What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 October 2021 14:52

၄၅ နှစ်အထက် အရွယ်များအား ကာကွယ်ဆေးထိုးနှံ

၅၅ နှစ်အထက် အသက်အရွယ်များကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေရာမှ

လက်ရှိတွင် ၁၀ နှစ်လျှော့ချ၍ အသက် ၄၅ နှစ်အထက် အရွယ်များကို ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၇ ရက်မှ စတင်ထိုးနှံပေးနေသည့်အတွက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအနေဖြင့် အမြန်ဆုံးထိုးနှံရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီး ယင်းသို့ထပ်မံတိုးချဲ့ထိုးနှံရာ၌ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိကြောင်းနှင့် လက်ရှိ အသက် ၄၅ နှစ်အထက် အသက်အရွယ်များကိုပါ တိုးချဲ့ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံမှု ရရှိသူစုစုပေါင်း ၁၁ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၆ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၄၅၇၄၄၁၈ ဦး (၄ ဒသမ ၅၇ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသူ ၆၆၄၈၈၆၇ ဦး (၆ ဒသမ ၆၄ သန်း)၊ ထိုးနှံပြီးစီးသည့်လူဦးရေ စုစုပေါင်း ၁၁၂၂၃၂၂၈၅ ဦး (၁၁ ဒသမ ၂၂ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၅ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှစ၍ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးများသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး Sinopharm နှင့် Sinovac ကာကွယ်ဆေးနှစ်မျိုးသည် WHO ၏ အရေးပေါ်အသုံးပြုခွင့် ပေးထားသော ကာကွယ်ဆေး အမျိုးအစားများဖြစ်ပြီး အသက် ၁၈ နှစ်အထက်မှစ၍ အသက်အကန့်အသတ်မရှိ ထိုးနှံနိုင်ကြောင်း WHO ၏ လမ်းညွှန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ဆေးများကို များများနှင့်မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်း နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 

news-eleven.com

 
Read times
Rate this item
(0 votes)