What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 September 2021 11:21

Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ ၄ သန်း ရောက်ရှိ

စက်တင်ဘာလ ၂၆ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံအစိုးရက ဝယ်ယူသည့် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့ပါသည်။

လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ကိုဗစ်-၁၉ Vaccine အကြိမ်ရေ ၁၆.၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် ၃.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ၁၂.၇ သန်းသည် မြန်မာနိုင်ငံမှဝယ်ယူခြင်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ(၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေး အကြိမ်ရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၆-၉-၂၀၂၁)ရက်နေ့ ညနေ(၅:၃၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

၂၆.၉.၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၀)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၄)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။

အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့ ၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ပါသည်။

ယခုရောက်ရှိလာသောကာကွယ်ဆေးများကို မူလ ဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များ အလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုအစိုးရကျန်းမာ ရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ သက်ကြီးရွယ်အိုများ၊ ဘုန်းကြီးကျောင်းသီလရှင်ကျောင်းများနှင့် အခြားဘာ သာရေးအသင်းအဖွဲ့များမှ သာသနာ့ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းများပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်၊ တည်းခိုရေးနှင့် အစား အသောက်ဝန်ဆောင်မှုလုပ်ငန်းများအကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ဝန်ထမ်းများနှင့် Super Market များနှင့် ဈေးများမှ ဝန်ထမ်းများ အား ဦးစားပေးအုပ်စု (၁၂)ခုအဖြစ် သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပါသည်။


(၁၄-၉-၂၀၂၁)ရက်နေ့မှစ၍ အောက်ပါဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးလျက်ရှိပါသည် -
(က) အသက်(၅၅)နှစ်နှင့်အထက် ပြည်သူလူထု၊
(ခ) မသန်စွမ်းသူများ၊
(ဂ) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ
(ဃ) ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊
(င) .နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ။

အထက်ပါအုပ်စုများအား ဦးစားပေးအုပ်စုများအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ယခင်သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု(၁၂)ခုမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ များကိုလည်း ဆက်လက်ထိုးနှံပေးနေပါသည်။

အသက်(၅၅)နှစ်မပြည့်သေးသော်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သူများအားလုံးအား ကာကွယ်ဆေးထိုးနှံပေးလျက် ရှိပါသည်။

Read times Last modified on Monday, 27 September 2021 11:22
Rate this item
(0 votes)