What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 August 2021 09:16

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတုအပများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတုအပများနှင့်ပတ်သက်၍ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ထားပါသည်။

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်း ရှင်းကာ အကျိုးသက်ရောက်မှုရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ စနစ်တကျ မှတ်ပုံတင်ထားရှိရန်တို့နှင့်ပတ်သက်၍ အမျိုးသားဆေးဝါးဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုအား သိရှိစေရန် အချက်အလက်များကို ထုတ်ပြန် ကြေညာပေးလျက်ရှိပါသည်။
၂။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားနေသဖြင့် နိုင်ငံတော်အစီ အစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဝယ်ယူခြင်း၊ လှူဒါန်းမှုများမှ ရရှိသော ကာကွယ် ဆေးများအား ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိသည့်နည်းတူ . ပုဂ္ဂလိကဆေးဝါး လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် နိုင်ငံ တကာနှင့် အာရှဒေသတွင် ထိုးနှံဆောင်ရွက်နေသော အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက လိုက်နာရမည့် အချက်များအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတုအပများကို Online မှတစ်ဆင့်သော်လည်းကောင်း၊ အခြား နည်းလမ်းများဖြင့်သော်လည်းကောင်း ရောင်းချလျက်ရှိကြောင်းကို ပြည်သူလူထုထံသို့ အသိပေး ချက်ကိုလည်းကောင်း (၁၂-၈-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၃။ ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Medical Product Alert No.5/2021 : Falsified COVISHIELD Vaccine ဖြင့် ကာကွယ်ဆေးအတုအပများ အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယနိုင်ငံ နှင့် အာဖရိကတိုက်နိုင်ငံများတွင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း (၁၆-၈-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်၍ မြန်မာနိုင်ငံသို့လည်း အသိပေးအကြောင်းကြားခဲ့ပါသည်။
၄။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအတုအပများနှင့်ပတ်သက်၍ -
(က) ကာကွယ်ဆေးပုလင်း(၁)လုံးလျှင် (၁၀)ကြိမ်စာ ထိုးနှံနိုင်သည့် 5ml ပါဝင်သောပုလင်း
(ခ) ကာကွယ်ဆေးပုလင်း (၁)လုံးလျှင် (၄)ကြိမ်စာ ပါဝင်သော 2ml ပုလင်းများကို COVISHIELD အမှတ်တံဆိပ်ဖြင့် အတုအပပြုလုပ်ရောင်းချလျက်ရှိကြောင်း ဖော်ပြ ထားပါသည်။
၅။ သို့ဖြစ်ပါ၍ ပုဂ္ဂလိကဆေးခန်းများဆေးရုံကြီးများနှင့် ပြည်သူလူထုအနေဖြင့် သိရှိနိုင်ပါရန် နှင့် ကာကွယ်ဆေးအတုများအား တင်သွင်းဖြန့်ဖြူးရောင်းချကြောင်း စုံစမ်းဖော်ထုတ်ရရှိပါက တည် ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန

 

239236889_4312680792103480_1571870822570641676_n.jpg

 

 

239847891_5045841795432592_6127177721244298033_n.jpg

 

 

 

Read times
Rate this item
(0 votes)