What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 September 2021 21:54

အသက် ၆ နှစ်မှ ၁၇ နှစ်ကြား ကလေးများအတွက် တရုတ်ကိုဗစ်ကာကွယ်ဆေးအား အသုံးပြုရန် ချီလီ အတည်ပြု

ချီလီနိုင်ငံ၌ တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော Sinovac CoronaVac ကာကွယ်ဆေးအား

အသက်၆ နှစ်မှ ၇ နှစ်ကြားကလေးများနှင့် ဆယ်ကျော်သက်များအတွက် အရေးပေါ်ဆေးဝါးအဖြစ်အသုံးပြုရန် ချီလီနိုင်ငံပြည်သူ့ကျန်းမာရေးအင်စတီကျူ့ (ISP) က စက်တင်ဘာ ၆ ရက်တွင် အတည်ပြုခဲ့သည်။

ဆေးဝါးသုံးစွဲမှုဆိုင်ရာ ပညာရှင်များအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ISP ညွှန်ကြားရေးမှူး Heriberto Garcia ကကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ပြည်သူတွေကို ဆက်လက်ကာကွယ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အသက် ၆ နှစ် အထက် ကလေးတွေအတွက် CoronaVac ကာကွယ်ဆေး ကို အတည်ပြုခဲ့ပါတယ်။
“ကာကွယ်ဆေးမထိုးတဲ့အတွက် ကလေးငယ်တွေက ကူးစက်မှုအရေအတွက်မြင့်တက်နေတယ်လို့ အချက်အလက်တွေကဖော်ပြနေတယ်’’ ဟု ၎င်းကဆက်ပြောသည်။

Sinovac CoronaVac ကာကွယ်ဆေး ၏ လုံခြုံစိတ်ချရ မှု နှင့် စမ်းသပ်ပြီး ရောဂါအပေါ် ကိုယ်ခံအားတုန့်ပြန်မှုများအား ISP မှ ပညာရှင်များက မီးမောင်းထိုးပြခဲ့သည်။
အသက် ၁၈နှစ်အထက်လူများအား Sinovac CoronaVac ကာကွယ်ဆေးကို အရေးပေါ်ဆေးဝါးအဖြစ်အသုံးပြုရန် ယခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ISP က အတည်ပြုခဲ့သည်။

ရည်မှန်းထားသောလူဦးရေ ၁၅ ဒသမ ၂ သန်း ၏ ၈၆ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်သော ပြည်သူ ၁၃,၀၇၄,၄၉၆ ဦးမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)