ဗီတာမင်အေသည် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြု ပေးပြီးကိုယ်ခံအား စနစ်ကိုအားကောင်းစေသော အရေးကြီးသည့် အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။
ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် ဗီတာမင်အေကို သဘာဝအလျောက် ထုတ်လုပ်ခြင်းမရှိသော ကြောင့် အချို့သောလူများက ဖြည့်စွက်ဆေးများသောက်ရန် ရွေးချယ်တက်ကြပါတယ်။ သို့သော် ဗီတာမင်အေများလွန်းပါက အရိုး ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းသုတေသီများက သတိပေး ထားပါတယ်။
သာမန်အားဖြင့် ကျွန်တော်တို့သည် မုန်လာဥနီ၊ ကန်စွန်းဥ၊ အမဲအသည်း၊ ဆယ်လမွန်ငါးနှင့် နို့ထွက်ပစ္စည်းများကဲ့သို့ စားသုံး သောအစားအစာများမှ ဗီတာမင်အေ ကိုရရှိနိုင်ပါတယ်။ ဟန်ချက်ညီပြီး ကျန်းမာရေးနှင့် ညီသောအစားအသောက်များကို ကျွန်တော်တို့ ၏ ခန္ဓာကိုယ်စနစ်အတွင်းလုံလောက်သော ဗီတာမင်အေရရှိစေရန် စားသုံးပေးဖို့လဲ လိုပါတယ်။
လူတစ်ဦး၏ ဗီတာမင်အေလိုအပ်ချက်သည် အခြားသော အကြောင်းအရာများအပြင် အသက်အရွယ်အပေါ်မူတည်နေပါတယ်။ အသက် (၁၅) နှစ်မှ (၅၀) နှစ်အထိအမျိုးသားများအနေဖြင့် နေ့ စဉ်ဗီတာမင်အေ ၉၀၀ (mcgRAE) စားသုံးသင့်ပြီး အမျိုးသမီးများ အနေဖြင့် ၇၀၀ (mcgRAE) လိုအပ်ကြောင်း အမေရိကန်အမျိုး သား ကျန်းမာရေးအဖွဲ့အစည်း (NIH) ၏ဖော်ပြချက်အရသိရ ပါတယ်။
ဥပမာမုန်လာဥနီအစိမ်းခွက်တစ်ဝက်တွင် ဗီတာမင်အေ ၅၇၃ mcgRAE ပါဝင်ပြီးအမဲအသည်းကြော် ၃ အောင်စတွင် ၆,၅၈၂ mcgRAE ပါဝင်ကြောင်း NIH ၏ ဖော်ပြချက်အရသိရပါတယ်။
သို့သော် ဗီတာမင်အေဖြည့်စွက်ဆေးများကို မလိုအပ်ဘဲ ရေရှည်သောက်သုံးခြင်းကြောင့် အရိုးကျိုးခြင်းနှင့် ကြုံနိုင်သည့် အန္တရာယ်မြင့်တက်စေနိုင်သည်ဟု ဆွီဒင်နိုင်ငံ ဂိုသမ်ဘာဂ့် တက္က သိုလ်မှ သုတေတီများကပြောပါတယ်။
ဗီတာမင်အေကို ရှစ်ရက်မှလွန်ကဲစွာသောက်သုံးခြင်းကြောင့် အရိုးများ သန်မာမှုအတိုင်းအတာစတင်လျော့ကျလာကြောင်း သု တေသီများက ကြွက်များဖြင့်လေ့လာမှုအတွင်းတွေ့ရှိခဲ့ပြီးနောက် သီတင်း ၁၀ ပတ်အကြာတွင် ယင်းကြွက်များ၏ အရိုးများကျိုးပဲ့လွယ် လာပြီးအရိုးကျိုးခြင်းနှင့် ကြုံရလေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ယနေ့ခေတ်တွင် လူအများသည် ဗီတာမင်အေဖြည့်စွက်ဆေး များသုံးစွဲလာစဉ် ဗီတာမင်အေလွန်ကဲစွာ သောက်သုံးခြင်းသည် ကြီးမားသောပြဿနာတစ်ခုဖြစ်ဖွယ်ရှိကြောင်း သုတေသီများက ပြောပါတယ်။
ဗီတာမင်အေကို လွန်ကဲစွာသောက်သုံးခြင်းကြောင့် လူသား များတွင် အရိုးအားနည်းခြင်းဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည်။ သို့သော် ဗီတာမင်အေလိုအပ်ချက်အတွက် ကျန်းမာရေးနှင့် ညီ သောအစားအသောက်များစားသုံးခြင်းဖြင့် လူအများစုအတွက်လုံ လောက်နိုင်ကြောင်းသိရပါတယ်။
Source:7daydaily