What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 16:56

ခန္ဓာကိုယ်အတွက် လိုအပ်သော အားဆေးငါးမျိုး

ခန္ဓာကိုယ်က လိုအပ်နေတဲ့ အာဟာရဓာတ်တွေထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ် အများစုက နေ့စဉ် စားနေကျ အစာတွေကနေ အလုံအလောက် ရနိုင်ပေမယ့် တချို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကတော့ အစားအစာနဲ့တင် မလုံလောက်ဘဲ ဖြည့်စွက် အားဆေးအနေနဲ့ သုံးဆောင်ဖို့ လိုပါတယ်။ 

အောက်ပါတို့ကတော့ အိမ်မှာ ဆောင်ထားသင့်၊ နေ့စဉ် သုံးဆောင်သင့်တဲ့ ဖြည့်စွက်အားဆေး ငါးမျိုးပဲ ဖြစ်ပါတယ်။


မဂ္ဂနီဆီယမ် (Magnesium)

ဘယ်လောက် လိုသလဲ ။ အမျိုးသမီးတွေအတွက် တစ်နေ့ကို ၃၂၀ မီလီဂရမ်နဲ့ အမျိုးသားတွေအတွက် တစ်နေ့ကို ၄၂၀ မီလီဂရမ် လိုအပ်ပါတယ်။


ဘာကြောင့် ချို့တဲ့နေသလဲ

စိတ်ပင်ပန်းလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ပင်ပန်းလို့ပဲ ဖြစ်ဖြစ် စိတ်ဖိစီးပါက ခန္ဓာကိုယ်ထဲ သိုလှောင်ထားတဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေကို အသုံးပြုလိုက်ရပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုလျော့အောင် သောက်လေ့ရှိတဲ့ ကော်ဖီနဲ့ အရက်၊ ဘီယာတို့ကလည်း ပိုဆိုးစေပါတယ်။ အီစထရိုဂျင် ဟော်မုန်းပမာဏ များစွာပါရှိတဲ့ သန္ဓေတားဆေးတွေကလည်း မဂ္ဂနီဆီယမ်ကို အစားအစာမှ စုပ်ယူနိုင်စွမ်း လျော့ကျစေပါတယ်။

ဘာကောင်းစေနိုင်သလဲ

စွမ်းအင် ထုတ်လုပ်ပေးသလို နှလုံးလုပ်ဆောင်မှုကို ပုံမှန် ဖြစ်စေပါတယ်။ မဂ္ဂနီဆီယမ် အားဆေးက သွေးတိုး ရောဂါရှိသူတွေမှာ သွေးပေါင်ကျစေသလို အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဘယ်လို သောက်ရမလဲ

ဇင့်ဓာတ်အားဖြည့်ဆေးကို သောက်နေသူဖြစ်ပါက အနည်းဆုံး လေးနာရီခြားပြီးမှ မဂ္ဂနီဆီယမ်အားဆေးကို သောက်ပေးသင့်ပါတယ်။ ဒီဓာတ်နှစ်ခုစလုံးက သတ္တုဓာတ်တွေ ဖြစ်နေတာကြောင့် နှစ်ခု တွဲသောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ စုပ်ယူရာမှာ အပြိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်ခြားပြီးမှ သောက်ပါ။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့ အစာတွေစားရင်လည်း သတိထားပါ။ ဘာကြောင့်လဲဆိုတော့ မဂ္ဂနီဆီယမ်က အမျှင်ဓာတ်နဲ့ ပေါင်းပြီး ခန္ဓာကိုယ်က စွန့်ထုတ်ရာမှာ ပါသွားနိုင်တာကြောင့်ပါ။ ပဋိဇီဝ ပိုးသတ်ဆေး သောက်နေရရင်လည်း အချိန်ခြားပြီးမှ မဂ္ဂနီဆီယမ် အားဆေးသောက်ပါ။ မဂ္ဂနီဆီယမ်ဓာတ်က ပဋိဇီဝပိုးသတ်ဆေးရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်တာကြောင့် ဆေးစွမ်း လျော့နည်းနိုင်တာကြောင့်ပါ။

 

ဖောလစ်အက်စစ်(Folic Acid/ Folate)


ဘယ်လောက် လိုသလဲ။ အမျိုးသားရော အမျိုးသမီးအတွက်ပါ တစ်နေ့ကို ၄၀၀ mcg လိုအပ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ၆၀၀ mcg လိုအပ်ပါတယ်။ ဘာကြောင့် ချို့တဲ့နေသလဲ အစားအစာတွေထဲမှာပါတဲ့ ဖောလစ်အက်စစ်ဟာ အပူနဲ့တွေ့ရင် အစွမ်းလျော့နည်းသွားပါတယ်။ ဒါကြောင့် ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို တို့စရာလို အစိမ်းမစားဘဲ ချက်စား၊ ကြော်စားပါက ဖောလစ်အက်စစ် ချို့တဲ့နိုင်ပါတယ်။ ဒါ့အပြင် အရက်သေစာကလည်း ဖောလစ်အက်စစ် စုပ်ယူမှုကို နှောင့်ယှက်တာကြောင့် ညစာနဲ့ တွဲသောက်ရင် ဖောလစ်အက်စစ်ကို ကောင်းကောင်းစုပ်ယူနိုင်မှာ မဟုတ်တော့ပါဘူး။


ဘာကောင်းစေနိုင်သလဲ

ဖောလစ်အက်စစ် ချို့တဲ့ပါက MTHFR လို့ခေါ်တဲ့ ဗီဇပါရှိတဲ့ တချို့လူတွေမှာ အူကင်ဆာ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။ ဒါ့ပြင် သတိမေ့တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေးငယ် အင်္ဂါအစိတ်အပိုင်း ပြည့်ပြည့်စုံစုံနဲ့ ကျန်းမာကြံ့ခိုင်အောင် ကူညီပေးသလို လူကြီးတွေရဲ့ နှလုံးအတွက်လည်း ကောင်းစေပါတယ်။


ဘယ်လို သောက်ရမလဲ

အစားအစာထဲမှာပါတဲ့ ဖောလစ်အက်စစ်ထက်စာရင် အားဆေးမှာပါတဲ့ ဖောလစ်အက်စစ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း နှစ်ဆပိုများပါတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်ဘီ အားဆေး တွဲပြီးထုတ်လုပ်ထားတဲ့ အားဆေးကို သောက်ပါက ပိုကောင်းပါတယ်။

 

ဇင့် (Zinc)

ဘယ်လောက် လိုသလဲ။အမျိုးသမီးတွေအတွက် တစ်နေ့ကို ၈ မီလီဂရမ် (8 mg) လိုအပ်ပြီး အမျိုးသားတွေအတွက် ၁၄ မီလီဂရမ် လိုအပ်ပါတယ်။

ဘာကြောင့် ချို့တဲ့နေသလဲ

ဇင့်ဓာတ်ဟာ နေ့စဉ်စားနေကျ အစားအစာထဲကနေ အလုံအလောက် မရနိုင်ပါဘူး။ ဇင့်ဓာတ် အလုံအလောက် ရဖို့ဆိုရင် တစ်နေ့ကို ဖရုံစေ့ ခွက်တစ်ဝက် ဒါမှမဟုတ် ခုံးတစ်ဒါဇင်လောက် စားမှရမှာပါ။ ဒါကြောင့် ဖြည့်စွက်အားဆေးအနေနဲ့ သုံးဆောင်သင့်ပါတယ်။ ဘာကောင်းစေနိုင်သလဲ အာရုံကြော လုပ်ငန်းဆောင်တာ ကောင်းစေဖို့ လိုအပ်သလို အသားအရေ ကျန်းမာ စိုပြည်အောင်လည်း အထောက်အကူပြုပါတယ်။ အမျိုးသားတွေမှာ မျိုးပွားနိုင်စွမ်းကိုလည်း မြှင့်ပေးပါတယ်။ ကိုယ်ခံစွမ်းအားလည်း ကောင်းစေပါတယ်။ ဇင့်ဓာတ်ချို့တဲ့ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးကို ခံနိုင်ရည်ရှိမှု လျော့နည်းတတ်ပါတယ်။ ဒါ့အပြင် ဇင့်ဓာတ်ဟာ နှလုံးရောဂါကိုလည်း တိုက်ဖျက်ပေးပါတယ်။ ဘယ်လို သောက်ရမလဲ ဇင့်ဓာတ်အားဆေးကို ညဘက်မှာ သောက်သင့်ပြီး ဇင့်ဓာတ်အားဆေးနဲ့အတူ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အရက် တွဲမသောက်သင့်ပါ။ မဂ္ဂနီဆီယမ်ဓာတ်လိုပဲ ဇင့်ဓာတ်ကလည်း တခြားသတ္တုဓာတ် (အထူးသဖြင့် ကယ်လ်စီယမ်ဓာတ်) တို့နဲ့အတူ သောက်ပါက ခန္ဓာကိုယ်မှ စုပ်ယူနိုင်စွမ်း လျော့နည်းတတ်ပါတယ်။ ဒါကြောင့် စိတ်ချရအောင် ဇင့်ဓာတ်အားဆေး သောက်ပြီး လေးနာရီအတွင်း ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာ မစားသောက်မိအောင် သတိထားရပါမယ်။

 

ဗီတာမင်ဒီ (Vitamin D)

ဘယ်လောက် လိုသလဲ။ နေ့စဉ် အမျိုးသားရော အမျိုးသမီးပါ တစ်နေ့ကို ၅ မိုက်ခရိုဂရမ် (5 mcg) လိုအပ်ပြီး အသက် ၅၀ ကျော်ရင် 10 mcg လိုအပ်ပါတယ်။

ဘာကြောင့်ချို့တဲ့နေသလဲ

ဗီတာမင်ဒီ ရရှိရာ အဓိကဇာစ်မြစ်က နေရောင်ခြည်ပါ။ နေပူရင် အသားမည်းမှာ ကြောက်လို့ အိမ်တွင်းပုန်းနေပါက ဗီတာမင်ဒီဓာတ် ချို့တဲ့တတ်ပါတယ်။ တချို့ ညဘက် အလုပ် လုပ်ရသူတွေဟာ ညဘက် အလုပ်လုပ်ပြီး နေ့လယ်ဘက်မှာ အိပ်ရတာကြောင့် နေရောင်ခြည်နဲ့ အလုံအလောက် ထိတွေ့မှုမရှိ ဖြစ်နေပါတယ်။ ဒါ့ပြင် အပြင်ဘက် သိပ်မထွက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေဟာလည်း နေရောင်နဲ့ အထိအတွေ့ သိပ်မရှိတာကြောင့် ဗီတာမင်ဒီဓာတ် ချို့တဲ့နေတတ်ပါတယ်။

ဘာကောင်းစေနိုင်သလဲ

ဗီတာမင်ဒီ ချို့တဲ့ပါက နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြန်းခြင်း ဖြစ်နိုင်ခြေများစေပါတယ်။ ဆီးကျိတ်ကင်ဆာ ကာကွယ်ရေးနဲ့ ကုသရေးမှာလည်း ဗီတာမင်ဒီက အရေးပါပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီကြောင့် ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း ပိုကောင်းတတ်ပါတယ်။

ဘယ်လို သာက်ရမလဲ

ဗီတာမင်ဒီ အားဆေးကို အစားအစာနဲ့ တွဲသောက်ပါ။ အဆီထဲမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တာကြောင့် ငါး၊ ထောပတ်တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါဝင်မှုများတဲ့ အစားအစာနဲ့ တွဲစားပါက ခန္ဓာကိုယ်မှ ဗီတာမင်ဒီကို စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်။ ဒါပေမဲ့ သတိထားရမှာက ကိုလက်စထရော လျှော့ချပေးတဲ့ဆေး၊ Antacid ဆေးတို့နဲ့ တွဲမသောက်သင့်ပါဘူး။ ကိုလက်စထရော လျှော့ချပေးတဲ့ ဆေးက ဗီတာမင်ဒီ စုပ်ယူနိုင်စွမ်း လျော့စေသလို Antacid ဆေးထဲမှာပါတဲ့ အလူမီနီယမ်ဓာတ်တွေကို ပိုပြီး စုပ်ယူစေနိုင်တာကြောင့် ဒီဆေးတွေနဲ့ အနည်းဆုံး လေးနာရီခြားပြီးမှ သောက်သင့်ပါတယ်။

 

ငါးကြီးဆီ သို့မဟုတ် အိုမီဂါသရီး ဖက်တီးအက်စစ် (Omega 3 Fatty Acids)

ဘယ်လောက် လိုသလဲ။ သတ်မှတ်ထားတဲ့ နေ့စဉ်လိုအပ်ချက်က ချို့တဲ့မှု မဖြစ်စေဖို့ဆိုရင် အမျိုးသမီးတွေအတွက် ၉၀ မီလီဂရမ် (90 mg) ဖြစ်ပြီး အမျိုးသားတွေအတွက် 160 mg ဖြစ်ပါတယ်။ နာတာရှည်ရောဂါတွေ ကာကွယ်ဖို့ဆိုရင်တော့ အမျိုးသမီး 430 mg နဲ့ အမျိုးသား 610 mg သောက်ပေးဖို့ လိုပါတယ်။

ဘာကြောင့် ချို့တဲ့နေသလဲ

လူအများစုဟာ အစားအသောက်ကနေပြီး အိုမီဂါသရီး ဖက်တီးအက်စစ် အလုံအလောက် မရပါဘူး။ ဒါကြောင့် ဖြည့်စွက်အားဆေး မဖြစ်မနေ လိုပါတယ်။ ဘာကောင်းစေနိုင်သလဲ အိုမီဂါ-၃ ချို့တဲ့မှုက နှလုံးရောဂါလို အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ အားဆေးသောက်ပေးခြင်းဖြင့် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ ဒါ့ပြင် စိတ်ဓာတ်ကျမှုကိုလည်း သက်သာစေပါတယ်။ သတိမေ့လျော့ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဘယ်လို သောက်ရမလဲ

ငါးကြီးဆီအနံ့ မရအောင် ငါးကြီးဆီအားဆေးကို အစားအစာနဲ့ တွဲစားပါ။ တချို့ ဈေးပေါတဲ့ဆေးတွေက အဆီကို သေချာ မစိစစ်တာကြောင့် အနံ့မကောင်း၊ အရည်အသွေးမကောင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါးကြီးဆီစစ်စစ်ကို ရွေးချယ်သုံးစွဲဖို့ အရေးကြီးပါတယ်။

Source: ဒေါက်တာနုမြတ်(yatanarpon)

(Zawgyi)

=====

ခႏၶာကိုယ္အတြက္ လိုအပ္ေသာ အားေဆးငါးမ်ိဳး

 

ခႏၶာကိုယ္က လိုအပ္ေနတဲ့ အာဟာရဓာတ္ေတြထဲမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ အမ်ားစုက ေန႔စဥ္ စားေနက် အစာေတြကေန အလုံအေလာက္ ရႏိုင္ေပမယ့္ တခ်ိဳ႕ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ကေတာ့ အစားအစာနဲ႔တင္ မလုံေလာက္ဘဲ ျဖည့္စြက္ အားေဆးအေနနဲ႔ သုံးေဆာင္ဖို႔ လိုပါတယ္။ ေအာက္ပါတို႔ကေတာ့ အိမ္မွာ ေဆာင္ထားသင့္၊ ေန႔စဥ္ သုံးေဆာင္သင့္တဲ့ ျဖည့္စြက္အားေဆး ငါးမ်ိဳးပဲ ျဖစ္ပါတယ္။

 


မဂၢနီဆီယမ္ (Magnesium)


ဘယ္ေလာက္ လိုသလဲ ။ အမ်ိဳးသမီးေတြအတြက္ တစ္ေန႔ကို ၃၂၀ မီလီဂရမ္နဲ႔ အမ်ိဳးသားေတြအတြက္ တစ္ေန႔ကို ၄၂၀ မီလီဂရမ္ လိုအပ္ပါတယ္။

ဘာေၾကာင့္ ခ်ိဳ႕တဲ့ေနသလဲ

စိတ္ပင္ပန္းလို႔ပဲ ျဖစ္ျဖစ္၊ ကိုယ္ပင္ပန္းလို႔ပဲ ျဖစ္ျဖစ္ စိတ္ဖိစီးပါက ခႏၶာကိုယ္ထဲ သိုေလွာင္ထားတဲ့ မဂၢနီဆီယမ္ဓာတ္ေတြကို အသုံးျပဳလိုက္ရပါတယ္။ ေနာက္ၿပီး စိတ္ဖိစီးမႈေလ်ာ့ေအာင္ ေသာက္ေလ့ရွိတဲ့ ေကာ္ဖီနဲ႔ အရက္၊ ဘီယာတို႔ကလည္း ပိုဆိုးေစပါတယ္။ အီစထ႐ိုဂ်င္ ေဟာ္မုန္းပမာဏ မ်ားစြာပါရွိတဲ့ သေႏၶတားေဆးေတြကလည္း မဂၢနီဆီယမ္ကို အစားအစာမွ စုပ္ယူႏိုင္စြမ္း ေလ်ာ့က်ေစပါတယ္။

 

ဘာေကာင္းေစႏိုင္သလဲ

စြမ္းအင္ ထုတ္လုပ္ေပးသလို ႏွလုံးလုပ္ေဆာင္မႈကို ပုံမွန္ ျဖစ္ေစပါတယ္။ မဂၢနီဆီယမ္ အားေဆးက ေသြးတိုး ေရာဂါရွိသူေတြမွာ ေသြးေပါင္က်ေစသလို အူမႀကီးကင္ဆာ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

ဘယ္လို ေသာက္ရမလဲ

ဇင့္ဓာတ္အားျဖည့္ေဆးကို ေသာက္ေနသူျဖစ္ပါက အနည္းဆုံး ေလးနာရီျခားၿပီးမွ မဂၢနီဆီယမ္အားေဆးကို ေသာက္ေပးသင့္ပါတယ္။ ဒီဓာတ္ႏွစ္ခုစလုံးက သတၱဳဓာတ္ေတြ ျဖစ္ေနတာေၾကာင့္ ႏွစ္ခု တြဲေသာက္လိုက္ရင္ ခႏၶာကိုယ္ထဲမွာ စုပ္ယူရာမွာ အၿပိဳင္ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ျခားၿပီးမွ ေသာက္ပါ။ ဒါ့အျပင္ အမွ်င္ဓာတ္မ်ားတဲ့ အစာေတြစားရင္လည္း သတိထားပါ။ ဘာေၾကာင့္လဲဆိုေတာ့ မဂၢနီဆီယမ္က အမွ်င္ဓာတ္နဲ႔ ေပါင္းၿပီး ခႏၶာကိုယ္က စြန႔္ထုတ္ရာမွာ ပါသြားႏိုင္တာေၾကာင့္ပါ။ ပဋိဇီဝ ပိုးသတ္ေဆး ေသာက္ေနရရင္လည္း အခ်ိန္ျခားၿပီးမွ မဂၢနီဆီယမ္ အားေဆးေသာက္ပါ။ မဂၢနီဆီယမ္ဓာတ္က ပဋိဇီဝပိုးသတ္ေဆးရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေျပာင္းလဲေစႏိုင္တာေၾကာင့္ ေဆးစြမ္း ေလ်ာ့နည္းႏိုင္တာေၾကာင့္ပါ။

 

ေဖာလစ္အက္စစ္(Folic Acid/ Folate)

ဘယ္ေလာက္ လိုသလဲ။ အမ်ိဳးသားေရာ အမ်ိဳးသမီးအတြက္ပါ တစ္ေန႔ကို ၄၀၀ mcg လိုအပ္ၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ၆၀၀ mcg လိုအပ္ပါတယ္။ ဘာေၾကာင့္ ခ်ိဳ႕တဲ့ေနသလဲ အစားအစာေတြထဲမွာပါတဲ့ ေဖာလစ္အက္စစ္ဟာ အပူနဲ႔ေတြ႕ရင္ အစြမ္းေလ်ာ့နည္းသြားပါတယ္။ ဒါေၾကာင့္ ေဖာလစ္အက္စစ္ ႂကြယ္ဝတဲ့ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္ေတြကို တို႔စရာလို အစိမ္းမစားဘဲ ခ်က္စား၊ ေၾကာ္စားပါက ေဖာလစ္အက္စစ္ ခ်ိဳ႕တဲ့ႏိုင္ပါတယ္။ ဒါ့အျပင္ အရက္ေသစာကလည္း ေဖာလစ္အက္စစ္ စုပ္ယူမႈကို ေႏွာင့္ယွက္တာေၾကာင့္ ညစာနဲ႔ တြဲေသာက္ရင္ ေဖာလစ္အက္စစ္ကို ေကာင္းေကာင္းစုပ္ယူႏိုင္မွာ မဟုတ္ေတာ့ပါဘူး။


ဘာေကာင္းေစႏိုင္သလဲ

ေဖာလစ္အက္စစ္ ခ်ိဳ႕တဲ့ပါက MTHFR လို႔ေခၚတဲ့ ဗီဇပါရွိတဲ့ တခ်ိဳ႕လူေတြမွာ အူကင္ဆာ ျဖစ္ႏိုင္ေျခ မ်ားေစႏိုင္ပါတယ္။ ဒါ့ျပင္ သတိေမ့တာကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ရင္ေသြးငယ္ အဂၤါအစိတ္အပိုင္း ျပည့္ျပည့္စုံစုံနဲ႔ က်န္းမာႀကံ့ခိုင္ေအာင္ ကူညီေပးသလို လူႀကီးေတြရဲ႕ ႏွလုံးအတြက္လည္း ေကာင္းေစပါတယ္။


ဘယ္လို ေသာက္ရမလဲ

အစားအစာထဲမွာပါတဲ့ ေဖာလစ္အက္စစ္ထက္စာရင္ အားေဆးမွာပါတဲ့ ေဖာလစ္အက္စစ္ကို ခႏၶာကိုယ္က စုပ္ယူႏိုင္စြမ္း ႏွစ္ဆပိုမ်ားပါတယ္။ ေဖာလစ္အက္စစ္နဲ႔ ဗီတာမင္ဘီ အားေဆး တြဲၿပီးထုတ္လုပ္ထားတဲ့ အားေဆးကို ေသာက္ပါက ပိုေကာင္းပါတယ္။

 

ဇင့္ (Zinc)

ဘယ္ေလာက္ လိုသလဲ။အမ်ိဳးသမီးေတြအတြက္ တစ္ေန႔ကို ၈ မီလီဂရမ္ (8 mg) လိုအပ္ၿပီး အမ်ိဳးသားေတြအတြက္ ၁၄ မီလီဂရမ္ လိုအပ္ပါတယ္။

ဘာေၾကာင့္ ခ်ိဳ႕တဲ့ေနသလဲ

ဇင့္ဓာတ္ဟာ ေန႔စဥ္စားေနက် အစားအစာထဲကေန အလုံအေလာက္ မရႏိုင္ပါဘူး။ ဇင့္ဓာတ္ အလုံအေလာက္ ရဖို႔ဆိုရင္ တစ္ေန႔ကို ဖ႐ုံေစ့ ခြက္တစ္ဝက္ ဒါမွမဟုတ္ ခုံးတစ္ဒါဇင္ေလာက္ စားမွရမွာပါ။ ဒါေၾကာင့္ ျဖည့္စြက္အားေဆးအေနနဲ႔ သုံးေဆာင္သင့္ပါတယ္။ ဘာေကာင္းေစႏိုင္သလဲ အာ႐ုံေၾကာ လုပ္ငန္းေဆာင္တာ ေကာင္းေစဖို႔ လိုအပ္သလို အသားအေရ က်န္းမာ စိုျပည္ေအာင္လည္း အေထာက္အကူျပဳပါတယ္။ အမ်ိဳးသားေတြမွာ မ်ိဳးပြားႏိုင္စြမ္းကိုလည္း ျမႇင့္ေပးပါတယ္။ ကိုယ္ခံစြမ္းအားလည္း ေကာင္းေစပါတယ္။ ဇင့္ဓာတ္ခ်ိဳ႕တဲ့ပါက အသက္ရႉလမ္းေၾကာင္းဆိုင္ရာနဲ႔ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါပိုးကို ခံႏိုင္ရည္ရွိမႈ ေလ်ာ့နည္းတတ္ပါတယ္။ ဒါ့အျပင္ ဇင့္ဓာတ္ဟာ ႏွလုံးေရာဂါကိုလည္း တိုက္ဖ်က္ေပးပါတယ္။ ဘယ္လို ေသာက္ရမလဲ ဇင့္ဓာတ္အားေဆးကို ညဘက္မွာ ေသာက္သင့္ၿပီး ဇင့္ဓာတ္အားေဆးနဲ႔အတူ ကဖင္းဓာတ္ပါတဲ့ ေကာ္ဖီ၊ လက္ဖက္ရည္၊ အရက္ တြဲမေသာက္သင့္ပါ။ မဂၢနီဆီယမ္ဓာတ္လိုပဲ ဇင့္ဓာတ္ကလည္း တျခားသတၱဳဓာတ္ (အထူးသျဖင့္ ကယ္လ္စီယမ္ဓာတ္) တို႔နဲ႔အတူ ေသာက္ပါက ခႏၶာကိုယ္မွ စုပ္ယူႏိုင္စြမ္း ေလ်ာ့နည္းတတ္ပါတယ္။ ဒါေၾကာင့္ စိတ္ခ်ရေအာင္ ဇင့္ဓာတ္အားေဆး ေသာက္ၿပီး ေလးနာရီအတြင္း ကယ္လ္စီယမ္ႂကြယ္ဝတဲ့ အစားအစာ မစားေသာက္မိေအာင္ သတိထားရပါမယ္။

 

ဗီတာမင္ဒီ (Vitamin D)

ဘယ္ေလာက္ လိုသလဲ။ ေန႔စဥ္ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ တစ္ေန႔ကို ၅ မိုက္ခ႐ိုဂရမ္ (5 mcg) လိုအပ္ၿပီး အသက္ ၅၀ ေက်ာ္ရင္ 10 mcg လိုအပ္ပါတယ္။

ဘာေၾကာင့္ခ်ိဳ႕တဲ့ေနသလဲ

ဗီတာမင္ဒီ ရရွိရာ အဓိကဇာစ္ျမစ္က ေနေရာင္ျခည္ပါ။ ေနပူရင္ အသားမည္းမွာ ေၾကာက္လို႔ အိမ္တြင္းပုန္းေနပါက ဗီတာမင္ဒီဓာတ္ ခ်ိဳ႕တဲ့တတ္ပါတယ္။ တခ်ိဳ႕ ညဘက္ အလုပ္ လုပ္ရသူေတြဟာ ညဘက္ အလုပ္လုပ္ၿပီး ေန႔လယ္ဘက္မွာ အိပ္ရတာေၾကာင့္ ေနေရာင္ျခည္နဲ႔ အလုံအေလာက္ ထိေတြ႕မႈမရွိ ျဖစ္ေနပါတယ္။ ဒါ့ျပင္ အျပင္ဘက္ သိပ္မထြက္ႏိုင္ေတာ့တဲ့ သက္ႀကီး႐ြယ္အိုေတြဟာလည္း ေနေရာင္နဲ႔ အထိအေတြ႕ သိပ္မရွိတာေၾကာင့္ ဗီတာမင္ဒီဓာတ္ ခ်ိဳ႕တဲ့ေနတတ္ပါတယ္။

ဘာေကာင္းေစႏိုင္သလဲ

ဗီတာမင္ဒီ ခ်ိဳ႕တဲ့ပါက ႏွလုံးတိုက္ခိုက္ခံရျခင္းနဲ႔ ေလျဖန္းျခင္း ျဖစ္ႏိုင္ေျခမ်ားေစပါတယ္။ ဆီးက်ိတ္ကင္ဆာ ကာကြယ္ေရးနဲ႔ ကုသေရးမွာလည္း ဗီတာမင္ဒီက အေရးပါပါတယ္။ ဒါ့အျပင္ ဗီတာမင္ဒီေၾကာင့္ ကယ္လ္စီယမ္ဓာတ္ကို ခႏၶာကိုယ္က စုပ္ယူႏိုင္စြမ္း ပိုေကာင္းတတ္ပါတယ္။

ဘယ္လို သာက္ရမလဲ

ဗီတာမင္ဒီ အားေဆးကို အစားအစာနဲ႔ တြဲေသာက္ပါ။ အဆီထဲမွာ ေပ်ာ္ဝင္တဲ့ ဗီတာမင္ ျဖစ္တာေၾကာင့္ ငါး၊ ေထာပတ္တို႔လို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီပါဝင္မႈမ်ားတဲ့ အစားအစာနဲ႔ တြဲစားပါက ခႏၶာကိုယ္မွ ဗီတာမင္ဒီကို စုပ္ယူႏိုင္စြမ္း ပိုေကာင္းေစပါတယ္။ ဒါေပမဲ့ သတိထားရမွာက ကိုလက္စထေရာ ေလွ်ာ့ခ်ေပးတဲ့ေဆး၊ Antacid ေဆးတို႔နဲ႔ တြဲမေသာက္သင့္ပါဘူး။ ကိုလက္စထေရာ ေလွ်ာ့ခ်ေပးတဲ့ ေဆးက ဗီတာမင္ဒီ စုပ္ယူႏိုင္စြမ္း ေလ်ာ့ေစသလို Antacid ေဆးထဲမွာပါတဲ့ အလူမီနီယမ္ဓာတ္ေတြကို ပိုၿပီး စုပ္ယူေစႏိုင္တာေၾကာင့္ ဒီေဆးေတြနဲ႔ အနည္းဆုံး ေလးနာရီျခားၿပီးမွ ေသာက္သင့္ပါတယ္။

ငါးႀကီးဆီ သို႔မဟုတ္ အိုမီဂါသရီး ဖက္တီးအက္စစ္ (Omega 3 Fatty Acids)

ဘယ္ေလာက္ လိုသလဲ။ သတ္မွတ္ထားတဲ့ ေန႔စဥ္လိုအပ္ခ်က္က ခ်ိဳ႕တဲ့မႈ မျဖစ္ေစဖို႔ဆိုရင္ အမ်ိဳးသမီးေတြအတြက္ ၉၀ မီလီဂရမ္ (90 mg) ျဖစ္ၿပီး အမ်ိဳးသားေတြအတြက္ 160 mg ျဖစ္ပါတယ္။ နာတာရွည္ေရာဂါေတြ ကာကြယ္ဖို႔ဆိုရင္ေတာ့ အမ်ိဳးသမီး 430 mg နဲ႔ အမ်ိဳးသား 610 mg ေသာက္ေပးဖို႔ လိုပါတယ္။

ဘာေၾကာင့္ ခ်ိဳ႕တဲ့ေနသလဲ

လူအမ်ားစုဟာ အစားအေသာက္ကေနၿပီး အိုမီဂါသရီး ဖက္တီးအက္စစ္ အလုံအေလာက္ မရပါဘူး။ ဒါေၾကာင့္ ျဖည့္စြက္အားေဆး မျဖစ္မေန လိုပါတယ္။ ဘာေကာင္းေစႏိုင္သလဲ အိုမီဂါ-၃ ခ်ိဳ႕တဲ့မႈက ႏွလုံးေရာဂါလို အသက္အႏၲရာယ္ရွိတဲ့ ေရာဂါေတြ ျဖစ္ႏိုင္ေျခ မ်ားေစပါတယ္။ အားေဆးေသာက္ေပးျခင္းျဖင့္ ႏွလုံးေရာဂါ ျဖစ္ေစႏိုင္တဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစပါတယ္။ ဒါ့ျပင္ စိတ္ဓာတ္က်မႈကိုလည္း သက္သာေစပါတယ္။ သတိေမ့ေလ်ာ့ျခင္း မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

ဘယ္လို ေသာက္ရမလဲ

ငါးႀကီးဆီအနံ႔ မရေအာင္ ငါးႀကီးဆီအားေဆးကို အစားအစာနဲ႔ တြဲစားပါ။ တခ်ိဳ႕ ေဈးေပါတဲ့ေဆးေတြက အဆီကို ေသခ်ာ မစိစစ္တာေၾကာင့္ အနံ႔မေကာင္း၊ အရည္အေသြးမေကာင္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ငါးႀကီးဆီစစ္စစ္ကို ေ႐ြးခ်ယ္သုံးစြဲဖို႔ အေရးႀကီးပါတယ္။

 

Source: ေဒါက္တာႏုျမတ္(yatanarpon)

Read times Last modified on Friday, 24 January 2020 09:52
Rate this item
(6 votes)