What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 August 2021 19:50

ဆေးဝါးတင်သွင်းရန် မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေးနယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) နှင့် (၂) ဖွင့်လှစ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး - မိုရေးနယ်စပ်ကုန်သွယ်ရေးဂိတ် (၁) နှင့် ဂိတ် (၂) တို့အား ဆေးဝါးတင်သွင်းရန် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးဂိတ် (၁) နှင့် ဂိတ် (၂) တို့အား ဆေးဝါးတင်သွင်းရန်အတွက် ဖွင့်လှစ်နိုင်ပြီဖြစ်၍ အမြန်ဆုံးတင်သွင်းရေး၊ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ ဆိပ်ကမ်းတွင် ရောက်ရှိနေသော မြန်မာ့ပဲတင်ပို့သည့်သင်္ဘောသည် သြဂုတ် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဆေးဝါး၊ ဆေးပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများ ကုန်သေတ္တာ ၈၀ ခန့် တင်သွင်းနိုင်ကြောင်းတို့ကို ဆေးဝါးကုမ္ပဏီများသို့ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ပိတ်ထားခဲ့တဲ့ အိန္ဒိယနယ်စပ်ကနေ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးပစ္စည်းတွေ တင်သွင်းနိုင်ဖို့ အိန္ဒိယဘက်ကို ညှိနှိုင်းပေးတာ အဆင်ပြေခဲ့ပါပြီ။ တမူးနယ်စပ်ကတဆင့် လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ တင်သွင်းခွင့်ရခဲ့ပြီဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

စျေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည်။

ပြည်ပမှ ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲမရှိစေရး၊ စျေးကွက်အတွင်း ဆေးဝါးများ မပြတ်လပ်စေရေး၊ အရည်အသွေးစျေးနှုန်း မှန်ကန်စေရေးတို့အတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူ လျင်မြန်ချောမွေ့စေရေးအဖွဲ့ (Task Force) ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက

ရန်ကုန်လုပ်ငန်းအဖွဲ့ (Task Force)
ဖုန်း - ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅၉၆၃၂၇

နှင့်ကုန်စည်ကူးသန်းရေးတွင်

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီရုံး
ဖုန်း- ၀၆၇၄၀၈၄၁၉၊ ၀၉၄၂၀၇၀၃၆ -၆၁၆

တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

မူဆယ်နယ်စပ်မှတင်သွင်းမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက်ထားသည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိ ဆက်သွယ်ရမည့်လူအမည်၊ ကုမ္ပဏီအမည်၊ တရုတ်ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးနိုင်ပါရန် အသိပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်း တင်သွင်းနိုင်ရေးအတွက် ဆက်သွယ်မေးမြန်းနိုင်သည့် Contact Person များအနေဖြင့်

ဦးနန္ဒ၊ ညွှန်ကြားရေးမှူး၊
ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်)
၀၆၇-၃၄၀၈၀၁၄၊

ဦးမောင်မောင်လွင်၊ ဒုတိယညွှန်ကြားရေးမှူး၊
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊
၀၉၄၄၃၂ -၁၂၄၁၅၊

ဦးမျိုးမင်း၊ ဒုတိယညွှန်ကြားရေးမှူး၊
မြဝတီကုန်သွယ်ရေးဇုန်၊
၀၉၄၂၉၂၁၅၆ -၁၀၊

ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူး၊
တာချီလိတ် ကုန်သွယ်ရေးစခန်း၊
၀၉၅၀၂၄၈၂၁၊

ဦးတင်လတ်၊ ညွှန်ကြားရေးမှူး၊
ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊
၀၉၂၅၄၀၇၅၈၁၄၊

ဦးတင်ရွှေဦး၊ ညွှန်ကြားရေးမှူး၊
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊
၀၆၇-၃၄၀၈ -၂ ၉၁၊

ဒေါက်တာမျိုးဇာနည်စော၊ ဒုတိယ ညွှန်ကြားရေးမှူး၊
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊
၀၆၇-၃၄၀၃ ၀၉၁၊

ဦးမောင်မောင်လွင်၊ ညွှန်ကြားရေးမှူး၊
အကောက်ခွန်ဦးစီးဌာန၊
၀၉၅၀၇၅၆၅၈

တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

EMG

Read times
Rate this item
(0 votes)