What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 14 November 2020 16:51

နေရောင်မှာ ပိုးတွေ 99.9999% သေစေတဲ့ မတ်စ်

COVID-19 ကူးစက်ရောဂါကာလအတွင်း များစွာသောသူတို့သည် အများပြည်သူ သွားလာကြသည့် နေရာများတွင်

အဝတ်မတ်စ်များ ဝတ်ဆင်လေ့ရှိသည်။ သို့သော် ထိုမတစ်ပေါ် ကပ်တွယ်ထားသော ဗိုင်းရပ်စ်များနှင့် ဗက်တီးရီးယားများသည် ကူးစက်တတ်သည်။ မတ်စ် ဝတ်ဆင်သူမှ မတ်စကို လက်ဖြင့် ကိုင်တွယ် ဖယ်ရှားခြင်း သို့မဟုတ် ထိမိသည့်အခါ လက်တွင် ပိုးများ ကပ်ပါသွားရာမှ ကူးစက်မှု ဖြစ်ပွားတတ်သည်။ မတ်စ်ကို စနစ်တကျ မစွန့်ပစ်သဖြင့် အခြားသူများကို ကူးစက်စေတတ်သည်။

ACS Applied Materials & Interfaces မှ သုတေသီများသည် အထူးမတစ်တစ်မျိုးကိုတီထွင်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ နေ့ဘက် နေရောင်အောက်တွင် မိနစ် ၆၀ အတွင်း ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်များ ၉၉.၉၉၉၉% အထိ သေစေနိုင်သည်ဟု ဆိုသည်။

အမျိုးမျိုးသော အထည်ပစ္စည်းများဖြင့် ပြုလုပ်ထားသော မတ်စ်များသည် အရွယ်အစား အလွန်တရာ သေးငယ်သော (နာနိုအရွယ်) အမှုန်များကို စစ်ထုတ်နိုင်သည်။ ဥပမာ - ချောင်းဆိုးခြင်း၊ နှာချေခြင်၊ စကားကျယ်ကျယ် ပြောရသဖြင့် တံတွေးစင်ခြင်း စသည်တို့မှ ထုတ်လွှတ်သော အမှုန်များကို ဆန်ကာခံပြီး စစ်ပေးထားသည်။ သို့ဖြစ်ရာ အခြားသူများ မကူးစက်အောင် လုပ်ပေးသည်။ သို့သော် မတ်စ်ပေါ်တွင် တွယ်ကပ်‌နေသေ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များ ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည်။ ပိုးသတ်ပေးခြင်း မပြုချေ။
ယခု တီထွင်ထုတ်လုပ်သည့် မတ်စ်သည် ပိုးသတ်ပေးသည်။ reactive oxygen species (ROS) ဓာတုမော်လီကျူးများ ထုတ်ပေးပြီး ပိုးများကို သေစေသည်။ ထိုသို့ ROS ဓာတု မော်လီကျူးများ ဓာတ်ပြုပြီး ထုတ်ပေးအောင် မတ်စ်ကို နေရောင်အောက်တွင် ထားရှိဖို့ လိုအပ်ပြီး မတ်စ်ပေါ်မှ ပိုးများသေစေရန် အချိန် တစ်နာရီနီးပါး ကြာမြင့်မည် ဖြစ်ရာ နေရောင်အောက်တွင် ဆက်တိုက် တစ်နာရီကြာအောင် မတ်စ်ကု ထားပေးရမည် ဖြစ်သည်။ ထိုသို့ နေရောင်အောက်တွင် ROS ဓာတု မော်လီကျူးများ ထုတ်ပေးနိုင်သည့် အထည်သားကို တီထွင်ထုတ်လုပ်ပြီး မတ်စ် ချုပ်လုပ်ပေးထားခြင်းဖြစ်သည်။
ထိုမတ်စ်ကို ရေလျှော်ပြီး ပြန်ဝတ်ဆင်လျှင်လည်း ပိုးသတ်ပေးနေဦးမည် ဖြစ်သည်။
ထိုမတ်စ် သုတေသနကို COVID-19 Research Accelerator Funding Track Program ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။


Reference: “Daylight-Induced Antibacterial and Antiviral Cotton Cloth for Offensive Personal Protection” by Peixin Tang, Zheng Zhang, Ahmed Y El-Moghazy, Nicharee Wisuthiphaet, Nitin Nitin and Gang Sun, 22 October 2020, ACS Applied Materials & Interfaces.

Read times
Rate this item
(0 votes)