What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 July 2018 15:16

FDA မှဈေးကွက်အတွင်းစစ်ဆေးတွေ့ရှိသည့် လုံးဝမသုံးသင့်တဲ့ ဆေးပစ္စည်းတစ်မျိုး

FDA မှဈေးကွက်အတွင်းစစ်ဆေးတွေ့ရှိသည့် လုံးဝမသုံးသင့်တဲ့ ဆေးပစ္စည်းတစ်မျိုး google.com

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော ဆေးပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရာ အခုတခါမှာလည်း

ပြည်တွင်းဈေးကွက်များ၌ ရောင်းချနေသော ဆေးပစ္စည်းများကိုဝယ်ယူ၍ ( Past Market Survellience) ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ တင်သွင်းခွင့်ထောက်ခံချက်လက်မှက် ရရှိထားသော (PLUSFLON Brand) ဆေးပစ္စည်းတစ်မျိုးသည် FDA ၏ သတ်မှတ်ချက်စံညွန်းတွေနဲ့ ကိုက်ညီမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။

FDA

ဓာတ်ခွဲစစ်ဆေးမှု သတ်မှတ်ချက်မားနျှင့် ကိုက်ညီမှုမရှိသော IV Cannula အားသုံးစွဲမိခဲ့ပါက ထိုဆေးထိုးခံရသည့်လူနာများတွင် အပ်ထိုးသောနေရာ၌ ပိုးဝင်နိုင်ခြင်း ( Cannula site infection) , သွေးပြန်ကြောယောက်ယမ်းခြင်း( Thrombophlebitis) များဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် PLUSFLON brand ၏ ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လက်မှတ်မူရင်းကို FDA မှ ပြန်လည်သိမ်းဆည်းလိုက်ပါတယ်။

ဆေးပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များသည် အများပြည်သူသုံးစွဲရန်မသင့်သော အထက်ပါ ဆေးပစ္စည်းအား တင်သွင်း ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း များကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

Source: Food and drug administration myanmar

 

Read; ဘီပိုး ဘယ်လိုကူးသလဲ??

ဘီပိုး ဘယ်လိုကူးသလဲ??

Read times Last modified on Thursday, 05 July 2018 08:56
Rate this item
(0 votes)