What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 October 2021 17:23

J&J ကာကွယ်ဆေး ဒုအကြိမ်ထိုးဖို့ FDA အကြံပေးအဖွဲ့ ထောက်ခံ

Johnson & Johnson ကုမ္ပဏီထုတ် တလုံးတည်းထိုးရတဲ့ COVID-19 ရောဂါကာကွယ်ဆေး ထိုးထားပြီးသူတွေ

ဒုတိယတလုံး ထပ်ထိုးဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ခွင့်ပြုရေး FDA ရဲ့ အကြံပေးအဖွဲ့က ထောက်ခံတင်ပြထားပါတယ်။

J&J ရဲ့ တလုံးတည်းထိုးရတဲ့ ကာကွယ်ဆေး ထိုးထားသူတွေဟာ နှစ်လုံးထိုးရတဲ့ Pfizer နဲ့ Moderna ကာကွယ်ဆေးတွေ ထိုးထားသူတွေလောက် အကာအကွယ် ရပါ့မလားဆိုတာ စိုးရိမ်ဖွယ်ရှိတဲ့အကြောင်း FDA အကြံပေးတွေက သောကြာနေ့မှာ ပြောပါတယ်။

Pfizer ကာကွယ်ဆေးထိုးထားတဲ့ သက်ကြီးပိုင်းတွေသာမက COVID-19 ရောဂါ ကူးစက်နိုင်ခြေရှိတဲ့ အရွယ်ရောက်ပြီးသူတွေပါ အားဖြည့်ကာကွယ်ဆေး တတိယတလုံး ထပ်ထိုးဖို့ ပြီးခဲ့တဲ့လကပဲ FDA က ခွင့်ပြုခဲ့ပါတယ်။

Moderna ကာကွယ်ဆေးကိုလည်း ဆေးပမာဏလျှော့ပြီး အလားတူ တတိယတလုံး ထပ်ထိုးဖို့ FDA အကြံပေးအဖွဲ့က ကြာသပတေးနေ့မှာ ထောက်ခံတင်ပြထားပါတယ်။

တလုံးတည်းထိုးရတဲ့ COVID-19 ကာကွယ်ဆေးတွေထဲမှာ အမေရိကန်က အတည်ပြုထားတာ Johnson & Johnson ကာကွယ်ဆေးပဲ ရှိပါတယ်။ အစောပိုင်းတုန်းကတော့ ဆေးအာနိသင် သက်ရောက်မှု မြန်တဲ့အပေါ် ချီးကျူးခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ရှားရှားပါးပါး သွေးခဲတဲ့ဖြစ်ရပ်တခုနဲ့ အာရုံကြောရောဂါတမျိုး ဖြစ်စေသလား ဆိုတဲ့အပေါ် စိုးရိမ်ချက်တွေ ထွက်ခဲ့ပါတယ်။

အခုတော့ Johnson & Johnson ကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေလောက် ထိရောက်မှုမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

အမေရိကန်မှာ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၁၈၈ သန်းထဲ Johnson & Johnson ကာကွယ်ဆေး ထိုးထားသူက ၁၅ သန်းလောက်ပဲ ရှိပါတယ်။

VOA

Read times
Rate this item
(0 votes)