What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 15 August 2021 23:18

COVID-19 ဆေးဝါးများ လက်လီ/လက်ကားရောင်းချသည့်အစီအစဉ်

 

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပြုလုပ်မည့် “ဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ်”

 

အများပြည်သူများသိရှိနိုင်ပါရန် အသိပေးအကြောင်းကြားခြင်း


မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ် ကုသရေးနှင့်သက်ဆိုင်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများအား ဝယ်ယူရန်လိုအပ်နေသော မိဘပြည်သူများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင်လက်မှတ် (DRC)ရရှိထားသော အရည်အသွေးမှန်ကန် စိတ်ချကောင်းမွန်သည့် ဆေးဝါးများအား တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း လိုအပ်သလို ရှာဖွေဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၁၆)ရက် တနင်္လာနေ့ မှစတင်ပြီး ဖေါ်ပြပါအစီအစဉ်အတိုင်း ဆေးဝါးများအား လက်လီ/လက်ကား ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


“ဆေးဝါးများ လက်လီ/လက်ကားရောင်းချသည့် အစီအစဉ်” တွင် ပါဝင်ရောင်းချပေးမည့် ကုမ္ပဏီများမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးတင်သွင်းခွင့်မှတ်ပုံတင် လက်မှတ်(DIAC) ရရှိထားသော ကုမ္ပဏီများဖြစ်ကြပြီး COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသရေး နှင့်သက်ဆိုင်သော ဆေးဝါးနှင့်ဆေးပစ္စည်းများအား သက်သာသော ကုမ္ပဏီမှ တိုက်ရိုက် ရောင်းဈေးများ ဖြင့် လက်လီ/လက်ကား ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။


*ဆေးဝါးများ လက်လီ/လက်ကားရောင်းချသည့်အစီအစဉ်"
=====

နေ့ရက် (တနင်္လာနေ့မှ သောကြာနေ့အထိ) တစ်ပတ် (၅)ရက်။
အချိန်  နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ
နေရာ အမှတ်-၁၀၄/၁၀၈ ကမ်းနားလမ်း၊
လွတ်လပ်ရေးရပ်ကွက်၊
(ကွင်းကျောင်းမီးပွိုင့်အနီး)
အလုံမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး

 

လေးစားစွာဖြင့်
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း

 

234912955_1716520658737028_5805810594881852159_n.jpg

 

 

 

 

 

Read times Last modified on Sunday, 15 August 2021 23:24
Rate this item
(0 votes)