What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 January 2021 21:10

Sinovac ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေး အလုံးရေ ၁.၈ သန်း အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး အလုံးရေ ၁.၈ သန်းသည် အင်ဒိုနီးရှားနိုင်ငံသို့ ဒီဇင်ဘာ ၃၁ ရက်က ရောက်ရှိလာကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

 

ယခုအကြိမ်သည် အင်ဒိုနီးရှားနိုင်ငံအတွက် Sinovac ကာကွယ်ဆေး ဒုတိယအသုတ်ပေးပို့ခြင်းဖြစ်ကြောင်း အလုံးရေ ၁.၂ သန်း ပါဝင်သော ပထမအသုတ်သည် ဒီဇင်ဘာ ၆ ရက်တွင် ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားခဲ့သည်။

 

“ယခုတစ်ကြိမ် ကာကွယ်ဆေးတွေ ရောက်ရှိလာတာနဲ့ဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ Sinovac ကာကွယ်ဆေး အလုံးရေ သုံးသန်းရှိနေပြီဖြစ်ပါတယ်”ဟု Marsudi က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောခဲ့သည်။

 

ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ကာကွယ်ဆေးထိုးခြင်းသည် COVID-19 ကပ်ရောဂါကိုတိုက်ဖျက်ရန် အင်ဒိုနီးရှားနိုင်ငံ၏ အဓိက မဟာဗျူဟာများအနက် တစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပြီး “ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ပြီးစီးဖို့ ၁၂ လ ကျော်လောက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးစည်းမျဥ်းစည်းကမ်းများကို အမြဲလိုက်နာသွားရမှာပါ” ဟု ဆိုသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ကိုယ်ခံစွမ်းအားရှိသော ပြည်သူလူထု ဖြစ်ပေါ်စေရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ရန်အလို့ငှာ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ လူဦးရေ ၁၈၁.၅ သန်းကို ကာကွယ်ဆေးထိုးနှံရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

 

ကာကွယ်ဆေးထိုးနှံခြင်း ပထမပိုင်းကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းဦးရေ ၁.၃ သန်း၊ ပြည်သူ့ဝန်ထမ်း ၁၇.၄ သန်းနှင့် သက်ကြီးရွယ်အို ၂၁.၅ သန်းကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် ကာကွယ်ဆေးထိုးနှံခြင်း ဒုတိယကာလကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကူးစက်နိုင်ခြေမြင့်မားသော လူဦးရေ ၆၃.၉ သန်းနှင့် အခြားအုပ်စုများမှ လူဦးရေ ၇၇.၄ သန်းကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(Xinhua)

Read times Last modified on Saturday, 02 January 2021 13:45
Rate this item
(0 votes)