What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 October 2021 22:37

COVID-19 ရောဂါကာကွယ်ဆေးများ ရရှိမှုအပေါ်မူတည်၍ ကျောင်းသားကျောင်းသူများကို ဦးစားပေးအလိုက် ထိုးနှံပေးမည်

OVID-19 ရောဂါကာကွယ်ဆေးများ ရရှိမှုအပေါ်မူတည်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊

ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသူကျောင်းသားများကို ဦးစားပေးအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးလုပ်ငန်းစီမံချက်မှ သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်၌ ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများ ရည်မှန်းဦးရေ တစ်သန်းခန့်ကို စတင်၍ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသည့်ရက်တွင် အသက် ၁၂ နှစ်ပြည့်ပြီးသည့် ကျောင်းသား‌ကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရာတွင် Sinovac (Corona Vac) ကာကွယ်ဆေးကို အသုံးပြုမည်ဖြစ်ပြီး နှစ်ကြိမ်ထိုးနှံပေးမည်ဖြစ်ကာ အဆိုပါကာကွယ်ဆေးကို တစ်ကြိမ်လျှင် သုည ဒသမ ၅ မီလီဖြင့် လေးပတ်ခြား၍ ထိုးပေးမည်ဖြစ်သည်။

ကလေးများတွင် ဖြစ်ပွားသေဆုံးမှုမှာ အလွန်နည်းသော်လည်း ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွားကူးစက်မှု လျော့နည်းစေပြီး အိမ်နီးချင်းနိုင်ငံအနည်းငယ်နှင့် ကမ္ဘာ့နိုင်ငံတချို့တွင်လည်း ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ဒက္ခိဏသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်သုံးခုတွင် အကြို Pilot အနေဖြင့် ထိုးနှံပေးနေကြောင်း၊ လက်ရှိတွင် Sinovac ကာကွယ်ဆေး ခုနစ်သိန်းကျော်ရှိပြီး အောက်တိုဘာလအတွင်း တရုတ်နိုင်ငံအစိုးရက လှူဒါန်းသော ကာကွယ်ဆေး နှစ်သန်းထပ်မံရောက်ရှိမည်ဖြစ်သဖြင့် ကာကွယ်ဆေးစုစုပေါင်း ၂ ဒသမ ၇ သန်း (လူဦးရေ ၁ ဒသမ ၃၅ သန်း) အသုံးပြု၍ ထိုးနှံပေးရန် ရည်မှန်းထားကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာ၌ ကျောင်းသားကျောင်းသူများကို ကျောင်းကားများဖြင့် စုရပ်ကိုခေါ်ဆောင်မည်ဖြစ်ပြီး မိဘများထံမှ ခွင့်ပြုချက်တောင်းခံပြီးမှသာ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


ကျောင်းသားအားလုံး မထိုးမနေရ မဟုတ်ဘဲ ၎င်းတို့၏ ရွေးချယ်ခွင့်ဖြစ်ပြီး မထိုးသူများကိုလည်း ကျောင်းတက်ခွင့် မပိတ်ပင်ကြောင်းနှင့် ကာကွယ်ဆေးထိုးထားခြင်းဖြင့် COVID-19 ကပ်ရောဂါဆိုးမှ ကာကွယ်နိုင်သည့်အပြင် အခြားသူများကိုလည်း ကူးစက်မှုမှ လျှော့ချနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပိတ်ရက်အပြီးတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကာကွယ်ဆေး အမြန်ဆုံးထိုးနှံနိုင်ရန် စနစ်တကျ အစီအစဉ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုး ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ Volunteer များ ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)