသိနေပါတယ်။
Li Xueke က မိခင်ကို အသိမပေးဘဲ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။
ကလေးတွေမွေးပြီး တစ်လအကြာကျမှ မိခင်ကို အသိပေးခဲ့ပါတယ်။

 

280122_chinaladyivftriplets2_Baidu.jpg

 

အစောပိုင်းမှာတော့ Li Xueke က လူသိမခံခဲ့ဘူး။ ကလေးတွေ တစ်လအရွယ်ကျမှ WeChat မှ ပို့စ် တင်ခဲ့ပါတယ်။

"ကျွန်မ လုပ်စရာရှိတာ လုပ်ပြီးပြီ။ ကျွန်မ ဖုံးကွယ်မထားသင့်ဘူး။ ကလေးတွေ အမှန်အတိုင်း ရင်ဆိုင်ကြဖို့ လိုတယ်။ သူတို့ ကြီးလာရင် ကျွန်မ ဘယ်လိုဆုံးဖြတ်ပြီး လုပ်ကိုင်ခဲ့တယ် ဆိုတာ သူတို့ကို ရှင်းပြပါမယ်။ သူတို့ လျူ့လာကထဲ ဘယ်လို ရောက်လာကြသလဲဆိုတာ အမှန်အတိုင်း အသိပေးမယ်။ တခြားသူတွေကိုလည်း အခုကတည်းက ဖုံးကွယ်မထားဘူး" လို့ Li Xueke က ပြောကြားပါတယ်။

Read times Last modified on Wednesday, 02 February 2022 09:49
Rate this item
(0 votes)