What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 August 2021 00:01

ကိုဗစ်ဆေးဝါး ဈေးကစားခြင်း မပြုရန် UMFCCI ပြောကြား

ဈေးကွက်အတွင်း ကိုဗစ်နဲ့ပတ်သက်တဲ့ဆက်စပ်ပစ္စည်းတွေနဲ့အခြေခံဆေးဝါးတွေ ဈေးနူန်းမြင့်တက်မှု မဖြစ်အောင် သိုလှောင်တာ၊ ဈေးကစားတာ၊ဈေးတင်ရောင်းတာတွေမလုပ်ဖို့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI)ဘက်ကပြောလာပါတယ်။

အသင်းချုပ်ရဲ့လုပ်ငန်းအဖွဲ့က ဆေးဝါးတင်သွင်းဖြန့်ဖြူးနေတဲ့ကုမ္ပဏီတွေနဲ့တွေ့ဆုံချိန် အခုလိုပြောခဲ့ဖြစ်ပါတယ်။

"ဆေးဝါးတွေကို တင်သွင်းတဲ့အခါ ပြည်ပမှာတန်းစီပြီးတော့ မှာယူရပါတယ်။ မှာယူတဲ့အခါ အချိန်မီရဖို့ တင်သွင်းမယ့်သူတွေကမှာယူရပါတယ်။ ဆေးတွေကလည်း သက်တမ်းကုန်ဆုံးရက်ရှိတယ်။ ဒါကြောင့်ဖြန့်တဲ့သူတွေကလည်းအချိန်မီဖြန့်ကြတယ်။ ဒါကြောင့်အချိန်မီ တင်သွင်းနိုင်ဖို့လည်း လိုအပ်တဲ့နေရာကပံ့ပိုးပါမယ်။ ဒါမှ ဈေးကစားတာတို့ပစ္စည်းပြတ်တာ မဖြစ်မှာဖြစ်ပါတယ်။ လက်ဝယ်လှောင်ထားတာတွေ ၊ဈေးကစားတာတွေ၊ တစ်ဆင့်တစ်ဆင့်ပြန်ရောင်းတာတွေ ဈေးတင်တာတွေ ဒါတွေမဖြစ်အောင်ကြိုတင်မှာကြားထားပါတယ်"လို့ UMFCCI ရဲ့လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာမောင်မောင်လေးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိပြည်တွင်းမှာ လိုအပ်ချက်အတွက် ဆေးဝါးတွေရဲ့ ၈ဝ ရာခိုင်နူန်းလောက်ဟာ ပြည်ပကနေမှာ ယူတင်သွင်းရတာဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကာလမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းခက်ခဲတာတွေကြောင့် တင်သွင်းဖို့နောက်ကျတာတွေရှိခဲ့ပြီး ဈေးကွက်အတွင်းဆေးဝါးပြတ်လပ်မှုတချို့ဖြစ်ခဲ့တာလို့ဆေးလုပ်ငန်းရှင်တွေကဆိုပါတယ်။

ပြည်တွင်း ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်တက်ခဲ့တဲ့ ဇူလိုင်လအစောပိုင်းကာလတွေမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ဆက်စပ်ပစ္စည်းတွေတင်မကဘဲ အခြေခံအိမ်သုံးဆေးဝါးတွေကအစ ဈေးကွက်ထဲမှာ ပြတ်လပ်တာတွေ၊ ဈေးနူန်း ၂ ဆကနေ ၃ ဆအထိမြင့်တက်တာတွေခဲ့ပါတယ်။

ဆေးဝယ်ယူဖို့ တန်းစီစနစ်နဲ့ဝယ်ယူရတဲ့အခြေနေတွေလည်းရှိခဲ့လို့ ဒီလိုအခြေအနေတွေအတွက် UMFCCI နဲ့ဆေးလုပ်ငန်းရှင်တွေက သြဂုတ်လ ၆ ရက်မှာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပါသေးတယ်။

သြဂုတ်လ ၁၁ ရက်မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ဆေးဂိုထောင်တချို့ကို ဆေးဝါးတင်သွင်းဖို့ မှတ်ပုံတင်စာရင်းသွင်းထားတာမရှိဘူးဆိုပြီး ချိတ်ပိတ်သိမ်းခဲ့ရတာမျိုးရှိခဲ့တယ်လို့ ရန်ကုန်မှာနိုင်ငံခြားဆေးဝါးတွေကို အများဆုံးဖြန့်ဖြူးရောင်းချနေတဲ့ ဗိုလ်ချုပ်ဈေးနဲ့ မင်္ဂလာဈေးမှာရှိတဲ့ဆေးဂိုထောင်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ကတာဝန်ရှိသူတွေကတော့ ဖြစ်စဉ်ကိုစုံစမ်းနေဆဲလို့ တုံ့ပြန်ထားပါတယ်။
BBC

Read times
Rate this item
(0 votes)