What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 October 2021 12:45

COVID-19 ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားသူများ ကာကွယ်ဆေး ထပ်ထိုးရန် မလိုအပ်သေးဟု ပြောကြား

COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားသူများအနေဖြင့် ကာကွယ်ဆေး ထပ်မထိုးကြရန်နှင့် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအရ

တတိယအကြိမ်ထိုးရန် မလိုအပ်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက နိုင်ငံပိုင်သတင်းစာသို့ ဖြေကြားထားချက်များအရ သိရသည်။

“ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးရင် Booster Dose ထိုးဖို့ မလိုပါဘူး။ အခွင့်အရေးရလို့ မိမိရဲ့ရုံး၊ အလုပ်ဌာနက ကာကွယ်ဆေးထိုး ပေးတယ်။ ထပ်ထိုးလိုက်ဦးမယ်မလုပ်ပါနဲ့။ မိမိအတွက် ပိုလာမယ့်ဆေးတွေကို တကယ် လိုအပ်တဲ့သူတွေမှာ ထိုးနှံရမှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေအရ Booster Dose မလိုသေးဘူးဆိုတာ ပြောကြား လိုပါတယ်”ဟု ၎င်းက ပြောကြားသည်။

ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများ အနေဖြင့် Booster ဟုခေါ်သည့် နောက်တစ်ကြိမ်ထိုးနှံရန် လိုအပ်ခြင်းရှိ မရှိနှင့်ပတ် သက်၍ အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန် ကြေညာထားသည့်အချက်များရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ထားသည့် အချက်များမှာ Booster Dose ထိုးရန်အတွက် ဆုံးဖြတ်ချက်ပေးရန် စောလွန်းခြင်း၊ ကာကွယ်ဆေး ထိုးနှံရခြင်းသည် ရောဂါပြင်းထန်စွာ ခံစားရမှု၊ အသက်သေဆုံးမှု၊ ဆေးရုံတက် ရောက်ရမှုများမဖြစ်ရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် လက်ရှိကာကွယ်ဆေးနှစ်ကြိမ် ထိုးခြင်းသည် အဆိုပါရည်ရွယ်ချက်ကို ပြည့်မီနေပြီးသားဖြစ်သည့်အတွက် ကာကွယ်ဆေး ထပ်မံထိုးဖို့ဆုံးဖြစ်ရန် စောနေသေးကြောင်း၊ Booster Dose (သို့မဟုတ်) Booster Dose ထိုးရန်အတွက် ၁၆ နှစ်အထက် လူအုပ်စု တိုင်းကို ကာကွယ်ဆေးထိုးနှံရန် လိုအပ်မှု ရှိ မရှိနှင့်ပတ်သက်၍ သက်သေအထောက်အ ထား ပြည့်ပြည့်စုံစုံမရှိသေးကြောင်း၊ လက် ရှိအခြေအနေတွင် Booster Dose ကို အသက်ကြီးသူနှင့် ပြင်းထန်ရောဂါခံစားရသူ များတွင် ထိုးနှံသင့်ပြီး ၁၆ နှစ်အထက် လူ အုပ်စုကို ထိုးနှံပေးနိုင်ရန် စဉ်းစားရမည်ဖြစ် ကြောင်းနှင့် ဆုံးဖြတ်ရန်ခက်ခဲကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ကာကွယ်ဆေးများ၏ ကာကွယ် နိုင်မှုအာနိသင်သည် ကောင်းမွန်စွာရှိပြီး အ နည်းဆုံး ခြောက်လ၊ ရှစ်လမှ တစ်နှစ်ကျော် အထိရှိနိုင်ပြီး မည်သည့်အချိန်အထိ ကာ ကွယ်မှုပေးနိုင်သည်ကို သုတေသန ဆက် လက်လုပ်ဆောင်နေပြီး လူငယ်၊ ဆယ်ကျော် သက်အရွယ်များတွင် တတိယအကြိမ် ကာ ကွယ်ဆေးထိုးပေးလိုက်ပေးခြင်းဖြင့် အန္တ ရာယ်ဖြစ်မည်ကို စိုးရိမ်ကြောင်းနှင့် ကမ္ဘာ ပေါ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုး ရန် ကျန်ရှိနေသည်များ အများအပြား ရှိနေ ချိန်တွင် ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုး နှံထားသူကို ထပ်မံထိုးပေးခြင်းထက် ကျန် ရှိသူအား ထိုးပေးခြင်းက ပိုမိုကောင်းမွန် ကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးမှုနည်းသည့် တိုင်းပြည်များတွင် ကာကွယ်ဆေးလွှမ်းခြုံမှုသည် (တစ်) ရာခိုင်နှုန်း၊ (နှစ်) ရာခိုင်နှုန်းမှသည် အများဆုံး (ငါး) ရာခိုင်နှုန်းခန့်သာ ရှိနေသည်ကိုတွေ့ရပြီး ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထိုးရန်လိုအပ် သည့် လူအုပ်စုအများအပြားရှိနေကြောင်း၊ ကာကွယ်ဆေးများများထိုးနှံနိုင်ရန် အထူး သဖြင့် အန္တရာယ်ရှိသည့် လူအုပ်စုများကို ထိုးနှံပေးရန်သည် အရေးကြီးပြီး ကာကွယ် နိုင်မှုအားလုံးရသွားပါက တစ်ဦးမှ တစ်ဦး ကူးစက်မှုသည် အခွင့်အလမ်းနည်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

Source: news-eleven.com

Read times Last modified on Friday, 01 October 2021 12:58
Rate this item
(0 votes)