What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 November 2021 20:11

ရုရှားနိုင်ငံက အိုမီခရွန် ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်တိုက်ဖျက်ရေး COVID-19 ကာကွယ်ဆေးအသစ် စတင်ဖော်စပ်နေ

ရုရှားနိုင်ငံ၏ ကူးစက်ရောဂါ နှင့် အဏုဇီဝဗေဒဆိုင်ရာ Gamaleya အမျိုးသားသုတေသနစင်တာက

COVID-19 အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား တိုက်ဖျက်ရန် ရည်ရွယ်သည့်လိုက်လျောညီစွာ ပြုပြင်ထားသော Sputnik ကာကွယ်ဆေး ပုံစံအသစ်တစ်မျိုးအား စတင်ဖော်စပ်နေကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
စင်တာက Sputnik V နှင့် Sputnik Light ကာကွယ်ဆေးများသည် ယုံကြည်ထားသည့်အတိုင်း အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား လျော့ပါးပျက်ပြယ်နိုင်ခြင်း ရှိ ၊ မရှိကိုလေ့လာနေကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ပြုပြင်မွမ်းမံမှု လိုအပ်ပါက Sputnik အိုမီခရွန် ပုံစံအသစ်အား ၄၅ ရက်အတွင်း အမြောက်အများထုတ်လုပ်ရေး အဆင်သင့် ဖြစ်နိုင်ကြောင်း စင်တာက ပြောကြားခဲ့ပြီး Sputnik အိုမီခရွန် အားဖြည့်ကာကွယ်ဆေးထိုးနှံမှု ပမာဏအများအပြားကို လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။

(Xinhua)

Read times
Rate this item
(0 votes)