What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 23 January 2021 22:02

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း စတင်မည့် နေ့ရက်နှင့် ဆောင်ရွက်မည့် အစီအစဉ် တင်ပြ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် Semi-virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကာ ကွယ်ဆေးသည် ကာကွယ်ဆေး အမျိုးအစားအသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ဝိသေသများ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆက်တွဲဖြစ် ပေါ်လာနိုင်သော ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ နောက်ဆုံးရ အချက်အလက်များကို မွမ်းမံပြောကြားသင်တန်းပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြုလုပ်ခြင်းဖြင့် ပထမအသုတ် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အသုတ်လိုက် ရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ
ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှုစွမ်း ရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာ မည်မျှရှိမည် စသည့် အချက်များကိုလည်း ဆက်လက် လေ့လာနေဆဲဖြစ်သည်။
ယခုရရှိသည့် သတင်းများအရ ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် စွမ်းရည်ထက်မြက်ခြင်းရှိသည်ဟုသိရှိရသည်။
သို့ဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ကိုဗစ်-၁၉ ကာကွယ် ရေးနည်းလမ်းများကို ဆက်လက်၍ တိကျစွာ မဖြစ်မနေလိုက်နာ ကျင့်သုံးနေရမည်ဖြစ်သည်။

ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ သိရှိထားသင့်သည့် အချက် အလက် အကြောင်း အရာများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်ထားပြီး ဆက်လက်၍လည်း ထုတ်ပြန်ပေးသွားမည်။
ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးများဖြစ်ပွားခြင်း မရှိစေရန်အတွက် ထိုးနှံရမည့် လူဦးရေများပြားသည့် နေရာများတွင် နေ့ရက်နှင့် အချိန်ခွဲကာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးစုရပ် နေရာများကို စနစ်တကျ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း) ဒေါက်တာထားထားလင်းက ဗဟိုအဆင့်မွမ်းမံဆရာဖြစ်သင်တန်းကို ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်မွမ်းမံ သင်တန်းကို ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တစ်ဆက်တည်းပြု လုပ်သွားမည်ဖြစ်ပြီးမွမ်းမံသင်တန်း တက် ရောက်ပြီးသူများကသာ ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်ရမည်။

မြို့နယ်အဆင့်မွမ်းမံသင်တန်းကို ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို ပထမဦးစားပေးအနေဖြင့် ထိုးနှံသည့် အခါ၌ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ကျန်းမာရေးဝန်ထမ်းအင်အားစာရင်း၊ ဦးစီးဌာန အလိုက် ဝန်ထမ်း အင်အားစာရင်းကို ကောက်ယူထားရှိပြီးဖြစ်သည်။

ယခုပြုလုပ်သည့်သင်တန်း၏ သင်ရိုးတွင် အခန်း(၆)ခုပါဝင်ပြီး
အခန်း (၁) -နိဒါန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာ၊
အခန်း (၂) -ကိုဗစ်-၁၉ ကာကွယ်ဆေး များ သိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊
အခန်း(၃)- ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊
အခန်း (၄) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကိုစောင့်ကြပ်စစ်ဆေးခြင်း၊
အခန်း (၅) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊
အခန်း (၆) -ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ် ပြောဆိုခြင်
တို့ပါဝင်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းသည် အသက် (၁၈) နှစ်အထက် လူအုပ်စု များကို ထိုးနှံပေးရမည်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးစုရပ်ကို ရောက်ရှိလာခြင်းသည် ကာကွယ် ဆေးထိုးရန်သဘောတူခြင်းဟု သတ်မှတ်သည့်အတွက် Consent Form မလို အပ်ပါကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသောနေရာများအတွက် သီးခြားအစီအစဉ်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများမှ ပြန်လည်ဆွေးနွေးကြပြီး သင်တန်းအစီ အစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

MRTV

Read times
Rate this item
(0 votes)