What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 September 2021 08:40

ကိုဗစ်ဆေးထိုးထားသည့် မိခင်၏ နို့တွင် ကိုဗစ်ကို တိုက်ခိုက်ရန် ပဋိပစ္စည်းများ ပါဝင်

COVID-19 ကာကွယ်ရေး ထိုးဆေး ထိုးနှံထားပြီးသော မိခင်များသည် ရင်သွေးငယ်ကို ကိုဗစ်ပိုးကူးစက်မှု ကာကယ်ရန်

မိမိ၏ ရင်သွေးငယ်ကို မိခင်နို့ စို့ခိုင်းခြင်းဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း University of Florida မှ မကြာသေးခင်က ထုတ်ပြန်သည့် လေ့လာချက်စာတမ်းတွင် ဖော်ပြထားသည်။

ပဋိပစ္စည်းများ (Antibodies) သည် မိခင်နို့မှတစ်ဆင့် နို့စို့အရွယ် ကလေးငယ်ထံသို့ လက်ဆင့်ကမ်းပေးကြောင့် သုတေသီတို့က ဆိုသည်။ မည်မျှအထိ အကျိုးသက်ရောက်ပေးနိုင်သည်ကို ဆက်လက်လေ့လာကြရဦးမည် ဖြစ်သည်။

“ကိုယ်ဝန်ဆောင် မိခင်တွေမျာ တချို့က ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကြောက်နေကြတယ်။ သူတို့ရဲ့ ကလေးကို ထိခိုက်မှာ စိုးနေကြတယ်” ဟူ စာတမ်းပြုစုသူများထဲမှ တစ်ယောက်ဖြစ်သော Dr. Josef Neu က ပြောသည်။ “သူတို့ရဲ့ ကလေးကို အကောင်းဆုံးကာကွယ်ပေးလိုကြတယ်။ မိခင်ဆေးထိုးထားရင် လက်တွေ့မှာ ကလေးအတွက် ဘာအကျိုးကျေးဇူးတချို့ ရလဲဆိုတာ ကျွန်တော်တို့ သိချင်ကြတယ်” ဟု သူက စူးစမ်းလေ့လာရသည့် အကြောင်းခံကို ပြောပြသည်။

ကလေးများသည် မွေးကင်းစတွင် ကိုယ်ခံအားစနစ် အပြည့်အဝ မဖွံ့ဖြိုးကြသေးချေ။ ကိုဗစ်ကာကွယ်ရေး ထိုးဆေး ထိုးပေးဖို့မှာလည်း ငယ်လွန်းနေသည်။ ကိုယ်ခံအားမှာလည်း ကာကွယ်ပေးနိုင်စွမ်းမရှိကြချေ။ သို့ဖြစ်ရာ မိခင်နို့ စို့ခိုင်းခြင်းဖြင့် ကလေးငယ်ထံသို့ ကိုဗစ်ကို တိုက်ခိုက်ပေးမည့် ပဋိပစ္စည်းများ ကလေးငယ်ထံသို့ လက်ဆင့်ကမ်းပေးနိုင်သည်။

University of Florida သည် အဆိုပါလေ့လာမှုအား ကိုဗစ်ကာကွယ်ရေးထိုးဆေးကို ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးပြီးသည့်နောက် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး မတ်လတွင် လေ့လာမှု ပြီးဆုံးခဲ့သည်။ မိမိဆန္ဒအလျောက် ပါဝင်ကြသူများသည် ကိုဗစ် ကူးစက်ခံဖူးခြင်း မရှိကြချေ။ ကျန်းမာရေးဝန်ထမ်းများကို ဆောလျင်စွာ ဆေးထိုးနှံပေးသည့် အစီအစဉ်အရ Pfizer-BioNTech သို့ Moderna COVID-19 ကာကွယ်ရေး ထိုးဆေး ထိုးနှံခဲ့ကြသည်။

ကာကွယ်ဆေး မထိုးနှံခင်၊ ပထမတစ်ကြိမ် ထိုးနှံပြီးချိန်နှင့် ဒုတိယအကြိမ် ထိုးနှံပြီးချိန်တို့တွင် မိခင်နို့ကို စူးစမ်းစစ်ဆေးခဲ့ကြသည်။
သုတေသီတို့ တွေ့ရှိကြသည်မှာ မိခင်နို့တွင် အတိအကျ ဆိုရပါက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် အင်မြူနိုဂလိုဘူလင် အေ ပဋိပစ္စည်းများ အဆ ၁၀၀ တိုးသွားကြောင်း တွေ့ရသည်။

အကြောင်းကြောင်းကြောင့် မိခင်နို့ကို ကလေးအား ပေးမစို့နိုင်ပါက နို့ကို ယူထားလိုက်ပြီး အေးခဲသည့်အခြေအနေဖြင့် သိမ်းဆည်းထားပြီးမှ အဆင်ပြေသည့်အချိန်တွင် ကလေးကို အဆိုပါ နို့ကို နွှေးပြီး တိုက်ပါကလည်း ပဋိဇီဝပစ္စည်းများရှိနေဆဲ ဖြစ်သည်ဟု သုတေသီတို့က အကြံပေးသည်။

ကိုယ်ဝန်ဆောင် မိခင် ကိုဗစ်ကာကွယ်ဆေး ထိုးပါက ပဋိဇီဝပစ္စည်းများသည် သန္ဓေသားကို အာဟာရပေးသည့် ချက်ကြောမှတစ်ဆင့် သန္ဓေသားထံ ရောက်ရှိကြောင်း တွေ့ရသည်.

ထိုသို့ မိခင်နို့မှ လက်ခံရရှိသော ပဋိဇီဝပစ္စည်းများသည် ကိုဗစ်ရန်ကို မည်သည့်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သည်ကို ဆက်လက်၍ သုတေသန ပြုရန် လိုအပ်ပေသည်။ လောလောဆယ်တွင် အဖြေ မပေးနိုင်သေးချေ။

သို့ဖြစ်ရာ မိခင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းသည် မိခင်ကို ကာကွယ်ပေးရာရောက်သည့်အပြင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ရင်သွေးငယ်လည်း ကိုဗစ်ရန် ကာကွယ်ဖို့ ပဋိဇီဝပစ္စည်းများ မိခင်နို့မှတစ်ဆင့် လက်ခံရရှိနိုင်ပေသည်။

usatoday.com

Read times Last modified on Monday, 06 September 2021 08:44
Rate this item
(0 votes)