စက်တင်ဘာလ ၉ ရက်တွင် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield အကြိမ်ရေ(၁)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
ယခုရောက်ရှိလာသောကာကွယ်ဆေးများကိုမူလဦးတည်အုပ်စုများနှင့်ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအားဦးစားပေးအစီအစဉ်များအလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဟု သိရပါသည်။
၉.၁၀.၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၈)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။
တရုတ်နိုင်ငံ၊ အန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၆)သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်ပါသည်။