What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 August 2021 10:46

ဘင်္ဂလားဒေ့ရှ်နိုင်ငံက Sinopharm COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ထိုးဆေးကို ပူးပေါင်းထုတ်လုပ်ရေး သဘောတူညီချက်အား သက်ဆိုင်သည့်

တာဝန်ရှိသူများနှင့်အတူ ဗီဒီယိုမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့သောကြောင့် တရုတ်နိုင်ငံ၏ Sinopharm COVID-19 inactivated ကာကွယ်ဆေးအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စတင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ Sinopharm အုပ်စု ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေး နှင့် မိသားစု ပြုစုစောင့်ရှောက်ရေး ဝန်ကြီးဌာန နှင့် ပြည်တွင်း ကာကွယ်ဆေး ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သည့် Incepta ကာကွယ်ဆေး ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၆ ရက် နေ့လည်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Li Jiming က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် အောင်မြင်မှုသည် တရုတ်နိုင်ငံ နှင့် တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် စံပြအောင်မြင်မှု တစ်ခု ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုအတွက် အစိုးရ နှင့် လုပ်ငန်းရှင်များအနေဖြင့် စည်းရုံးမှုအပြည့် နှင့် ပူးတွဲအားထုတ်မှုများ လိုအပ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေး နှင့် မိသားစု ပြုစုစောင့်ရှောက်ရေး ဝန်ကြီး Zahid Maleque က သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် တရုတ်နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်သစ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးက တရုတ်ကာကွယ်ဆေး ပြည်တွင်း ထုတ်လုပ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ယင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သမိုင်းဝင် နေ့ရက်တစ်ရက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သဘောတူညီချက်အား အကောင်အထည်ဖော်ပြီးနောက် Sinopharm အုပ်စု၏ ဥက္ကဋ္ဌ Liu Jingzhen က ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီသည် ပြည်တွင်း၌ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လစဉ်လတိုင်း အနည်းဆုံး COVID-19 inactivated ကာကွယ်ဆေး အကြိမ်ရေ ၅ သန်းစာ ဖြန့်ဝေနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
(Xinhua)

Read times
Rate this item
(0 votes)