What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 August 2021 00:06

ဆေးဝါးများအား သိုလှောင်ခြင်းနှင့် အမြတ်တင် ရောင်းချနေသည့် ဆေးဂိုထောင် ၉ လုံးအား စိစစ်အရေးယူ

COVID-19 တတိယလှိုင်းအတွင်း အိမ်သုံးဆေးဝါးများအား သိုလှောင်ခြင်း အမြတ်တင်ရောင်းချနေသည့် ဆေးဂိုထောင် ၉ လုံးအား စီစစ် အရေးယူထားကြောင်း သြဂုတ် ၁၂ ရက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ တတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်း မြင့်မားခြင်း မရှိစေရန် ရည်ရွယ်၍ ဆေးဂိုထောင်များကို မြို့နယ်အလိုက်အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် နေ့စဉ်ရောင်းဝယ်နေမှုများကို မထိခိုက်စေရန် ဆေးဝါးဖြန့်ချီရောင်းချနေသည့် မင်္ဂလာဈေးရွှေပြည့်စုံဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊ လက်ကားဆိုင်ကြီးများအား ဝင်ရောက် စစ်ဆေးခြင်းမပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် (၂၄) ခုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး းအသောက်နှင့် ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန၊ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအစားအ မြို့နယ်ကျန်းမာရေးဦးစီးဌာနမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆေးဂိုထောင် ပိုင်ရှင်နှင့် ကိုယ်စားလှယ်များ ရှေ့မှောက် တွင် ဂိုဒေါင်လက်ကျန်စာရင်းကောက်ယူခြင်း ကုန်ပစ္စည်းအဝင်အထွက်လယ်ဂျာများ စစ်ဆေးခြင်းခွင့်ပြုချက် လိုင်စင်ရှိ/မရှိ ယခင်ကပင် ဆေးပစ္စည်းများ တင်သွင်းရောင်းချခြင်း (သို့မဟုတ်) ယခု ကာလမှသာ ဈေးကွက်အတွင်းမှ ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ် ထားခြင်း (သို့မဟုတ်) အမြတ်ကြီးစားရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်းရှိ/မရှိ ဖော်ထုတ် စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စိစစ်နေစဉ်ကာလအတွင်း ဆေးဝါးများပုံမှန်ရောင်းချခြင်းလုပ်ငန်း ထိခိုက်မှု မရှိစေရန် ဈေးကွက်အတွင်းသို့ ပို့ဆောင်လိုပါကလည်း ပို့ဆောင်မည့်ပစ္စည်းစာရင်းနှင့် ပို့ဆောင်မည့် ဒေသကို မှတ်သား၍ လွတ်လပ်စွာပို့ဆောင်ခွင့်ပြုထားကြောင်း ၊ဩဂုတ်လ ၁၁ ရက်နေ့တွင် ဂိုထောင် (၂၄)လုံးကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းပြုလိုက်သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီ လက်ကားရောင်းချသော ဈေးများတွင် အများပြည်သူအသုံးများသော ဆေးများ၏ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်းလည်း သတင်းထုတ်ချက်တွင် ဖော်ပြထားသည်။

ပထမအသုတ် စစ်ဆေးနေသည့် ဆေးဂိုထောင် (၂၄) ခုအနက် ဂိုထောင် ၉ ခုမှာ ဈေးနှုန်းမြင့်တင့်ရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း ပြည်တွင်းပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများ တင်ပြနိုင်မှု မရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏများပြားသဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ တွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုံမှန်ရောင်းချလျက်ရှိသည့် ဂိုဒေါင်များကို ဆေးဝါးများဈေးနှုန်းမြင့်မားစေရန်ဈေးကွက်အတွင်း ဆေးဝါး ဖြန့်ဖြူးမှုထိန်းချုပ်ခြင်းမပြုရန်အမြတ်ကြီးစားရောင်းချခြင်းမပြုရန် သတိပေးပြီး ခံဝန်ကတိ လက်မှတ် ရေးထိုးစေမည်ဖြစ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်တင်သွင်းဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီများကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းပြုမည်မဟုတ်ကြောင်း သိရသည်။

သြဂုတ် ၁၂ ရက်တွင်လည်း ဆေးဂိုထောင် ၁၉ လုံးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

news-eleven.com/article

Read times
Rate this item
(0 votes)