What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 June 2018 11:05

FAME ရဲ့ အာရုံကြောဆေး Neurogin

FAME ရဲ့ အာရုံကြောဆေး Neurogin Oraginal

လူခန္ဓာကိုယ်မှာ အာရုံကြောစနစ်က အရေးကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း ရဲ့ လှုံဆော်မှုတွေကို တုံပြန်ပြီး အမျိုးမျိုးသော စိတ်ခံစားမှုနဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာစေဖို့ အတွက် အာရုံကြောစနစ်ရဲ့ တာဝန် တစ်ခုလည်းဖြစ်ပါတယ်။ အာရုံကြောစနစ်ဟာ ခန္ဓာကိုယ် လှုပ်ရှားမှုတွေ ၊ အစာချေဖျက်မှု ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးတဲ့ လုပ်ဆာင်ချက်တွေကို လုပ်ဆောင်ပေးနေရတာပဲ ဖြစ်ပါတယ်။

အာရုံကြောအားနည်းလာပြီဆိုရင် ခေါင်းကိုက်ခြင်း ၊ ခြေဖဝါး ၊ လက်ဖဝါး များ ထုံကျဉ်လာခြင်း ၊ စူးရှရှနာကျင်ခြင်း ၊ စိတ်မကြည်လင်ခြင်း ၊ ကြွက်သားများအားနည်းလာခြင်း အစရှိသရွေ့ အမျိုးမျိုး လက္ခဏာတွေ ခံစားရပါတယ်။ ဒါကြောင့် အစားအသောက်များစားပေးခြင်းများ ၊ ဆေးဝါးများသောက်သုံးပေးခြင်းဖြင့် အာရုံအားနည်းခြင်းတွေကို ကာကွယ်နိုင်ပြီးလည်းဖြစ်ပါတယ်။ အာရုံကြောအားဆေးတွေနဲ့ ပက်သက်ပြီး ဆေးဝါးမျိုးစုံထွက်ရှိနေသော်လည်း ဆေးတိုင်းဆေးတိုင်မှာ ကောင်းကျိုးရှိသလို ဘေးထွက်ဆိုကျိုးတွေလည်း ရှိပါတယ်။

အဲ့ဒီထဲကမှ အာရုံကြောအားနည်းခြင်းရောဂါနဲ့ ပက်သက်ပြီး FAME Pharmaceyticals မှ သဘာဝအော်ဂဲနစ်ကမ္ဘာဦးပင်အရွက်အဆီအနှစ် မှ ထုတ်လုပ်ထားတဲ့ ကြီးမားသော ဘေးထွက်ဆိုးကျိုးများမရှိဘဲ နိုင်ငံတကာရဲ့ ဘေးအန္တရာယ်မရှိ ဆေးအဖြစ်သတ်မှတ်ခံရတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ Neurogin (အာရုံကြောဆေး) အကြောင်းကို ပြောပြပေးသွားမှာလည်းဖြစ်ပါတယ်။

IMG_20180626_062532.jpg

၎င်းအာရုံကြောဆေးဟာဆိုရင် သွေးလွှတ်ကြောများကို ကျယ်ပြန့်စေခြင်းဖြင့် သွေးလှည့်ပတ်မှု အားကောင်းမွန်းစေပါတယ်။ ဦးနှောက်အတွင်းမှာရှိတဲ့ ဦးနှောက် နှင့် ခန္ဓာကိုယ် အာရုံကြောဆဲလ်များကို အောက်စီဂျင်နဲ့ ဂလူးကို့စ် များ အလုပ်လုပ်နိုင်စွမ်းကို အားကောင်းစေပါတယ်။

အလားတူပင် ဦးနှောက်အတွင်းမှာရှိတဲ့ အော်ဇိုးမားရောဂါဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို လျော့နည်းအောင် လုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ်။ အာရုံကြောအားနည်းခြင်းကြောင့် ဦးနှောက်အာရုံကြောပိတ်၍ လေဖြတ်ခြင်း ၊ ဦးနှောက်အတွင် သွေးလှည့်ပတ်မှု မလုံလောက်ခြင်း ၊ သတိမေ့ခြင်း ၊ အကြာအာရုံချို့ယွင်းခြင်း ၊ မူးဝေခြင်း ၊ နားအူခြင်း ၊ မျက်စိအမြင်အာရုံချို့ယွင်းခြင်း ၊ တို့အတွက် အသုံးပြုနိုင်တဲ့ ဆေးစွမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

၎င်း အာရုံကြောဆေးရဲ့ အားသာချက်တွေကတော့ ဆေးတစ်မျိုးနဲ့ ရောဂါအများအပြား ကုသနိုင်တာဖြစ်ပြီး အားနည်းချက်ကတော့ ဆေးမတည့်သောသူတွေအတွက် ဆေးသောက်ပြီး ခေါင်းကိုက်ခြင်း ၊ ရင်ပြည့်ခြင်း ၊ အရေပြား အပိမ့်ထွက်ခြင်း ၊ နှုတ်ခမ်းထူးအမ်းအမ်းဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ အလားတူပင် ၎င်း ဆေးကိုသောက်တဲ့အခါ အခြားဆေးတွေနဲ့ တွဲသောက်နိုင်ပေမဲ့ Aspirin နှင့် Dipyridamole ကဲ့သို့ဆေးများနဲ့တော့ တွဲသောက်လို့ မရပါဘူး။ အဲဒီဆေးမျိုးတွေနဲ့ တွဲသောက်ရင် သွေးယိုစီးမှု ဖြစ်နိုင်သောကြောင့် ဖြစ်ပါတယ်။

Neurogin အာရုံကြောဆေးတွင် အထူးသတိပေးထားတာကတော့ အစာအိမ်ရောဂါရှိတဲ့ သူတွေကတော့ ဆေး ကို အစားစားပြီး မှ ဆေးကို သောက်ရမှာလည်းဖြစ်ပါတယ်။ Neurogin အာရုံကြောဆေးကို တစ်ခါသောက်တစ်လုံးဖြစ်ပြီး တစ်နေ့ကို နှစ်ကြိမ်အထိသောက်လိုရပါတယ်။ Neurogin အာရုံကြောဆေးကို ဆေးကဒ်တစ်ကဒ်လျှင် ဆေးတောင့် ၁၀ တောင့်ပါဝင်ပြီး ဆေးဘူးတစ်ဘူးလျှင် ၃ ကဒ်အထိပါဝင်ပါတယ်။ ခဏခဏ ဆေးသွားသွားဝယ်နေရလို့ စိတ်ညစ်နေတဲ့သူတွေအတွက်တော့ ဆေးတောင့် အလုံး ၆၀ ပါ ဆေးဘူးတွေကို ထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။

writting by: A.win

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:နှာစေးလို့ Cetirizine သောက်မယ်ဆိုရင် သိထားရမယ့်အချက်များ

နှာစေးလို့ Cetirizine သောက်မယ်ဆိုရင် သိထားရမယ့်အချက်များ

Read times Last modified on Wednesday, 04 July 2018 14:34
Rate this item
(1 Vote)