What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 September 2021 07:50

စတိန်းလက်စ် စတီး အမှုန်အမွှားများ ပါနေတဲ့ ကိုဗစ်ထိုးဆေးပုလင်းများ ပြန်ရုပ်သိမ်း

Moderna Inc နဲ့ Takeda Pharmaceutical Co Ltd တို့က စတိန်းလက်စ် စတီး အမှုန်အမွှားများ ပါနေတဲ့ ကိုဗစ်ကာကွယ်ရေး ထိုးဆေးပုလင်းတွေ ပြန်သိမ်းဖို့

ဂျပန်အာဏာပိုင်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။ Takeda Pharmaceutical Co Ltd က ဂျပန်နိုင်ငံမှာ Moderna ကိုဗစ်ကာကွယ်ရေး ထိုးဆေး ဖြန့်ချိပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဂျပန်အာဏာပိုင်တို့က ထုတ်လုပ်မှုမှာ အသုတ်လိုက် ပြဿနာရှိနေတဲ့ Moderna ထိုးဆေးပုလင်း အသုတ်တွေမှာ ပါဝင်နေတဲ့ ၁.၆၃ သန်း ကြိမ်ရေစာ ထိုးဆေးပုလင်းတွေကို ဆက်လက်ဆေးထိုးခြင်း မပြုတော့ဘဲ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ရပ်ဆိုင်းထားခဲ့ပါတယ်။

ကုမ္ပဏီရဲ့ စုံစမ်းစစ်ဆေးမှုမှ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ဂျပန်ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် စတိန်းလက်စ် စတီးအမှုန်အမွှားပါနေတာကြောင့် ကျန်းမာရေး အန္တရာယ် တိုးစေလိမ့်မယ်လို့ မယုံကြည်ကြောင်း .ပြောကြားခဲ့ပါတယ်။

Moderna က ယခုလို ညစ်ထေးရတာ ထုတ်လုပ်မှုအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ညစ်ထေးတဲ့ ဆေးပုလင်းတွေ ထုတ်လုပ်ခဲ့တဲ့ စက်ရုံကို လုပ်ကိုင်တဲ့ စပိန်ကုန်ထုတ်လုပ်ငန်း Rovi နဲ့အတူ စုံစမ်းစစ်ဆေးမှု ပြုခဲ့ပါတယ်။
စတိန်းလက်စ် စတီး အမှုန်အမွှား ပါဝင်တာ ထိုးဆေးပုလင်းကို ရာဘာအဖုံးဖုံးပြီး အပေါ်မှာ သတ္တုသားနဲ့ ကွပ်ပြီး အလုံပိတ်ပေးတဲ့ စက်ရဲ့ သတ္တုမျက်နှာပြင် နှစ်ခု ပွတ်တိုက်ပွန်းပဲ့ရာမှ ထွက်လာတဲ့ အမှုန်အမွှားတွေ ပုလင်းထဲ ဝင်ကုန်တာဖြစ်မယ်လို့ ယူဆထားကြကြောင်း Moderna က Takeda နဲ့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပြထားပါတယ်။ အမှုန်အမွှားတွေဟာ စတိန်းလက်စ် စတီးဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။


Moderna ထိုးဆေးပုလင်း ၃၉ ပုလင်းထဲမှာ ပြင်ပပစ္စည်း အမှုန်အမွှား တွေ့ရှိခဲ့ပြီးချိန်မှာ Moderna ထိုးဆေးပုလင်း သုံးသုတ်စာကို ဆေးထိုးတာ ရပ်ထားခဲ့ပါတယ်။ ညစ်ထေးတဲ့ ထိုးဆေးပုလင်းတွေက Rovi ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ တစ်သုတ်တည်း အတူတူ ဖြစ်သော်လည်း ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကျန်တဲ့ နှစ်သုတ်ကိုပါ ရပ်ခိုင်းထားလိုက်လို့ ထိုးဆေး သုံးသုတ်စလုံး ရပ်ထားလိုက်ရတာ ဖြစ်ပါတယ်။
သုံးသုတ်မှာ တစ်သုတ်တည်းသာ ညစ်ထေးမှု ဖြစ်ပွားခဲ့တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောင်နောက် အခုလို ထပ်မဖြစ်ရအောင် Rovi က ထုတ်လုပ်ရေးမှာ စစ်ဆေးမှု အပြည့်အဝ ဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်း အသစ်ကို ချမှတ်ကျင့်သုံးထားကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

နောက်ထပ် ပြဿနာတစ်ခုက ဆေးထိုးအပ်ကို ‌ထိုးဆေးပုလင်း ရာဘာအဖုံးထဲ ထိုးစိုက်ပုံ မှားယွင်းရာမှ ဆေးရည်ထဲ ညစ်ထေးမှု ဖြစ်ပွားတာ ဖြစ်ပါတယ်။

ညစ်ထေးမှု ပြဿနာကို ပိုအာရုံစိုက်မိစေတာက Moderna ဒုတိယအကြိမ် ထိုးပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ အမျိုးသား နှစ်ဦး သေဆုံးသွားတာကြောင့် ဖြစ်ပါတယ်။
တစ်ဦးက အသက် ၃၈ နှစ် ဖြစ်ပြီး ကျန်တစ်ဦးက ၃၀ နှစ် ဖြစ်ပါတယ်။ နှစ်ဦးစလုံး ရပ်ခိုင်းထားတဲ့ အသုတ်မှ ‌ထိုးဆေးပုလင်းမှ ဆေးရည်ကို ထိုးခဲ့ကြတယ်။ သူတို့ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းဆဲ ဖြစ်ပါတယ်။
ပူးတွဲကြေညာချက်မှာတော့ ထိုးဆေးကြောင့် သေဆုံးတဲ့ အထောက်အထား မတွေ့ရှိကြောင်း ဖော်ပြထားပါတယ်။
ရပ်ထားတဲ့ Moderna ထိုးဆေး သုံးသုတ်မှ ထိုးဆေးတွေ ထိုးထားသူဦး‌ရေ ၅၀၀,၀၀၀ ခန့် ရှိပါတယ်။

Source: Reuters

Read times
Rate this item
(0 votes)