What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 August 2021 20:27

ဆေးဝါးများ လက်လီ/လက်ကားရောင်းချရန် ဒုတိယမြောက် အရောင်းပြခန်း(၂) ဖွင့်လှစ်မည်

ဆေးဝါးများ လက်လီ/လက်ကားရောင်းချရန် ဒုတိယမြောက် အရောင်းပြခန်း(၂) ဖွင့်လှစ်မည်

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ စီစဉ်မှုဖြင့် ပြုလုပ်မည့် “ဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ်”၏ ဒုတိယမြောက်ဖွင့်လှစ်မည့် အရောင်းပြခန်း(၂) တွင် ပါဝင်ပြသရောင်းချလိုသည့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများအား အသိပေး အကြောင်းကြားထားပါသည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ် ကုသရေးနှင့်သက်ဆိုင်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများအား ဝယ်ယူရန်လိုအပ်နေသော မိဘပြည်သူများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင်လက်မှတ် (DRC) ရရှိထားသော အရည်အသွေး မှန်ကန် စိတ်ချကောင်းမွန်သည့် ဆေးဝါးများအား တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း လိုအပ်သလို ရှာဖွေဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ အရောင်းပြခန်း(၁)အား ၁၆ -၈-၂၀၂၁ခု မှစပြီး
အမှတ်-၁၀၄/၁၀၈ ကမ်းနားလမ်း
လွတ်လပ်ရေးရပ်ကွက်၊
(ကွင်းကျောင်းမီးပွိုင့်အနီး)
အလုံမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြသ ရောင်းချပေးလျက် ရှိပါသည်။

ယခုအခါ မိဘပြည်သူများ ပိုမိုအဆင်ပြေစွာဖြင့် ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းပြခန်း(၂) အား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်၍ ဆေးဝါးများအား လက်လီ/လက်ကား ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အရောင်းပြခန်း(၂)တွင် ပြုလုပ်မည့် “ဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ်" တွင် ပါဝင်ပြသရောင်းချပေးလိုသည့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့်
အသင်းရုံးဖုန်း

0940136682

09401366813

 

တို့ထံသို့ ဆက်သွယ် စာရင်းပေးနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

"ဆေးဝါးများ လက်လီ/လက္ကား ရောင်းချသည့် အစီအစဉ်"
နေ့ရက် (တနင်္လာနေ့မှ သောကြာနေ့အထိ) တစ်ပတ် (၅)ရက်။
အချိန် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ
နေရာ ပန်းဘဲတန်းမြို့နယ် ၊
ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ် လမ်းထောင့်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန
ရန်ကုန်တိုင်းဒေသကြီး။

 

236064959_1718677491854678_4419681414042804879_n.jpg

Read times Last modified on Wednesday, 18 August 2021 20:32
Rate this item
(0 votes)