ကိုဗစ်ကာလမှာ ပထမဦးဆုံးအနေဖြင့်လူအများက ကိုယ်ခံအားစနစ်ကောင်းမွန်းအောင်နေထိုင်ဖို့လိုပါတယ်။
ဒါ့အပြင် ကိုယ်ခံအားကောင်းမွန်မှသာလျှင် ကိုဗစ်ရောဂါဓာတ်ကို ခုခံနိုင်မှာလည်းဖြစ်ပါတယ်။ ယခုလို မိုးရွာသီတွင် ကိုယ်ခံအားကောင်းမွန်ဖို့ မိမိအနေဖြင့် တုပ်ကွေး ကာကွယ်ဆေးများ ထိုးခြင်းဖြင့် ကာကွယ်လေ့ရှိတာကို တွေ့ရပါတယ်။
ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေး ( Flu-Vaccine) ကို နှင့် ပတ်သက်ပြီး သိထားသင့်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
ထိုးသင့်သောသူများ
(အထူးဦးစားပေး) ကိုယ်ဝန်ဆောင်မိခင်များ ၊ ၆၅ နှစ်နှင့်အထက်လူကြီးများ ၊ ၆၅ နှစ်အောက်နှင့် အောက်ဖော်ပြပါရောဂါရှိသူများ
(၁) နှလုံးရောဂါရှိသူများ - မွေးရာပါနှလုံးရောဂါဝေဒနာရှင်များ၊ နှလုံးလေးဖက်နာဝေဒနာရှင်များ၊ နှလုံးသွေးကြောကျဉ်းသူများ။
(၂) အဆုတ်ရောဂါရှိသူများ - နာတာရှည်အဆုတ်ဝေဒနာသည်များ၊ ပန်းနာရင်ကြပ်ရောဂါ (အမြဲကုသမှုခံယူနေရသူများ) နှင့် အခြားအဆုတ်နှင့်ပတ်သက်ပြီး အဆုတ်၏ လုပ်ဆောင်ချက်အားနည်းသော နာတာရှည်ရောဂါသည်များ။
(၃) ဆီးချို၊ သွေးချိုလူနာများ။
(၄) နာတာရှည် ကျောက်ကပ်ဝေဒနာသည်များ။
(၅) ကင်ဆာရောဂါသည်များ။
(၆) ဘေလုံး (Spleen) ထုတ်ထားသူများ (မထုတ်ခင်နှင့် ထုတ်ပြီးထိုးရန်)။
(၇) သွေးရောဂါသည်များ။
(၈) သဘာဝအလျောက် ကိုယ်ခံအားပုံမှန်မဟုတ်သောရောဂါ (Auto Immune Diseases) ရှိသူများ (ဥပမာ - SLE)
(၉) ခုခံအားကျဆင်းနေသော ရောဂါသည်များနှင့် ခုခံအားကျဆင်းစေသောဆေးများကို သောက်သုံးနေရသူများ (ဥပမာ - Steroid နှင့် အလားတူဆေးများကို သောက်သုံးနေရသူများ)
(၁၀) HIV (AIDS ဝေဒနာသည်များ)
(၁၁) ကိုယ်အင်္ဂါအစားထိုးခွဲစိတ်မှုခံယူထားသူများ (ဥပမာ - ကျောက်ကပ်၊ အသည်း)
(၁၂) ဦးနှောက်နှင့် အာရုံကြောဝေဒနာသည်များ (ဥပမာ - လေဖြတ်ထားသူများ နှင့်် အခြားလေငန်းရောဂါသည်များ)
(၁၃) နားကြားကိရိယာ နားတွင်းတပ်ဆင်ထားသူများ။
(၁၄) ကျန်းမာရေးဝန်ထမ်းများအားလုံး။
(၁၅) နာတာရှည်ရောဂါဝေဒနာသည်များအားလုံး.. တို့ ဖြစ်ပါတယ်။
၄ နှစ်အောက်ကလေးများနှင့် အဆုတ်ရောင်ရောဂါဖြင့် ဆေးရုံတက်နေရသောကလေးများ (သို့) အဆုတ်နှင့် ပတ်သက်သော ရောဂါဝေဒနာခံစားနေရသောကလေးများ နှင့် ( ၆ လနှင့် ၅ )နှစ်ကြား ကလေးများ (သို့) ဝက်သက်ရောဂါဖြင့် ဆေးရုံတက်နေရသော ကလေးများ တို့လည်း ထိုးနိုင်ပါတယ်။
အကျိုးကျေးဇူးများ
နေထိုင်မကောင်း၊ ဖျားနာခြင်းမှ ကာကွယ်ခြင်း ၊ ကလေးများ၊ အလုပ်လုပ်သောလူငယ်များ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများ ရာသီတုပ်ကွေးနှင့် ပတ်သက်သော ရောဂါများကြောင့် ဆေးရုံတက်ရခြင်းမှ လျော့ချပေးခြင်း ၊ နာတာရှည်မကျန်းမာသောလူနာများအတွက် အရေးပါသော ကာကွယ်ဆေးကောင်းတစ်ခုခြင်း ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက်လည်း မမွေးခင်နှင့် မွေးပြီးတုပ်ကွေးရောဂါများမှ ကာကွယ်ပေးခြင်း ၊ ကလေးများအတွက် အသက်ကယ်ပေးနိုင်ခြင်း ၊ Flu-Vaccine ထိုးခြင်းကြောင့် တုပ်ကွေးရောဂါပြင်းထန်စွာရောဂါခံစားရခြင်းမှ လျော့ကျသည်ဟု သုတေသနမျိုးစုံမှ လေ့လာလက်ခံထားခြင်း။ (သို့သော် တခါတရံ ဆေးအရှိန်ကြောင့် ခဏတာဖျားနာတတ်ပါတယ်။)
ရာသီတုပ်ကွေးကာကွယ်ဆေးထိုးခြင်းအားဖြင့် သင်နှင့် သင်၏ပတ်ဝန်းကျင်ရှိ တန်ဖိုးထားရသောသူများ၊ မိသားစုဝင်များ (ဥပမာ - ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များအား ပြင်းထန်တုပ်ကွေးရောဂါများ ခံစားရခြင်းမှ များစွာကာကွယ်ပေးပါတယ်။)
ဘေးထွက်ဆိုးကျိုးများ
တုပ်ကွေးကာကွယ်ဆေးထိုးပြီးလျှင် ပြင်းထန်ခြင်းမရှိလှသော ဘေးထွက်ဆိုးကျိုးအနည်းငယ်ကို ခံစားရနိုင်ပြီး ရက်အနည်းငယ်တွင်း ပျောက်ကင်းနိုင်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ - ဆေးထိုးသည့်နေရာတွင် နီရဲနေခြင်းနှင့် အနည်းငယ်ရောင်ရမ်းနေခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ဖျားခြင်း ၊ ပျို့အန်ခြင်း ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ၊ တခါတရံရုတ်တရက်မူးဝေခြင်း တို့ခံစားရနိုင်ပါသည်။
အောက်ပါရောဂါလက္ခဏာများကိုခံစားရပါက နီးစပ်ရာဆေးရုံ (သို့) ဆရာဝန်ဆီသို့သွား၍ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ အသက်ရှူရခက်ခြင်း ၊ အသက်ရှူချိန် အသံထွက်အောင်ရှူရခြင်း ၊ မျက်လုံးများမို့လာခြင်းနှင့် နှုတ်ခမ်းများရောင်လာခြင်း ၊ အင်ပျဉ်ထခြင်း ၊ ဖြူဖျော့သွားခြင်း ၊ နုံးချိခြင်း ၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ရင်တုန်ခြင်း ၊ မူးဝေခြင်း တို့ဖြစ်ပါတယ်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းကြောင့် အသက်အန္တရာယ်ထိဖြစ်စေနိုင်သော ဓာတ်မတည့်မှုမျိုးသည် ဖြစ်ခဲပါတယ်။
အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် တုပ်ကွေးကာကွယ်ဆေးများကို အထူးစျေးနှုန်း ၂၆,၀၀၀ ကျပ် ဖြင့် လာရောက်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ထက်ပါဈေးနှုန်းသည် တုပ်ကွေးကာကွယ်ဆေးဖိုးအပါအဝင် screening ပြုလုပ်ခြင်း၊ ဆေးထိုးနှံခြင်းနှင့် လူနာစာရင်းပေးသွင်းခြင်းများအတွက် အပြီးအစီးပါဝင်ပါတယ်။
တုပ်ကွေးကာကွယ်ဆေးများအား ဆေးရုံတွင် First Come, First Serve စံနစ်ဖြင့် Walk-In လာရောက် ထိုးနှံနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးများအား ကြိုတင်ဝယ်ယူထားခြင်း/ reserve လုပ်ခြင်းများအား ပြုလုပ်ပေးခြင်း မရှိပါ။ မနက်၇နာရီမှ ည၇နာရီအတွင်းသာ ဆေးရုံတွင် လာရောက်ထိုးနှံနိုင်ပါသည်။
လူဦးရေ ၃ဦးနှင့်အထက်ဆိုလျှင် အိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးခြင်းအစီအစဥ်လည်းပြုလုပ်ပေးပြီး တစ်အိမ်/တစ်ကြိမ်လျှင် ဝန်ဆောင်ခ ၅,၀၀၀ ကျပ်နှင့် မြို့နယ်အလိုက် ကားကြို/ပို့ ဝန်ဆောင်ခ ထပ်ဆောင်းပေးရန် လိုမှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက
ဆက်သွယ်ရန် ဖုန်း
(01) 9376 200
(09) 7678 111 22
(09) 7678 111 33
(09) 7678 111 44
အိမ်တိုင်ရာရောက်ဝန်ဆောင်မှု
ဆက်သွယ်ရန် ဖုန်း
(09) 7678 111 66
လိပ်စာ
အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။