What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 01 August 2021 09:56

မလေးရှားထုတ် ကိုဗစ်ကာကွယ်ဆေး အာဆီယံတွင်ဖြန့်ချိမည်

ဆေးနှစ်ကြိမ်ထိုးဖို့ မလိုအပ်ဘဲ တစ်ကြိမ်တည်းသာ ထိုးဖို့ လိုအပ်သော Convidecia ကိုဗစ်ကာကွယ်ဆေးကို မလေးရှားနိုင်ငံတွင် အပြီးသတ် ပုလင်းသွင် ထုတ်လုပ်မည်ဖြစ်ပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံများတွင် ဖြန့်ချိမည်။

Solution Group က Cansino ကို မလေးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် စီစဉ်ပေးမည်။

Solution Group Berhad မှ အပြည့်အဝပိုင်ဆိုင်သော လက်အောက်ခံ လုပ်ငန်း Solution Biologics Sdn Bhd (SolBio)က အပြီးသတ်ထုတ်ကုန် သဘောတူညီချက်ကို CanSino Biologics Inc နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
Convidecia ကိုဗစ်ကာကွယ်ရေး ထိုးဆေးများ ပေးပို့မည့်အပြင် Convidecia ကိုဗစ်ကာကွယ်ရေး ထိုးဆေးဖြစ်သော Recombinant Ad5-nCoV ကို မလေးရှားတွင် ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

သဘောတူစာချုပ်အရ မလေးရှားတွင် အရေးပေါ်သုံးစွဲရန်အတွက် အပြီးသတ်ထုတ်ကုန် ကာကွယ်ဆေးများကို SolBio က ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး CanSino က ပေးသွင်းခွင့် ရရိမည်။

အများအပြားထည့်သွင်း ထုပ်ပိုးထားသည့် bulk ထုတ်ကုန် အတွက်လည်း CanSino က ပေးသွင်းမည်ဖြစ်ရာ ထိုးဆေးပုလင်းထဲထည့်ရန်အသင့် ဆေးဝါးများကို ပေးသွင်းပြီး မလေးရှားတွင် ပုလင်းသွပ်ကာ ထိုးဆေးပုလင်းများ ထုတ်လုပ်မည် ဖြစ်သည်။

သဘောတူညီချက်သည် ချက်ချင်းသက်ရောက်မည်ဖြစ်ပြီး သက်တမ်းမှာ ၁၀ နှစ် ဖြစ်သည်။

အပြီးသတ်ထုတ်လုပ်ထားသည့် ထိုးဆေးများ ပထမအသုတ်ကို ဩဂုတ်လအတွင်း စတင်ပေးပို့မည်။
ကျန်သည့်အသုတ်များကို အချိန်ဇယားသတ်မှတ်ပြီး ဆက်လက်ပေးပို့သွားမည် ဟု Solution Group မှ တာဝန်ခံ Dr Mohd Nazlee Kamal က ပြောကြားသည်။

CanSino ကိုဗစ်ကာကွယ်ရေး ထိုးဆေးသည် တစ်ကြိမ်သာ ထိုးဖို့ လိုအပ်သဖြင့် ဆေးထိုးသည့် အစီအစဉ်ကို စီမံရန် ပိုထိရောက်စေသည်။ အထူးသဖြင့် ရောက်ဖို့ခက်ခဲသော ကျေးလက်များတွင် ပိုအဆင်ပြေသည်။ ထိုးဆေးများ ပေးပို့ရသည့် ကုန်ကျစရိတ်များလည်း သက်သာသည်။

သဘောတူညီချက်အရ SolBio သည် ကိုဗစ်ကာကွယ်ရေး ထိုးဆေး ၃.၅ သန်းကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ထပ်မံမှာယူသည်တို့ကိုလည်း လက်ခံဆောင်ရွက်ပေးမည်။ နိုင်ငံအစိုးရများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အခြားအာဆီယံနိုင်ငံများမှ မှာကြားသည်တို့ကိုလည်း လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။
ထို့ပြင် အခြားကိုဗစ်ကာကွယ်ဆေးကို အပြီးအစီး ၂ ကြိမ် ထိုးထားသူတို့တွင် ထိုးဆေးအာနိသင် အားပျော့သွားသည့်အခါ အရှိန်တင်ရန် အားဖြည့်ထိုးနှံသည့် booster jab အတွက်လည်း ပေးသွင်းနိုင်အောင် SolBio က စီစဉ်ထားရမည်။
မလေးရှားအစိုးရက လာမည့် အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး အပြီးထိုးရန် ရည်မှန်းချက် ထားရှိသည်ဖြစ်ရာ ယခုလို ထိုးဆေးများ ထပ်မံရရှိသဖြင့် ဆေးထိုးနှုန်းကို မြှင့်တင်ပေးနိုင်တော့မည် ဖြစ်သည်။
အများအပြားထည့်သွင်း ထုပ်ပိုးထားသည့် ထုတ်ကုန်ကို လက်ခံရယူပြီး မလေးရှားတွင် ထိုးဆေးပုလင်းများထဲသို့ ပုလင်းသွပ် fill-and-finish ထုတ်လုပ်ပြီး ထိုးဆေးများ ဖြန့်ချိပေးနိုင်မည် ဖြစ်သဖြင့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ စင်ကာပူတို့အား ပေးသွင်းနိုင်မည် ဖြစ်သည်။
အာဆီယံနိုင်ငံများတွင် SolBio က ထိုးဆေးများ ထုန်လုပ်မည်ဆိုပါက CanSino က အခွင့်အာဏာ ပေးအပ်ရမည်ဖြစ်ပြီး တရားဝင် အသိအမှတ်ပြုပေးရမည် ဖြစ်သည်။

 

Source: themalaysianreserve.com

 
Read times Last modified on Sunday, 01 August 2021 16:31
Rate this item
(0 votes)